အဖေတွေ က သားသမီးတွေ ကို ဒါတွေကြောင့် ပညာတတ် ဖြစ်စေ ချင်တာပါ….ဖတ်ကြည့်ပါ

အဖေ….သား ဆယ်တန်း ကျတယ် နွားစာကျွေးနေသော အဖေ ရုတ်တရတ် တုံ့သွားသည်……။ မီးဖိုချောင်ထဲ ထမင်းချက်နေသော အမေက ကြားလိမ့်မည် မထင်။ အဖေ စကားတလုံးမှ မပြောပဲ ကျတော့်ကို စူးစိုက်ကြည့်နေသည်။ ”ဟိုးမှာတွေ့လား ငါ့သား! ဓား ၂ ချောင်းစီ ကျတော့် ကိုညွန်ပြ သည်။ (စကားလမ်းလွဲှ လိုက်သည်ဟု ကျတော်ထင်) “ လှည်းပေါ်တင်ကွာ အဖေနဲ့ လယ်တော ခဏလိုက်ခဲ့ အင်္ကျီထူထူ ယူခဲ့ ”နွားညိုသိုးကြီး ၂ ကောင်ကို ဆွဲသွားပြီး အဖေ နွားလှည်းတပ်နေပြီ ။

ကျတော် အဖေ့နောက်မှ ဝင်ထိုင် လိုက်သည်။ (အတွေးထဲ ကျောင်းများ ထုတ် လိုက်သည်ဟု ထင်ခဲ့) လယ်တောရောက်တော့ အဖေ ကျတော့်ကို ထွန်တုံးဆင်ပေးပြီး ထွန်ခိုင်း သည်။ ကျတော် အူကြောင်ကြောင်ဖြစ်သွားတယ်။ အဖေ ငါ့ကို တကယ်များ ကျောင်းထုတ်လိုက်ပြီလား? ကျတော့် ကို တခါမှ အလုပ် မခိုင်းဘူးခဲ့တဲ့ အဖေက ဒီလိုလုပ်တော့ အံ့သြသွားမိတာပေါ့ ကျတော် နွားကိုရိုက်လိုက်သည်

လယ်ထဲကို သုံးပတ်လောက် ပတ်မိတဲ့ အချိန် ဖြေဖဝါးတွေက သွေးကျင် ဥလာတယ်။ နေပူတဲ့ဒဏ်ကြောင့် ချွေးတလုံးလုံးနဲ့ ပန်ပင်းတဲ့ဒဏ်ကို မခံစားနိုင်တော့ဘဲ ကျတော် ယိုင်ကျ သွားသည်။ ငါ့သား အဖေတို့ မင်းလို ပညာမသင်ခဲ့ရဘူး ပညာဆိုလို့ ၄ တန်း ပဲအောင်ခဲ့တာ မင်းကိုကျောင်းထားတယ် ဆိုတာ အဖေတို့လို ပန်းပင်းမှာ ဆိုးလို့ ငါ့သားသမီးတွေ ငါ့လို မဖြစ်ရလေအောင်ဆိုပြီး အဖေတို့မင်းကို ဘော်ဒါဆောင် မှာ ကောင်းကောင်း ထားပြီး စာသင်ခိုင်းခဲ့တာ

အဖေတို့ မင်းဆီက ဘာမှမျော်လင့်ချက် မရှိဘူူး ငါ့သားသမီး ငါ့လို ပင်ပင်ပန်းပန်း နဲ့ မလုပ်စားစေချင် လို့နောင်တချိန်မှာ မင်းဘဝလေး သာယာ လှပဖို့(ပြေားရင်း နဲ့ အဖေ့သံက ငိုသံပါသလိုလိုခံစားရ) ကျတော့်နောင်တနဲ့အတူ မျက်ရည်တေ ကျလာခဲ့သည် (စာမကျက်မိသည်များကို) …ဟိုးအဝေးက အမေ တလုပ်လုပ် နဲ့ ထမင်းထောင်း ကို ရွတ် လာတာမြင်နေမိသည်။ အဖေ့ကို ထာဝရစဉ်လေးစားလျက်။

Be the first to comment

Leave a Reply

Your email address will not be published.


*