သင့်ကို တနေ့သေချာပေါက် လမ်းခွဲပြီးထားခဲ့မဲ့ ယောကျာ်းတယောက်ရဲ့လက္ခဏာ(၇)မျိုး

အချစ်ရေးကိစ္စရပ်ဟာ ထမင်းစားရေသောက်တဲ့ ကိစ္စလောက် လွယ်ကူလှသည်တော့ မဟုတ်ပါ။ တစ်ဘဝလုံးနဲ့ သက်ဆိုင်တတ်ပြီး၊ တစ်ဘဝလုံးနဲ့ သက်ဆိုင်တယ်လို့ ခံယူထားသူတွေရှိသလို၊ ကြောရရုံ၊ အတွေ့အကြုံတစ်ခုသက်သက်သာ သဘောထားသူတွေလည်း ရှိပါတယ်။ ဒီတော့ အမျိုးသမီးတွေအဖို့် အရွေးမမှားဖို့ လိုပါတယ်။

အမျိုးသမီးတွေဆိုတာ နစ်နာစရာရှိရင် ပိုပြီး နစ်နာတက်လို့ပါ။ ဒါကြောင့်မို့ တကယ်လို့သာ သင့်ချစ်သူ အမျိုးသားဟာ အောက်ပါ လက္ခဏာတွေ ပြနေရင် သူ သင့်ကိုတစ်နေ့နေ့မှာ ထားခဲ့မှာ အသေအချာပါဘဲ။ ပရိသတ်ကြီး တိုက်ဆိုင်စစ်ဆေးကြည့်ပါဦး။

(၁) သင့်မိသားစုကို မတွေ့လို၍ ရှောင်ဖယ်နေရင်

ဘယ်သူပဲဖြစ်ဖြစ် ကိုယ်တစ်ကယ် ချစ်ခင်လက်ထပ်လိုတဲ့ အမျိုးသမီးဆိုရင် မိမိဘက်က တောင်းဆိုစရာမလိုပဲ၊ ဘယ်နေ့ အိမ်ကို လိုက်ခဲ့ရမလဲဆိုတာ တွင်တွင်မေးပါလိမ့်မယ်။ ကိုယ့်ကို ကြောရရုံကြံချင်တဲ့သူဆိုရင်တော့ မိဘမောင်ဘွားတွေနဲ့ ရင်းရင်းနီးနီး ဆက်ဆံဖို့မပြောနဲ့ သင့်ရဲ့ သူငယ်ချင်းတွေကိုတောင် သိသိသာသာ ရှောင်ဖယ်တာမျိုး လုပ်တတ်ပါတယ်။

(၂) ကိုယ်စွမ်းကိုယ်စ မပြရင်

တစ်ချို့က ချစ်သူအထင်ကြီးလေးစားတာခံရဖို့ ကိုယ်စွမ်းကိုယ်စ ပြတတ်ကြပါတယ်။ တစ်ချို့ကတော့ ဒီလိုမဟုတ်ဘဲ အရာရာကို ဂုန်းဆင်းဖို့ ချောင်းနေပြီး၊ သင့်ဆီက အထောက်အပံ့ ကောင်းကောင်းရရေးကိုသာ အားထုတ်နေတာမျိုးတွေ ရှိပါတယ်။ ဒီလိုကိစ္စတွေ ကြုံနေပါရက် ကိုယ့်ဘက်က ချစ်နေတော့ အဖြည့်ခံလို့ မမြင်ဘဲ ပါရမီဖြည့်ပေးနေတာလို့ မြင်တတ်ပါတယ်။

ဘယ်သူပဲဖြစ်နေနေ ဘယ်လောက်ပဲ အိန္ဒြေကြီးကြီး ချစ်သူနဲ့ ချစ်ခင်ကျီစယ်နောက်ပြောင်နေရတာကို သဘောကျတာချည်းပါဘဲ။ ကိုယ့်ချစ်သူကို ပွေ့ပိုက်နေရတာဟာ တစ်ကမ္ဘာလုံးကို ပွေ့ပိုက်ထားရတာထက် အဓိပ္ပါယ်ရှိပြီး စီးစီးပိုးပိုးနိုင်လှပါတယ်။ ဒါပေမယ့် သင့်ချစ်သူက ဒီလိုမဟုတ်ပဲ သင့်အပေါ်မှာ နွေးနွေးထွေးထွေး မရှိဘူးဆိုရင်တော့ သင့်ဘက်က ကြိုတင်ပြင်ဆင်သင့်တာတွေ ရှိနေပါပြီ။

