အချိုကြိုက်သူ အအေးကြိုက်သူ ရောဂါထူ

လူ့သက်တမ်းကို တိုစေသော ရောဂါကြီးများတွင် သွေးတိုး ရောဂါနှင့် ဆီးချိုရောဂါသည် ထိပ်ဆုံးမှပါဝင် သည်။

ထိုရောဂါ ကြီးများသည် နာတာရှည်ရောဂါ များဖြစ်သဖြင့် ကုသ၍ရသော်လည်း အချိန်ကုန်ငွေကုန် လူ ပန်းဖြစ် စေသည်။

ထိုရောဂါကြီးနှစ်မျိုး ကို မဖြစ်မီက ကြိုတင်ရှောင်ရှား နိုင်ရန် လေ့လာကြည့်သောအခါ အစားသောက်မှ စသည်ကို တွေ့ ရပေသည်။


သွေးတိုးနှင့် ဆီးချို နောက်ဆက်တွဲ နှလုံးရောဂါဖြစ် သူ အတော်များများကိုကြည့်လျှင် ဝဝဖြိုးဖြိုး၊စိုစိုပြည်ပြည် ရှိနေကြ သည်ကို တွေ့ရသည်။

ထိုသူများ သည် အဆီအအိမ့် အရသာ များကို စားသုံးမှုလွန်ကဲသူများ ဖြစ်ပြီး အဲယားကွန်း၊ ရေခဲသေတ္တာ၊ ပန်ကာစသည်များနှင့် ဇိမ်ခံသူများ တွင် အဖြစ်များသည်ကို တွေ့ရပေ သည်။

တိုင်းရင်းဆေး ပညာအမြင် အားဖြင့် အအေးရုပ်(သီတရုပ်)ရှိသူ၊ အအေးစာ(သီတစာ)ကြိုက်သူများ ဖြစ် သည်ကို တွေ့ရပေသည်။

ကမ္ဘာပေါ်ရှိ ကွဲပြားသောလူမျိုး များ၏ အစားအသောက်များကို လေ့လာကြည့်သောအခါ ‘အချို အအေး’ ကြိုက်သူများနှင့် ‘အစပ် အပူ’ကြိုက်သူများဟူ၍ နှစ်မျိုး နှစ်စားတွေ့ရသည်။

အထူးသဖြင့် အနောက်တိုင်း ဥရောပအစားအစာ များသည် အသားစားရာတွင် အချို အအေးအရ သာဖြစ်အောင် ပြုပြင် စားကြသည်ကိုတွေ့ရပြီး အရှေ့ တိုင်း အိန္ဒိယနွယ်ဖွားများမှာ အသားစားသောအခါ၊ အသီးအနှံ စားသောအခါ ငရုတ်သီး၊ ငရုတ် ကောင်း၊ ချင်းစသည်တို့သုံးပြီး အစပ်အပူအရသာဖြစ်အောင် ဖန် တီးပြီး စားသောက်ကြသည်ကို တွေ့ရသည်။

အရှေ့နှင့် အနောက်အကြား နိုင်ငံများဖြစ်သော မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဟောင် ကောင်၊ ဂျပန်နှင့် အချို့သော တရုတ်ပြည်နယ်များမှာ အချိုရော အစပ်ပါ ဆန့်ကျင်ဘက် နှစ်မျိုးတွဲ သောအစာများကို စားသောက် ၍ ကြိုက်နှစ်သက်ကြသည်ကို ထူးဆန်းစွာ တွေ့ရှိရပါသည်။

ဥရောပအစာလည်း မဟုတ်၊ အိန္ဒိယအစာလည်း မဟုတ်သော ဟင်းချက်နည်းများကို အရှေ့ တောင်အာ ရှနိုင်ငံများတွင် တွေ့ရ တတ်သည်။

ရိုးရာဆေးပညာတွင် အချို သည် ရသာခြောက်ပါးတွင်ထိပ်ဆုံး မှ ဦးဆောင်သော အရသာဖြစ် သည်။ အချိုတွင် ပထဝီဓာတ်နှင့် အာပေါဓာတ်တို့ လွန်ကဲစွာပါဝင် သဖြင့် အသားတိုးပြီး ဝဖြိုးစေသော၊ ဖောင်းကားစေသော သဘောရှိသည်။

ပထဝီလွန်လျှင် အသားတိုးများပြီး အာပေါဓာတ်လွန်လျှင် အရေဓာတ် အတိုးများသဖြင့် နှစ်မျိုးလုံးတိုးသော အခါ အသားအရေဆူဖြိုးခြင်း၊ ဝိတ် တက်ခြင်း၊ မိမိခန္ဓာမိမိ မသယ်နိုင်ခြင်း များ ဖြစ်နိုင်ပေသည်။

