လူ့အသိုင်းအဝိုင်းက ငြင်းပယ်ထားတဲ့အကျင့်ဆိုးတွေကနေရနိုင်မယ့် အံ့သြစရာကောင်းကျိုးများ

လူ့အသိုင်းအဝိုင်းက မကောင်းဘူးလို့ သတ်မှတ်ထားပေမယ့် ကိုယ့်အတွက်ကျတော့ကောင်းနေတဲ့ အကျင့်လေးတွေ ရှိပါတယ်။ ကိုယ်လုပ်ရတာ သိပ်ကြိုက်နေတဲ့ မကောင်းတဲ့အကျင့်လေးတွေက ဘယ်လိုကောင်းကျိုးလေးတွေ ပေးတယ်ဆိုတာကိုတော့ သေသေချာချာ သိချင်မှသိမှာမို့ ဟုတ်လား,မဟုတ်လား သိရအောင် အခုပဲ ဖတ်ကြည့်လိုက်တော့နော်။

(၁) စိတ်တွေပျံ့လွင့်လွယ်တာ
ပညာရပ်တစ်ခုကို လေ့လာတဲ့အခါပဲဖြစ်ဖြစ် ၊ အလုပ်တစ်ခုကို လုပ်တဲ့အခါပဲဖြစ်ဖြစ် အာရုံစူးစိုက်မှုရှိဖို့လိုအပ်ပါတယ်။ စိတ်တွေ ပျံ့လွင့်နေမယ်ဆိုရင် ဘာမှမသိလိုက်တာမျိုး၊ အလုပ်မပြီးတာမျိုးတွေ ဖြစ်လာပါတော့မယ်။ ဒါပေမယ့် စိတ်ပျံ့လွင့်ခြင်းရဲ့ကောင်းကျိုးရှိပါတယ်။ အဲ့ဒါကတော့ ဘောင်အပြင်က တွေးတတ်လာတာ၊ တခြားသူတွေ မမြင်တဲ့ရှုထောင့်ကနေမြင်တတ်လာတာ၊ နည်းလမ်းအသစ်တွေနဲ့ ပြီးမြောက်အောင် လုပ်တတ်လာပါတယ်။

(၂) ပျင်းတာ
ပျင်းတယ်ဆိုတာ နာမည်သာဆိုးတာ လူကတော့ အရမ်းသက်သာပါတယ် 😛 ။ ပျင်းနေရင် ဘာမှမလုပ်ဖြစ်တော့ဘဲ အလုပ်လည်းမပြီးပါဘူး။ပိုဆိုးတာက ပျင်းတာအရမ်းဆိုးလာရင် ကိုယ့်မှာရှိပြီးသားအရည်အချင်းတွေပါ လျော့လာနိုင်ပါတယ်။ ဒါပေမယ့် ပျင်းရိခြင်းရဲ့ အကြီးမားဆုံး ကောင်းကျိုးကတော့ တစ်နေ့ထက်တစ်နေ့ ဉာဏ်ပိုထက်လာတာပါ။ အဆင့်တွေအများကြီးလုပ်ရမှာ ပျင်းတော့ အလွယ်ဆုံးနည်းလမ်းကို စဉ်းစားပြီးလုပ်ရင်းက ဉာဏ်ပို, ပိုကောင်းလာရတာပါ။


(၃) အဆိုးမြင်စိတ်ရှိတာ

အဆိုးမြင်စိတ် ရှိတာကတော့ မကောင်းဘူးထင်တယ်လို့ တွေးမိနေမှာပေါ့။ ဟုတ်ပါတယ် ၊ လုံးဝကို မကောင်းတာပါ။ ဒါပေမယ့် အဆိုးမြင်တတ်ခြင်းရဲ့ ကောင်းကျိုးတစ်ခုက သံသယတွေနဲ့ စစ်စစ်ပေါက်ပေါက် တွေးတတ်လာတယ်။ ဘယ်တော့မှ လူလိမ်မခံရဘူး။ ပြဿနာတစ်ခုရဲ့ အဆိုးဆုံးအခြေအနေကို သုံးသပ်နိုင်ပြီး အဲ့ဒီကနေ အကောင်းဆုံး အဖြေကိုရှာတွေ့နိုင်တယ်။ စုံထောက်တစ်ယောက်နီးပါ ကွင်းဆက်တွေကို ဆက်စပ်လာနိုင်တာပါပဲ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*