(၄) အတိတ်က ပတ်သက်ခဲ့သူနဲ့ ဆက်သွယ်နေသေးရင်

သူ့မှာ အရင်ရည်းစား၊ မယား ရှိခဲ့ကြောင်း သင့်ကို ပွင့်ပွင့်လင်းလင်း ပြောတာက ကောင်းတဲ့လက္ခဏာပါ။ ဒါပေမယ့် အဲဒီလူတွေနဲ့ အခုအချိန်ထိ (သူငယ်ချင်းလို) ဆက်သွယ်နေသေးတယ်ဆိုတာကတော့ အခုရှင်းထားမှ နောက်ရှုပ်လို့ကောင်းမယ်ဆိုတဲ့ အကွက်ကိုကြိုခင်းထားတာမျိုး ဖြစ်တတ်ပါတယ်။ ကြံဖန်ပြီး သဘောထားကြီးရမယ့် အချိန်မဟုတ်ပါဘူး။

(၅) သင့်ကို အမြဲစိတ်ရှုပ်စေရင်

တစ်ချို့သော ပုဂ္ဂိုလ်တွေက သူများကို ဒုက္ခပေးဖို့သက်သက်မွေးလာသလား ထင်မှတ်ရပါတယ်။ တစ်ချို့က သူငယ်ချင်းအချင်းချင်း ချစ်တာခင်တာကို နင်းပြီး အနိုင်ကျင့်နှိပ်စက်ချင်ကြသလို၊ ချစ်သူရှိလာပြီဆိုရင်လည်း ငါအနိုင်ကျင့်လို့ရမယ့်သူတော့ ရပြီလို့ သဘောထားတတ်ပါတယ်။ ဒီလိုပဲ အမြဲတမ်း သင့်ကို စိတ်ရှုပ်အောင် စိတ်မကြည်အောင် လုပ်လေ့ရှိတဲ့ အမျိုးသားဟာ သင့်ကို တကယ်နှစ်သက်သူမဟုတ်ဘူးလို့ ယူဆလို့ရပါတယ်။

(၆) လျှို့ဝှက်ချက်တွေ များနေရင်

ချစ်သူစုံတွဲတွေကြားမှာ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း ဖြစ်နေဖို့က အလွန်အရေးကြီးပါတယ်။ တစ်ချို့ကတော့ မပွင့်လင်းသင့်တာတွေ ပွင့်လင်းပြီး၊ ပွင့်လင်းသင့်တဲ့ ကိစ္စရပ်တွေကျတော့ အားနာလို့ မမေးခဲ့တာဆိုပြီး အကြောင်းပြချက်ပေးကြပါတယ်။ တစ်ချို့ဘယ်လောက်ထိ အ,သလဲဆိုရင် ကလေးနှစ်ယောက်ရတဲ့အထိ သူ့မှာ မယားကြီးရှိခဲ့မှန်း မသိသူတွေ ရှိတတ်ပါတယ်။ မအ ကြပါနဲ့။ စုံစမ်းသင့်တာ စုံစမ်းကြပါ။

(၇) ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့ ခက်ခဲတဲ့အခြေအနေ

စောစောကပြောသလို၊ တစ်ယောက်နဲ့ တစ်ယောက် မပွင့်မလင်း အခြေအနေတွေ ဆက်တိုက်ရင်ဆိုင်လာခဲ့ရပြီး၊ ကိုယ့်မှာ ပွင့်ပွင့်လင်းလင်း ပြောစရာရှိတာတောင် အခြေအနေအရ အရင်ကတည်းက မပွင့်တပွင့်နေခဲ့ကြတော့ ပြောဖို့ခက်ခဲတဲ့ အခြေအနေတွေကို ရင်ဆိုင်ရတတ်ပါတယ်။ ဒိလိုကိစ္စမျိုးဟာ တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ် သုညဆိုတဲ့ လက္ခာကို ပြသရာရောက်ပါတယ်။ ထားခဲ့မယ်ဆိုရင်တောင် မပွင့်မလင်းနဲ့ အထားခံရမှန်းတောင် သင် သိလိုက်မှာ မဟုတ်ပါဘူး။

Be the first to comment

Leave a Reply

Your email address will not be published.


*