အပူစာ၊ အအေးစာ သဘော ဖြင့် ကြည့်လျှင်လည်း ရသာ ခြောက်ပါးတို့တွင် သုံးပါးဖြစ်သော အချို၊ အငန်၊ အဖန်တို့သည် အအေး စာဖြစ်ပြီး လူကို ဝဖြိုးစေနိုင်သည်။

အခြားသုံးပါးဖြစ်သော အစပ်၊ အချဉ်၊ အခါး သုံးမျိုးတို့သည် အပူစာဖြစ်ပြီး လူကိုကျုံ့စေ၊ ကျစ်စေနိုင်သော သတ္တိ ရှိပေသည်။

အအေးစာများတွင် ရေခဲသေတ္တာကဲ့သို့ အေးသောနေ ရာတွင် သိမ်းဆည်းထားပြီးမှစား လျှင် ပို၍အအေးဓာတ် လွန်ကဲစေနိုင် သည်။

ထို့အတူ အပူစာများကို နေ လှန်းပြီး အခြောက်ခံစားလျှင် ကြော် လှော်စားလျှင် ပို၍အပူဓာတ်လွန် ကဲကာ ပိန်စေနိုင်ပေသည်။

ဤသည် မှာ ဓာတ်သဘောအရသာဖြစ်သော် လည်း အပူစာ၊ အအေးစာ နေ့စဉ် ရောနှော စားသောက်နေ သူများ အတွက်မူ အတိအကျမပြောနိုင်ပေ။

ရောဂါဆိုရာတွင် ကူးစက်ရောဂါ များကိုဘေးဖယ်ထားပြီး နာတာရှည် ရောဂါဖြစ်သည်။

သွေးတိုး၊ နှလုံး၊ ဆီး ချိုရောဂါကြီးသုံးမျိုးတို့ ဖြစ်ပွားခံစား နေရသူလူနာများကို ဆေးပညာရှင် များက သုတေ သနပြုကြည့်သောအခါ အချို အရသာများစွာ စားသုံးသူနှင့် အအေးကြိုက်သူများတွင် ပို၍ဖြစ် ကြောင်းတွေ့ ရသည်။

တစ်နည်းအား ဖြင့် အချို၊ အချိုရည်နှင့် အအေး စာများကို ကာလကြာရှည်စားသုံးရာမှ ဝဖြိုးမှု လွန်ကဲလာသူ၊ ခန္ဓာကိုယ် ဘော်ဒီဝိတ် မထိန်းခဲ့သူများမှာ အထက်ပါ နာတာရှည်ရောဂါကြီးများ ဖြစ်လေ့ ရှိကြောင်း သုတေ သနပြုတွေ့ ရှိရလေသည်။

အထူးသဖြင့် သွားရောဂါနှင့် နှလုံးရောဂါ၊ အသည်းအဆီဖုံး ရောဂါများမှာ အချိုရည်ကြိုက်သူ များကို ထမင်း စားချိန်တွင် အချို ရည် သောက်သုံးလေ့ရှိသူများတွင် ပို၍ပင်အဖြစ်များကြောင်း တွေ့ရှိရ သည်။

ရေခဲသေတ္တာထဲမှ အအေးဘူး ကို မက်မက်မောမော ထမင်းစားရင်း သောက်သုံးလေ့ရှိသူများနှင့် မောပန်း သည့်အခါတိုင်း အလုပ်လုပ်ရင်း အချိုရည်သံဘူးများ သောက်သုံးသူ များတွင် ဆီးချို၊ သွေးချိုရောဂါပို၍ပင် ဖြစ်လေ့ရှိကြောင်း တွေ့ရသည်။

အအေးကြိုက်ခြင်းမှာ နာတာ ရှည်ရောဂါများ စွဲစွဲမြဲမြဲဖြစ်ရခြင်း ၏ အကြောင်းအရင်းတစ်ရပ်ဖြစ် နေသည်ကို ရောဂါဗေဒလေ့လာသူ များက တွေ့ရှိခဲ့ကြသည်။

အအေး ဓာတ်ပေးထားသော တိုက်ကြီးတာ ကြီးများရှိ ရုံးခန်းများတွင် အလုပ် လုပ်ကိုင်နေသူ၊ နေထိုင်သူများ ၏ ကျန်းမာရေးနှင့် ပြင်ပတွင်နေရောင် ခြည်နှင့်ထိတွေ့ပြီး နေထိုင်သူများ၊ လေကိုသဘာဝအတိုင်း ရှူရှိုက်ရ သူ များ၏ ကျန်းမာရေးမှာ ၁ဝ နှစ်ခန့် လေ့လာကြည့်သောအခါ ကွာခြားမှု များရှိလာကြောင်း တွေ့ရသည်ဟု ဆိုသည်။

