မနက်ခင်းတိုင်း အသုံးပြုနေတဲ့ သွားတိုက်ဆေး ရဲ့ အသုံးဝင်ပုံများ

မနက်ခင်းတိုင်း အသုံးပြုနေတဲ့ သွားတိုက်ဆေး ရဲ့ အသုံးဝင်ပုံများ

မနက်ခင်းအသုံးပြုနေတဲ့ သွားတိုက်ဆေးရဲ့ အသုံးဝင်ပုံများကိုယ်တွေ နေ့တိုင်းသုံးနေတဲ့ သွားတိုက်ဆေးဒီလိုအစွမ်းထက်မှန်း အခုမှသိရလို့ ကျေးဇူးပါသွားတိုက်ဆေးကို မနက်တိုင်းသွားသန့်ရှင်း တောက်ပြောင်ဖို့နဲ့ ခံတွင်းနံ့ကင်းစင်ဖို့အတွက်ပဲ အသုံးပြုလို့ရတာမဟုတ်ဖူးနော်…သွားတိုက်ဆေးနဲ့ အခြားဖြေရှင်းလို့ရမယ့် နည်းလမ်းအချို့လည်း ရှိပါသေးတယ် …

(၁) အမဲစက်နဲ့ အမဲကွက်ပြသာနာများ …

သွားတိုက်ဆေး ၁ ဇွန်း နှင့် သံပုရာရည် ၂ စက် တို့ကို ရောမွှေပြီး ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အမဲစက်နှင့် အမဲကွက်များပေါ်သို့ပွတ်လိမ်းပေးပြီး ၁၀ မိနစ် (သို့) ၁၅ မိနစ်ခန့် ထားပါ။ ပြီးလျှင် ရေဆေးချလိုက်ပါ။

(၂) ဝက်ခြံပြသာနာများ …

သွားတိုက်ဆေးကို နားကြပ်တံ သို့ ဂွမ်းတံလေးနဲ့ ယူပြီး ဝက်ခြံပေါက်နေသည့် နေရာများကို ပါးပါးလေးပွတ်လိမ်းပေးပါ။ နာရီအနည်းငယ် သို့ တစ်ညလုံးနီးပါးလိမ်းထားပြီး ရေနဲ့ဆေးချလိုက်မယ်ဆိုရင် ဝက်ခြံတွေ ချပ်သွားတာကို တွေ့နိုင်မှာပါ။ဒီနည်းလမ်းဟာ လူတိုင်းနဲ့တော့အဆင်မပြေနိုင်ပါဘူး၊ အသားအရေ sensitive ဖြစ်တဲ့ သူတွေဆိုရင်တော့ မလုပ်သင့်ပါဘူး။

(၃) အသားအရေချောမွေ့ဖြူနိုင်ခြင်း …

သွားတိုက်ဆေး ၁ ဇွန်း နှင့် ခရမ်းချဉ်သီးအရည် ၁ ဇွန်းတို့ကို ရောပြီး သုတ်လိမ်းပေးပါ။ ၁၀ မိနစ်ခန့်ထားပြီး ရေဆေးချလိုက်ပါ။

(၄) ဆားဝက်ခြံပြသာနာများ …

သွားတိုက်ဆေးနဲ့ ဆားနဲ့ Rose Water အရည်တို့ကို ရောမွေပြီး ဆားဝက်ခြံရှိတဲ့ နေရာတွေမှာ ခပ်ပါးပါးလေးလိမ်းပြီး ၁၀ မိနစ်ခန့် စက်ဝိုင်းပုံဖြင့် ညင်သာစွာ ပွတ်လိမ်းပေးပါ။ ပြီးလျှင် ရေအေးနဲ့ ဆေးချလိုက်တာနဲ့ ဆားဝက်ခြံတွေ သိသိသာသာ လျော့ကျသွားတာပါ တွေ့နိုင်မှာပါ။

(၅) မလိုချင်တဲ့ အမွှေးအမျှင်တွေဖယ်ရှားနိုင်ခြင်း …

သွားတိုက်ဆေး၊ သံပုရာရည် နှင့် သကြားတို့ကို ရောမွှေပြီး လိမ်းပေးပါ။ ခြောက်လျှင် ရေအေးနဲ့ ဆေးချလိုက်ပါ။

(၆) အနံ့အသက်စွဲခြင်းများကို ဖယ်ရှားနိုင်ခြင်း …

အကယ်၍ လက်မှာ အနံ့အသက်ပြင်းတာတွေကိုင်မိလို့ စွဲနေမယ်ဆိုရင်လည်း သွားတိုက်ဆေးနဲ့ ဆေးကြောသန့်စင်လိုက်တာနဲ့ အနံ့အသက်ကင်းစင်နိုင်မှာ ဖြစ်ပါတယ်။

(၇) လက်သည်း၊ ခြေသည်းများအား သန့်ရှင်းနိုင်ခြင်း …

လူတစ်ယောက်မှာ မျက်နှာပြီးရင် လက်သည်း၊ ခြေသည်းတွေဟာလည်း လှပနေဖို့ အရေးကြီးဆုံးထဲမှာ ပါပါတယ်။သွားတိုက်ဆေးနဲ့ လက်သည်း၊ ခြေသည်းတို့ကို သွားပွတ်တံ (သို့) ဂွမ်းစလေးနဲ့ ၅ မိနစ်ခန့် ပွတ်တိုက်ပေးပြီး ရေဆေးချလိုက်မယ်ဆိုရင် ပိုမိုလှပတောက်ပြောင်တဲ့ လက်သည်း၊ ခြေသည်းလေးတွေကို ပိုင်ဆိုင်နိုင်မှာပါ။

(၈) မျက်နှာအဆီပြန်ခြင်းကို လျှော့နည်းစေခြင်း …

သွားတိုက်ဆေးနဲ့ ဆားနဲ့ကို ရေနဲ့ဖျော်ပြီး မနက်တိုင်း မျက်နှာသစ်ရင်း သစ်ပေးရင် တစ်နေ့လုံးအဆီပြန်တာကို လျှော့နည်းလာတာကို တွေ့ရမှာပါ။

(၉) နှုတ်ခမ်းသားလေးတွေ နူးညံ့အောင်ပြုလုပ်နိုင်ခြင်း …

သွားတိုက်ဆေးကို နှုတ်ခမ်းသားလေးတွေ နူးညံ့အိစက်နိုင်အောင်လည်း ဆဲလ်သေတွေကိုဖယ်ရှားတဲ့ နေရာမှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။သွားတိုက်ဆေးနဲ့ မုန့်ဖုတ်ဆိုဒါနဲ့ရောပြီး နှုတ်ခမ်းသားကို သွားတိုက်တံ သို့မဟုတ် ဂွမ်းစလေးနဲ့ ညင်ညင်သာသာလေး ပွတ်တိုက်ပေးရမှာပါ။ သွားတိုက်ဆေးကို အများကြီးတော့ မသုံးရပါဘူး။ အဲလိုလေး ပြုလုပ်ပေးမယ်ဆိုရင် သင့်နှုတ်ခမ်းသားမှ ဆဲလ်သေတွေ ကင်းစင်ပြီး နူးညံ့တဲ့နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်နိုင်မှာနော

Be the first to comment

Leave a Reply

Your email address will not be published.


*