ရင့်ကျက်တဲ့ “မမ” ဆိုတာ ဒီအချက်တွေနဲ့ ကိုက်ညီနေတဲ့သူပါ……

လူဆိုတာ အသက်အရွယ်အလိုက် ပြောင်းလဲသွားတာပါ။ ဆယ်ကျော်သက်လောက်နဲ့တော့ မမ ဖြစ်ချင်လို့ မရဘူးနော်..

မမဆိုတာမျိုးက ဒီလိုမျိုး စတိုင်ကျ လှပပြီး ရင့်ကျက်တဲ့သူတွေကို ပြောတာပါ။

(၁) ကလေးမဆန်ဘူး။

မမ ဆိုမှတော့ ဘယ်ကလေးဆန်နေမလဲနော့.. မမဆိုတာ ဆယ်ကျော်သက်ဘဝကို ဖြတ်ကျော်ပြီးသားပါ။ ဒါကြောင့် ချာတိတ်တို့ ခံစားချက်တွေကို ကိုယ်ချင်းစာ နားလည်တတ်ပါတယ်နော်။ နောက်ပြီးတော့ မမတွေက တစ်ခုခုကို အကျိုးအကြောင်းမရှိ အထအန ကောက်နေမယ့်သူတွေ မဟုတ်သလို ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတာ သိပြီး ဆင်ခြင်တုံတရား ရှိတဲ့သူတွေပါ။


(၂) စတိုင်ကျတယ်

မမတွေကို ကြည့်လိုက် အမြဲ စတိုင်ကျနေလိမ့်မယ်။ ဘယ်နေရာသွားရင် ဘယ်လို လိုက်ဖက်အောင် ဝတ်ရမယ် ဆိုတာ သိလို့ ဘယ်နေရာမှာ တွေ့တွေ့ မမတွေ လှနေပြီးသား။ မမတွေက ကလေးဆန်အောင်သာ မဝတ်တာ လူငယ်အထာ ဝတ်ဖို့ဆို မမတွေက ကျွမ်းပြီးသားပဲ။ မမတွေနဲ့ ယှဉ်လျှောက်ကြည့် ချာတိတ်တွေ အလိုလို သိမ်ငယ်သွားလိမ့်မယ်။ မယုံရင် လက်တွေ့ ယှဉ်ကြည့်ကြ 😀

(၃) ပလီပလာတွေနဲ့ အချိန်အကုန်မခံဘူး။

ညုတုတုနဲ့ တီတီတာတာစကားတွေ မမတွေက ဘယ်တော့မှ ပြောမှာ မဟုတ်ပါဘူး။ အဲ့သည်လိုဆိုပေမယ့် မိန်းမကြမ်းတွေလို့ မထင်လိုက်နဲ့…။ မမတွေက အကျိုးသင့်အကြောင်းသင့် ပြောတတ်လိုက်တာမှ နားဝင်တောင်ချိုနေဦးမယ်။ မမတွေကို ပလီပလာစကားတွေနဲ့လည်း လာပတ်လို့ ရမှာ မဟုတ်ဘူး။ ဒါမျိုးတွေက ရိုးနေပြီမို့ မမတို့အတွက်ကတော့ ဟာသသက်သက်တောင် ဖြစ်နေပြီ။

(၄) ထက်မြက်တယ်။

မမတွေက ကိုယ် ဘာဖြစ်ချင်လဲ ဘာလုပ်ချင်လဲ ဆိုတာ သိတဲ့ သူတွေပါ။ ဒါကြောင့် အမြဲ ကြိုးစားနေသလို ဖြစ်ချင်တာကို ဖြစ်အောင် လုပ်ကြတာလည်း မမတွေရဲ့ အရည်အချင်းပဲနော်။ ကိုယ့်ဝင်ငွေကိုယ်ရှာပြီး မမတွေက ဘဝအတွက် အမြဲကြိုးစားနေသူတွေ ဖြစ်လို့ ငွေကြေးတန်ဖိုး ကောင်းကောင်းနားလည်နေပါပြီ။ ငွေကြေးစီမံခန့်ခွဲမှုအပြင် အစစအရာရာ မမတွေက စည်းစနစ်ကျတဲ့သူတွေ ဖြစ်ပါတယ်။


(၅) လွယ်လွယ် မချစ်တတ်ကြဘူး။

မမတွေက လူတွေ အများကြီးနဲ့ ကြုံဖူး ဆုံဖူးတဲ့ သူတွေပါ။ သာမန်လူ အရိပ်အကဲလောက်ကတော့ မမတွေက အေးဆေး အကဲခတ်တတ်တယ်။ ဒါကြောင့် မမတွေက လူတွေကို အလွယ်တကူ မယုံတတ်ကြပါဘူး။ မမကို လာစိတ်ကစားတာတွေလောက်တော့ မမတွေက နှစ်ခါ အကဲခတ်စရာမလိုဘူး….သိနေပြီးသားပါ။ မမတွေက ချစ်မိပြီဆိုရင် စိတ်ထဲ ဖုံးကွယ်ပြီး အကဲခတ်နေတတ်သေးသလို မမတွေဘက်က ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူးနော်။ အမှား လုပ်မိရင်လည်း နားလည်ပေးပြီး ဆုံးမတတ်ကြသေးတယ်။ ဒါပေမယ့် လိမ်တာကိုတော့ အမုန်းဆုံး ဖြစ်ကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*