ပန်ကာဖွင့်ပြီး အိပ်စက်ခြင်းက ဘာဆိုးကျိုးတွေပေးတယ်ဆိုတာ ..သိချင်လား….ဖတ်ကြည့်

ပန်ကာဖွင့်ပြီး အိပ်စက်ခြင်းက ဘာဆိုးကျိုးတွေပေးတယ်ဆိုတာ ..သိချင်လား….ဖတ်ကြည့်

ရာသီဥတု ပူလောက်တဲ့ နေ့မျိးတွေမှာ ပန်ကာဖွင့်ပြီး အိပ်ကြလေ့ရှိမှာပါ။ကောင်းကောင်းမွန်မွန်အိပ်စက်သွားနိုင်အောင် ပန်ကာက အအေးဓာတ်ကို ပေးနိုင်ပေမယ့်လည်း ပန်ကာကို ဖွင့်ပြီး နေ့စဉ် အိပ်စက်တဲ့ နောက်မှာ ဆိုးကျိုးတွေလည်း ကြုံရနိုင်ပါတယ်။ဒါကြောင့် မြန်မာ့ပလက်ဖောင်းကနေ ပရိသတ်တွေအတွက် ပန်ကာနှင့် အိပ်စက်ခြင်းကြောင့် ရနိုင်တဲ့ ဆိုးကျိုးများကို ဖော်ပြပေးလိုက်ပါတယ်။ဆက်လက်ဖတ်ရှုလိုက်ကြပါဦးနော်။

၁။ပါးစပ်နှင့် နှာခေါင်းကို ခြောက်သွေ့စေခြင်း

ကျန်းမာရေးနှင့် ညီညွတ်ပြီး တက်တက်ကြွကြွ ရှိနေစေဖို့အတွက် ခန္ဓာကိုယ်မှာ ချွေးထွက်ဖို့လိုအပ်ပြီး ရေဓာတ်ပြည့်ဝနေသင့်ပါတယ်။ပန်ကာနှင့်အိပ်စက်ခြင်း ချွေးမထွက်စေတဲ့ အပြင် ပါးစပ်နှင့် နှာခေါင်းကို ခြောက်သွေ့စေပြီး နေထိုင်မကောင်းဖြစ်စေပါတယ်။အပူပိုင်း ဒေသတွေမှာ နေထိုင်တဲ့ သူတွေ အများဆုံး သတိထားသင့်ပါတယ်။

၂။ဓတ်မတည့်မှုကို ဖြစ်စေတယ်။

တစ်ခါတစ်ရံမှာ တစ်စုံတစ်ခု ထူးထူးခြားခြားပြောင်းလဲမှုမရှိဘဲနှင့် ခန္ဓာကိုယ်က ဓတ်မတည့်ခြင်း ကို ခံစားရလေ့ရှိတယ်ဆိုရင်တော့ ပန်ကာနှင့် အိပ်တတ်လားဆိုတာ ကို ပြန်လည်ဆန်းစစ်သင့်ပါတယ်။ပန်ကာလေကြောင့် ပန်းနာရင်ကျပ်နှင့် အသက်ရှုကြပ်ခြင်းတို့အပြင် ဓာတ်မတည့်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။

၃။ကြွက်တက်ခြင်း

အိပ်ပျော်နေချိန်မှာ ရုတ်တရက် ကြွက်တက်ခြင်းဟာ ခံစားရ သိပ်ခက်ပါတယ်။ဒီလိုမျိုး ကြွက်တက်ခြင်း မကြာခခဏ ဖြစ်နေခြင်းမှာ ပန်ကာက လေအေးများကို တိုက်ရိုက်ထိတွေတာကြောင့် ပဲဖြစ်ပါတယ်။ ပန်ကာလေတင်မကဘဲ အဲကွန်းလေကလည်း သင့်ကို မကြာခဏ ကြွက်တက်စေပါတယ်။

ပူအိုက်တဲ့ ရာသီဥတုကြောင့် ပန်ကာဖွင့်အိပ်နေတဲ့ သူတွေအတွက် အကြံကောင်းလေးတွေကိုလည်းေ ပးချင်ပါသေးတယ်။

၁။ ပန်ကာဖွင့်အိပ်မယ့် အစား သဘာဝလေရစေဖို့အတွက် ပြတင်းပေါက်ကို ဖွင့်အိပ်ပါ။
၂။ရေစိုထားတဲ့သဘက်သို့မဟုတ် ရေအပြည့်ထည့်ထားတဲ့ ခွက်တစ်ခုကို အိပ်ရာအနားမှာ ထားအိပ်ခြင်းကလည်း အိပ်ခန်းထဲမှာ မွန်းကျပ်ခြင်းကို လျော့ချနိုင်ပါတယ်။
၃။ပန်ကာကို ကိုယ်နှင့် ဆန့်ကျင့်ဘက်သို့ လှည့်ဖွင့်ပြီး တိုက်ရိုက်အအေးခံမယ့်အစား အခန်းကိုပဲအေးအောင်ထားသင့်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*