ရုံးမှာ အထိုင်များတဲ့ လူတွေအတွက် လုပ်ကိုလုပ်သင့်တဲ့ အကြောလျှော့နည်း (၃) မျိုး

ရုံးမှာ အထိုင် များ တဲ့ လူတွေ အတွက် လုပ် ကို လုပ် သင့် တဲ့ အကြောလျှော့ နည်း (၃) မျိုး

သင့်ရဲ့တစ်နေ့တာလုံးဟာ တစ်နေရာမှာ တသမတ်တည်းအမြဲတမ်း ထိုင်နေရမယ်ဆိုရင် ဒီအကြော်လျှော့နည်းတွေကို လုပ်ပေးသင့်ပါတယ်။ အထူးသဖြင့် အာရုံစိုက်ပြီး အထိုင်များတဲ့ ရုံးဝန်ထ မ်းလိုမျိုးပေါ့။ အကြောလျှော့ပေးခြင်းဟာ ကြွက်သားနဲ့စိတ်ဖိဆီးမှုကို ပြေပျောက်စေနိုင်ပြီး သွေးလှည့်ပတ်မှုကို ကောင်းစေတယ်၊ အဆီစုမှုကို တားဆီးပေးပါတယ်။ဒီတော့ ဘယ်နေရာမှာပဲဖြစ်ဖြစ် အလွယ်တကူ အကြောလျှော့နိုင်မယ့် နည်းလမ်းလေး (၃) မျိုးကို San Diego ကျန်းမာရေးဌာနမှ ညွှန်ကြားချက်အတိုင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

(၁) စားပွဲကနေ မတ်တပ်ထလိုက်ပါ။ ပြီးရင် လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်တန်းပြီး ချိတ်ထားပါ။ ဦးခေါင်းကိုလည်းငုံ့ပြီး ခန္ဓာကိုယအပေါ်ပိုင်းကိုသာ အရှေ့ကိုကိုင်းလိုက်ပါ။ ခါးကိုဆန့်ပြီး ဒီလို ပုံစံ မျိုးနဲ့ ၈ စက္ကန့်လောက်ထိ အနည်းဆုံးနေပါ။ ၃ ကြော့လောက် ပြုလုပ်ပေးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာ သင့်ရဲ့ ဇက်နဲ့ လက်တွေ၊ကျောရိုးကို ဖြေလျော့ပေးပါတယ်။

(၂) ခန္ဓာကိုယ်ကို တည့်တည့်မတ်မတ်နေပါ။ လက်နှစ်ဖက်ကို ရင်ဘတ်နားမှာထား၊ ခန္ဓာကိုယ်အောက်ပိုင်းကိုမလှုပ်ဘဲ ခါးအထက်ပိုင်းကိုသာ ဘယ်၊ ညာလှည့်ပါ။ တစ်ဖက် ၁၅ ကြိမ်နဲ့ ၅ ကြော့လော က်ပြုလုပ်ပေးလို့ရပါတယ်။ ဒီလေ့ကျင့်ခန်းဟာ သင့်ရဲ့ ခါးကို ထိရောက်စေမှာပါ။

(၃) လက်နှစ်ဖက်ကို ဦးခေါင်းအနောက်ဖက်မှာ ယှက်ထားပါ။ ပြီးလျှင် ခန္ဓာကိုယ်ကို အနောက်ကို ကွေးညွန့်လိုက်ပါ။ ဒီလေ့ကျင့်ခန်းဟာ သင့်ခါးအနောက်ပိုင်းနဲ့ လက်မောင်းအောက်ဖက်က ကြွက် သားတွေအတွက် အထူးေ ကာင်းမွန်ပါတယ်။ဒီ အကြောလျှော့လေ့ကျင့်ခန်း (၃) မျိုးကို သတိရတိုင်းလုပ်ပေးရပါမယ်။ အကောင်းဆုံးကတော့ တစ်နာရီတစ်ခါလောက် လုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်ဖိဆီးမှုတွေကို လျော့ကျစေကာ မျက်လုံး ကိုလည်း အားကောင်းစေပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*