သူငယ်ချင်းတွေနဲ့ခရီးထွက်တဲ့အခါရိုက်လို့ရမယ့် “friendship goal”ဓာတ်ပုံလေးများစုစည်းမှု

ကိုယ်ချစ်ရတဲ့သူငယ်ချင်းလေးတွေစုပြီး ခရီးသွားကြတဲ့အခါ အမှတ်တရဖြစ်အောင် ဓာတ်ပုံလေးတွေဘယ်လိုရိုက်ကြရင်ကောင်းမလဲ ခေါင်းစားတတ်ကြပါတယ်။ ဒါကြောင့် သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ချစ်ရတဲ့ မမ၊ ညီမလေးတွေနဲ့ပဲဖြစ်ဖြစ် ခရီးထွက်လို့ ဓာတ်ပုံရိုက်ကြတဲ့အခါ ခေါင်းမစားရအောင် အတုယူနိုင်ဖို့အတွက် ဓာတ်ပုံလှလှလေးတွေကိုစုစည်းဖော်ပြလိုက်ပါတယ်။ ဒီပုံလေးတွေကိုကြည့်ပြီး ကိုယ့်ရဲ့ကိုယ်ပိုင်စိတ်ကူးလေးတွေကိုဖြည့်စွက်ပြီး ရိုက်နိုင်ပါတယ်နော်။

ရှုခင်းလှတဲ့နေရာမှာ ကားခဏရပ်ပြီးဒီလိုလေးရိုက်ပါ။ အန္တရာယ်ကင်းဖို့လည်း သတိထားပါနော်။


ဘယ်မှမသွားလို့ Hotel မှာပဲနားနေတယ်ဆိုလည်း ဒီလို အခွီပုံလေးတွေရိုက်လို့ရတယ်နော်။


အလှပြင်နေတဲ့ ဖရိုဖရဲပုံလေးတွေကိုလည်း အမှတ်တရအနေနဲ့ရိုက်ထားလို့ရပါသေးတယ်


စက်ဘီးစီးလို့ရတဲ့မြို့တွေမှာဆို စက်ဘီးလေးနဲ့ဒီလိုလေးရိုက်လို့ရပါတယ်။ အဖွဲ့လိုက်လည်း အဲ့လိုလေးရိုက်လို့ရတယ်နော်။


ဒီလိုချစ်စရာပုံလေးလည်း ရိုက်ဖို့မမေ့ပါနဲ့ <3


အဖွဲ့လိုက်ဓာတ်ပုံရိုက်ပေးမယ့်သူမရှိဘူးဆိုရင် ဒီလိုလေးရိုက်လို့ရပါတယ်


မြို့လည်ခေါင်ရှုခင်းလေးနဲ့ ဒီလိုမျိုးလေးရိုက်ပါဦး


ညဦးပိုင်းလေးတွေမှာ ဒီလိုအေးအေးဆေးဆေးပုံလေးရိုက်ကြမယ်

ကလေးဆန်တဲ့ပုံစံလေးတွေက ချစ်ဖို့လည်းကောင်း အမှတ်တရလည်းဖြစ်

အဲ့လိုမျိုး မီးပန်းလေးတွေ၊ မီးလုံးသေးသေးလေးတွေနဲ့လည်း ရိုက်လို့ရတယ်နော်


စက်ဘီးလေးနဲ့ (ကျိုးတော့မကျိုးစေနဲ့နော် 😛 )


လူရှင်းတဲ့လမ်းပေါ်မှာ ဒီလိုမျိုး တစ်ယောက်နဲ့တစ်ယောက်မကြည့်တဲ့ပုံစံမျိုးရိုက်ပါ


နေဝင်ချိန်လေးမှာ နောက်ကျောပေးထားတဲ့ပို့စ်မျိုးလေးကလည်း မိုက်တာပဲ

Be the first to comment

Leave a Reply

Your email address will not be published.


*