
အမျိုးသမီးများဟာ ယောကျ်ား တွေထက် ဦးနှောက်ပို အလုပ်လုပ်ရသောကြောင့် အိပ်ချိန် ပိုမိုလိုအပ်ပါတယ်။
အင်္ဂလန်နိုင်ငံမှာရှိတဲ့ Loughboroughတက္ကသိုလ်မှ ပညာရှင်တွေရဲ့သုတေသနပြုလုပ်မှုအရ မိန်းမတွေရဲ့ဦးနှောက်ဟာ ယောကျာ်း တွေထက်ပိုအလုပ်လုပ်ရတဲ့အတွက် အိပ်ချိန် ပမာဏလဲ ပိုမိုလိုအပ်တယ်လို့ ဆိုပါတယ်။
အမျိုးသမီးတွေမှာ အိပ်ချိန် နည်းတဲ့အခါ စိတ်ဖိစီးမှု၊ ဒေါသနဲ့ စိုးရိမ်သောက ပမာဏဟာ သိသိသာသာမြင့်တက်လာပြီး တစ်နေ့တာ ဦးနှောက်ကိုအလုပ်ပေးတဲ့အတိုင်း လုံလောက်အောင်မအိပ်စက်ပါက အဆိုပါ စိတ်ဝေဒနာတွေ အမျိုးသမီးတွေမှာ ဖြစ်လာလိမ့်မယ်လို့ ပရော်ဖက်ဆာ Jim Horneကနေ ပြောကြားခဲ့ပါတယ်။
အမျိုးသမီးတွေဟာ အမျိုးသားတွေထက်စာရင် အာရုံစိုက်တာတွေ၊ အလုပ်တွေတပြိုင်နက်လုပ်တာတွေ၊ ညှိနှိုင်းဆွေးနွေးရတာ၊ ခံစားရတာတွေများနေတဲ့အခါ ဦးနှောက်ကို အင်မတန်အလုပ်ပေးသလိုဖြစ်နေတာကြောင့် ညဘက်အချိန်မှာ ကောင်းမွန်စွာ အိပ်စက်အနားယူသင့်တယ်လို့ ဆိုပါတယ်။
Leave a Reply