နံနက်ခင်း၏ သဘာဝ နေရောင်ခြည်အောက်တွင် လမ်း သွားရသူ၊ အလုပ်လုပ်ရသူများမှာ အထူးပင်ကျန်း မာပြီး အခန်းအောင်း ၍ အလုပ်လုပ်ရသူများထက် ရောဂါကင်းကြကြောင်းကို တွေ့ရှိ ရသည်ဟု ဆိုသည်။

လူတွင်မက တိရစ္ဆာန်များမှာပင် သဘာဝ အတိုင်း စားကျက်တွင် လွှတ် ကျောင်းထားသော တိရစ္ဆာန်နှင့် ခြံဝင်းအလုံတွင် ပိတ်၍ မွေးမြူ ထားကာ သဘာဝမဟုတ်သော အစာ (စပ်စာ)များကျွေးထားသော တိရစ္ဆာန် များရောဂါဒဏ် ခံနိုင်ရည် မတူကြကြောင်း တွေ့ရှိရသည်။

အအေးကြိုက်ခြင်းနှင့် အချို ကြိုက်ခြင်းသည် ငယ်စဉ်က ပြုမူခဲ့သည့် အလေ့အကျင့်အပေါ် တွင် မူတည် သည်။

ငယ်စဉ်က မုန့်အချိုများနှင့် ဖျော်ရည်အချိုရည် ဘူးများတိုက်ကျွေးခဲ့သည့် ကလေး များသည် သွားပိုးစားရော ဂါဖြစ်ခဲ့ လျှင် ကြီးလာလျှင်နှလုံးရောဂါ ဖြစ်နိုင်ခြေရှိသည်ဟု သုတေသီ များကဆိုကြသည်။

အချိုရည်သည် နှလုံးရောဂါနှင့် အဝလွန်ရောဂါ ဖြစ်မည့် အခြေခံဖြစ်ပြီး အချို ကြိုက်သော ကလေးများသည် အဲယားကွန်းကဲ့သို့ အအေးကိုလည်း အလွန်ကြိုက်ကြောင်း တွေ့ရှိရ သည်။

ကလေးများကို ငယ်စဉ် ကတည်းက မှားသောအကျင့်မျိုးကို မျိုးစေ့ချမပေးသင့်ပေ။ သဘာဝ အသီးအနှံကို စားချင်အောင်၊ နှစ်သက်အောင် လေ့ကျင့်ပေးခြင်း ဖြင့် ကြီးလာသောအခါ အဝလွန် ခြင်းနှင့်နှလုံးသွေးကြော အဆီ တက်ခြင်းရောဂါများကို ကာကွယ် ရာရောက်ပေသည်။

လေဖြတ်ဖူး သည့် မျိုးရိုးရှိသူများပို၍သတိထား သင့်သည်။ မိမိမျိုးဆက်ကို အချို နှင့် အအေးမကြိုက်အောင်

လေ့ကျင့် ပေးခြင်းဖြင့် လေဖြတ်ခြင်းမှ ကာကွယ်နိုင်ပေသည်။
မြန်မာနိုင်ငံနှင့် ထိစပ်နေသော အိန္ဒိယနိုင်ငံ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် ရခိုင်ပြည်နယ်များတွင်နေ ထိုင်သူများသည် ဆီးချို၊ သွေးချို ရောဂါအဖြစ်နည်းသည်ဟု လေ့လာ သူများက သိရှိလာသောအခါ ထိုလူမျိုးများသည် အချိုစားနည်းပြီး အစပ်စားများသူ၊ ဟင်းအစပ်စား လေ့ရှိသူများဖြစ်ကြောင်း လေ့လာ တွေ့ရှိရသည်။

အာယုဗေဒဆေး ကျမ်းများ အလိုအရလည်း အချိုကို ဖျက်သောဓာတ်သည် အစပ်အရ သာဖြစ်ကြောင်း ဖော်ပြထားသည်။ အချို အအေးကြိုက်သူများသည် အစပ်အရသာကိုလည်း ထိုက်သင့် သလို စားသုံးပေးခြင်းဖြင့် အဝလွန် ခြင်းနှင့် နာတာရှည်ရောဂါများမှ ကာကွယ်သင့်ကြောင်း တင်ပြလိုက် ရပေသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*