စိတ်ဖိစီးမှုတွေကိုပြေလျော့စေပြီး ညဘက်ကောင်းကောင်းအိပ်ပျော်စေမယ့် နည်းလမ်း(၄)ခု…

အလုပ်တွေ အရမ်းပင်ပန်းလို့ပဲဖြစ်ဖြစ်၊ စိတ်ညစ်စရာတွေရှိလို့ပဲဖြစ်ဖြစ်၊ ညဘက်အိပ်မပျော်တဲ့အခါ နောက်တစ်နေ့အတွက် အားအင်တွေမပြည့်တော့ပဲ သင့်ရဲ့ နေ့စဉ်ဘဝကို ကမောက်ကမ ဖြစ်လာစေနိုင်ပါတယ်။ ဒီတော့ အိပ်တဲ့အချိန်မှာ စိတ်ဖိစီးမှုတွေကို လျှော့ချပေးပြီး ကောင်းကောင်း အိပ်ပျော်စေမယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်နော် …။

နည်းလမ်း (၁)

အိပ်ရာပေါ်မှာ လဲှအိပ်ပြီး ဒူးနှစ်ဖက်ကို ပိုက်ထားလိုက်ပါ။ အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်း၊ ရှူထုတ်လုပ်တာကို ၁၀ ကြိမ် လုပ်ပေးပါ။ ဒီလိုလုပ်တဲ့အခါ ခေါင်းအုံး မအုံးထားပါနဲ့ …။

နည်းလမ်း (၂)

တင်ပါးအောက်မှာ ခေါင်းအုံး ဒါမှမဟုတ် စောင်ကိုခေါက်ထားပြီး ခြေထောက်တွေကို နံရံမှာ ထောင်လိုက်ပါ။ လက်နှစ်ဖက်ကို ဘေးဘက်မှာ ချထားကာ အသက်ကိုဖြည်းဖြည်းချင်း ရှူပါ။ အဲ့ဒီအနေအထားအတိုင်း ၅ မိနစ်လောက် နေပေးလိုက်ပါ …။

နည်းလမ်း (၃)

အိပ်ရာပေါ်မှာ လဲှအိပ်ပြီး လည်ပင်းနဲ့ ခါးအောက်မှာ တဘက်လိပ်လေးတွေ ထည့်ပြီး ခြေထောက် နှစ်ဖက်ကို ဘေးဘက်ကို ကားပြီးပြန်ကပ်လိုက်ပါ။ အဲ့ဒါကို တစ်မိနစ်လောက် ပြုလုပ်ပေးပါ …။

နဖူးကို ခေါင်းအုံးမှာ တင်ထားပြီး မှောက်ခုံအိပ်ပါ၊ ခုနကလိုပဲ ခြေထောက်နှစ်ဖက်ကို ဘေးဘက်ကို ကားပြီးပြန်ကပ်တာကို တစ်မိနစ်လောက် ပြုလုပ်ပေးပါ …။

နည်းလမ်း (၄)

အိပ်ရာပေါ်မှာ သက်တောင့်သက်သာ လဲှအိပ်ပြီး တဘက်ကို ခေါက်ပြီးလည်ပင်းအောက်မှာ ထည့်ထားလိုက်ပါ။ လက်ဝါးနှစ်ဖက်ကိုလှန်ပြီး ဘေးကို ချထားပါ။ အသက်ကို ဖြည်းဖြည်းချင်းရှူပြီး စိတ်ထဲမှာဖြစ်လာတဲ့ အတွေးလေးတွေကို လိုက်မထိန်းချုပ်ပဲ ဒီတိုင်းလေးပဲ တွေးနေလိုက်ပါ။ အဲ့ဒီအတိုင်း သက်တောင့်သက်သာလေးနေရင်း အိပ်ချင်လာပြီး ကောင်းကောင်း အိပ်ပျော်သွားပါလိမ့်မယ်နော် …။ ။

Be the first to comment

Leave a Reply

Your email address will not be published.


*