မိသားစုထဲမှာ သင်က အလတ်တစ်ယောက်ဆိုရင်…ဖတ်ကြည့်လိုက်ပါ

အလတ် မိသားစုတစ်ခုမှာ အလတ်ဆိုတဲ့အတိုင်း အရာရာမှာလစ်လပ်ခဲ့ပါတယ်။မိဘရဲ့မျှော်လင့်ချက်တွေက အကြီးဆုံးအပေါ်မှာ ပုံအပ်ထားတတ်သလို အချစ်တွေက အငယ်ဆုံးလေးတွေကို ပိုတတ်တယ်လေ။

အကြီးတစ်ယောက်ကို အလိုက်သိတတ်ရသလို အငယ်ကိုကျပြန်တော့လဲ အလိုလိုက်ရတတ်တယ်၊၊

ဒါတွေကြောင့်ပဲ ထင်ပါတယ် များသောအားဖြင့် အလတ်တွေက မိသားစုအပေါ်ပြန်ပြီး သိတတ်ကြတာများတယ်။

ငယ်စဉ်ကတည်းက သည်းခံတတ်တဲ့စိတ်လေးတွေ ပါလာကြတယ်လေ။အလိုလောဘမကြီးဘူး။

ကိုယ်ဖြစ်ချင်တဲ့အရာတွေထက် မိသားစုအရေးကို ပိုပြီးအလေး ထားတတ်တယ်။ဒါတွေကြောင့်ပဲ မိသားစုတစ်ခုမှာ အလတ်တွေက ပိုပြီးပင်ပန်းရပါတယ်။

မောင်နှမတွေကြားမှာ အနစ်နာခံတတ်ကြသလို သူပဲထိပ်ဆုံးကအဆူခံရတတ်တယ်။လူနဲ့မလိုက်အောင် ရင့်ကျက်တတ်သလို တစ်ခါတစ်လေကျတော့ သူ့မှာကလေးဆန်တတ်တယ်။အလတ်တွေက နားလည်ရခက်ပါတယ် ။

သူတို့စိတ်ထဲမှာ ဘာရှိနေတယ် ဘာဖြစ်နေတယ်ဆိုတာကို သိဖို့နားလည်ဖို့သိပ်ခက်တယ်။

သူ့မှာ ဖြစ်ချင်တဲ့အရာတွေ ရှိခဲ့ရင်တောင် ဘယ်သူ့ကိုမှ ဒုက္ခမပေးပဲ သူ့ခြေသူ့လက်နဲ့ ကြိုးစားယူတတ်ကြတယ်လေ။မိဘတွေကိုလဲ အပူမပေးသလို မောင်နှမတွေကို ဒုက္ခမပေးဘူး။

အေးဆေးတယ် တည်ငြိမ်တယ်စိတ်ရှည်တယ်များသောအားဖြင့် ဒီအချက်တွေ သူ့မှာရှိနေတတ်ပါတယ်။

အကြီးကို ဂရုစိုက်တတ်သလို အငယ်တွေကိုလဲ အလိုလိုက်တတ်ပါတယ် သူကဘဝကို အကြီးတွေ အငယ်တွေထက် ပိုပြီးနားလည်တတ်သလို ပိုပြီးလဲရင့်ကျက်ပါတယ်။လက်ထဲမှာ ဘာမှမရှိလို့လဲ ဝမ်းနည်းမနေတတ်သလို လက်ထဲရှိနေလို့လဲ မာန်မတက်ဘူး။တည်ငြိမ်တယ်။
ခံစားချက်တွေကို ဦးစားမပေးတတ်သလို သူ့ဖြစ်နေတဲ့အရာတွေကို သိုဝှက်ထားတတ်တာတော့ ကောင်းတဲ့အချက်လို့ပြောလို့မရပေမယ့် ဒါကသူ့ရဲ့သဘာဝလို့ပဲပြောရမယ်ထင်ပါတယ်။

နေမကောင်းလို့လဲ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး။ကိုယ်ဖြစ်ရင် ကိုယ်ပဲ ခံရမယ်ဆိုတဲ့အတွေးနဲ့ အသက်ရှင်တယ်၊၊ကိုယ့်အား ကိုယ်ကိုးပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပါတယ် ။

မကောင်းတဲ့တစ်ချက်ကတော့ သူကအရမ်းကိုတွယ်တာတတ်တယ်။သူ့ကို ဂရုစိုက်တဲ့သူတွေကို သိပ်ပြီးတော့ သဘောကျတယ်လေ။

မိသားစုတစ်ခုမှာ အလတ်က အချစ်ကြီးချစ်ခံရခဲတယ်လေ ဒါကြောင့် သူ့အပေါ်ဂရုစိုက် ကြင်နာတဲ့သူကို တွေ့ရင်တွယ်တာတတ်တာလေးပဲ ဆိုးတာပါ။

တကယ်လို့သင်သာ မိသားစုတစ်ခုက အလတ်ဖြစ်ခဲ့မယ်ဆိုရင် ဘဝမှာ ကိုယ့်ဆန္ဒတွေထက် မိသားစုအရေးကို ပိုပြီးဦးစားပေးတတ်လိမ့်မယ်လို့ထင်ပါတယ်၊၊

တကယ့်လို့သင်သာ အလတ်ဖြစ်ခဲ့မယ်ဆိုရင် အကြီးတွေအငယ် တွေထက် ပိုပြီးရင့်ကျက်လိမ့်မယ်လို့ထင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*