
မိန်းကလေးတွေပဲ အတင်းတုပ်တတ်တယ်ဆိုရင်တော့ သင်မှားသွားပါပြီ။ ယောကျ်ားလေးတွေလည်း ယောကျ်ားတွေချည်း အုပ်စုဖွဲ့ပြီး စကားပြောပြီဆိုရင် အတင်းတွေပြောနေတတ်ပါတယ်။ ခုဖော်ပြပေးမှာကတော့ ယောကျ်ားလေးတွေချည်းပဲ စကားဝိုင်းဖွဲ့ပြီဆိုရင် အပြောများဆုံးဖြစ်တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) မိန်းကလေးတွေအကြောင်း
ယောကျ်ားလေးတွေ အပြောအများဆုံးကတော့ မိန်းကလေးတွေအကြောင်းပဲဖြစ်ပါတယ်။ တစ်ယောက်တည်းအကြောင်းလည်း ဖြစ်နိုင်သလို အများကြီးအကြောင်းလည်း ဖြစ်နိုင်ပါတယ်။
(၂) လိင်ကိစ္စ
ယောကျ်ားလေးတွေဟာ အထက်တန်းကျောင်းသား ဘဝလောက်မှာကတည်းက လိင်ကိစ္စကို စိတ်ဝင်တစား ပြောဆိုဆွေးနွေးတတ်ကြပါသတဲ့။ သူတို့ရဲ့ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံတွေကိုဖလှယ်တာမျိုး၊ ဘယ်လို အစွမ်းအစတွေကို ပိုင်ဆိုင်ထားတယ်ဆိုတာမျိုးကို အချင်းချင်း ပြောတတ်ကြပါသတဲ့။
(၃) အားကစားနဲ့ ဂိမ်း
ယောကျ်ားလေးတွေ အုပ်စုလိုက်ထိုင်ပြီဆိုရင် အားကစားအကြောင်းတွေ အထူးသဖြင့် ဘောလုံးအကြောင်းတွေ အပြောများပါတယ်။ နောက်ပြီး လူကြိုက်များ၊ အဆော့များတဲ့ ဂိမ်းတွေအကြောင်းကိုလည်း ဝိုင်းဖွဲ့ပြောဆိုတတ်ကြပါတယ်။
(၄) အလုပ်အကိုင်၊ ပိုက်ဆံ
အလုပ်အကိုင်အခွင့်အရေးအကြောင်းတွေ၊ စီးပွားရေးအကြောင်းတွေနဲ့ လတ်တလောဓာတ်ကျနေတဲ့ အလုပ်လေးတွေအကြောင်းကို ဆွေးနွေးတိုင်ပင်တတ်ကြပါသေးတယ်။
(၅) ယာဉ်တွေနဲ့စက်ပစ္စည်းတွေအကြောင်း
ယောကျ်ားလေးတွေဟာ ကား၊ ဆိုင်ကယ် စသဖြင့် စက်ပစ္စည်းတွေ၊ ယာဉ်တွေအကြောင်း ပြောရတာကို နှစ်သက်ကြပါတယ်။ ဘယ်နိုင်ငံကထုတ်တယ်၊ ဘယ်လိုပြုလုပ်တယ်၊ ဘယ်လိုအားသာချက်တွေရှိတယ်ဆိုတာမျိုး ပြောဆိုဆွေးနွေးရတာကို နှစ်သက်ကြပါတယ်။
(၆) အရက်နဲ့ အရင်တုန်းကအကြောင်းအရာတွေ
ယောကျ်ားလေးတွေဟာ အရက်သောက်ရင်းနဲ့ လွန်ခဲ့ပြီးတဲ့ ကိစ္စတွေ၊ အကြောင်းအရာတွေ၊ သူငယ်ချင်းတွေနဲ့ အမှတ်တရတွေ၊ အမှတ်ရစရာလေးတွေကို မရိုးတန်းပြောနေနိုင်တဲ့သူတွေပါ။
(၇) လက်ရှိပြဿနာနဲ့ နိုင်ငံရေး
ယောကျ်ားလေးတွေဟာ နိုင်ငံရေးအကြောင်းနဲ့ လတ်တလောဖြစ်ပျက်နေတဲ့ အကြောင်းအရာ၊ ပြဿနာတွေအကြောင်း ဝိုင်းဖွဲ့ပြောဆိုတာကိုလည်း နှစ်သက်ကြပါတယ်။ ရင့်ကျက်တဲ့ ယောကျ်ားလေးတွေက ဒီလိုအကြောင်းအရာတွေကို ပိုပြီး စိတ်ဝင်စားကြပါတယ်။
Leave a Reply