အချိုရည်သောက်သုံးမှု ဘာကြောင့် အမြန်ဆုံး ရပ်သင့်တယ်ဆိုတာ

သင်ဟာ အချိုရည် ပုံမှန်သောက်သူလား။ လေ့လာမှုအသစ်တစ်ခုအရ ဒီအကျင့်ကို အမြန်ဆုံး ရပ်တန့်တာဟာ သင့်အသက်ကို ကယ်တင်ပေးနိုင်ပါတယ်။

နောက်ဆုံး European Society of Cardiology Congress မှာ တင်ပြထားတဲ့ ဂျပန်နိုင်ငံရဲ့ လေ့လာမှုတစ်ခုမှာ နှလုံးရောဂါခံစားနေတဲ့ လူနာ ၈၀၀,၀၀၀ (ရှစ်သိန်း) ကို လေ့လာကြည့်ရှုခဲ့ပါတယ်။ ယင်းရှာဖွေတွေ့ရှိချက်တွေမှာတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်သော အဖျော်၊ ယမကာတွေ ပို သောက်လေလေ နှလုံးရောဂါခံစားနိုင်ခြေပိုများလေလေလို့ ဆိုပါတယ်။

ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်တဲ့ အဖျော်၊ ယမကာ သောက်သုံးတာ အသက်သေဆုံးစေနိုင်တဲ့ နှလုံးရောဂါနဲ့ သိသိသာသာပတ်သက်ဆက်နွယ်တယ်လို့ ယင်းလေ့လာမှုကို အဓိက ဦးစီးလုပ်ဆောင်သူ Professor Keijiro Saku က ဆိုပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ် ပါဝင်တဲ့ အဖျော်၊ ယမကာတွေမှာပါဝင်တဲ့ အက်ဆစ်က ဒီပြသနာမှာ အရေးကြီးအခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ပါတယ်။

အဖျော်၊ ယမကာ စွဲလန်းမှု အမှန်တကယ်ရှိပေမယ့် မိမိကျန်းမာရေးအတွက် ဒီအပြောင်းအလဲ လုပ်ဖို့တော့ ဖြစ်နိုင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*