သရဲအခြောက်ကြမ်းတယ်လို့ နာမည်ကြီးတဲ့ ဟောင်ကောင်ရဲ့ အထင်ကရ ဒေသ ၄ ခု

တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလို့ဆိုလို့ရတဲ့ ဟောင်ကောင်ကျွန်းလေးဟာ လူဦးရေ ၇ သန်းကျော်ရဲ့ အိမိုလည်း မမှားပါဘူး။ နိုင်ငံတိုင်း အရပ်တိုင်းမှာတော့ သူ့ရာဇဝန်နဲ့သူ သဘာဝလွန်ဖြစ်ရပ်တွေ ရှိကြစမြဲပါပဲ။ ဒီတစ်ခေါက်မှာတော့ ဟောင်ကောင်မြို့လယ်ခေါင်မှာရှိတဲ့ သရဲခြောက်တယ်လို့ လူအသိနည်းပေမယ့် တကယ်သရဲခြောက်ခဲ့တယ်ဆိုပြီး ဖြစ်ရပ်တွေ ရှိနေခဲ့ပါတယ်။

Sheung Wan, Sai Ying Pun နဲ့ Wan Chai တစ်ဝိုက်ဟာ ပါးစပ်ပြောရာဇဝင်တွေ တော်တော်များများ ဖြစ်နေတဲ့ဒေသတစ်ခုပါ။ ဗြိတိသျှတို့ ကိုလိုနီပြုစဉ်က ပထမဆုံးဖွံ့ဖြိုးစေခဲ့တဲ့ ဒေသဆိုလည်းမမှားသလို ခေတ်အဆက်ဆက်မှာလည်း နိုင်ငံ့အရေးနဲ့ပတ်သက်ပြီး လူအသေအပျောက်များခဲ့တဲ့ ဒေသလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဟောင်ကောင်ရဲ့ဒီဒေသမှာ ပုန်းအောင်းနေတဲ့ ပရလောကသားလျှို့ဝှက်ဇာတ်လမ်းတချို့ ကိန်းအောင်းနေတဲ့နေရာ (၄) နေရာကို ဖော်ပြပေးသွားမှာပါ။

(၁) Blake Garden

၁၈၉၄ ခုနှစ်၊ ဆင်ထွက်ပလိပ်ရောဂါဆိုတဲ့ ကူးစက်ရောဂါဖြစ်ခဲ့တုန်းက လူပေါင်း ထောင်နဲ့ချီပြီး သေဆုံးခဲ့တဲ့နေရာပါ။ ပလိပ်ရောဂါနဲ့ သေဆုံးသူတွေကို မြှုပ်နှံခဲ့တဲ့နေရာဖြစ်ပြီး နှစ်တွေကြာလာတော့ Blake ပန်းခြံဆိုပြီး ဖြစ်လာခဲ့တာပါ။ ညဘက်တွေမှာ ရှေးဟောင်းရိုးရာဝတ်ဆင်ထားတဲ့ ကလေးတွေ ပြေးလွှားဆော့ကစား သွားလာနေတာကို မြင်ဖူူးသူတွေ ထုနဲ့ထေးပါပဲ။

(၂) Po Hing Fong


ဒီနေရာမှာတော့ ထူးဆန်းတဲ့ပုံရိပ်တွေကို တစ်ရက်ကွက်လုံးနီးပါး တပြိုင်နက်တည်း မြင်ခဲ့ကြတဲ့နေရာပါ။ ၁၉၄၉ ခုနှစ်ရဲ့ ညတစ်ညမှာ Po Hing Fong မှာ နေထိုင်တဲ့ တစ်ရက်ကွက်လုံးနီးပါး လမ်းမထက်က ဆူဆူညံညံအသံတွေကြောင့် နိုးလာခဲ့ပါတယ်။ လမ်းမပေါ်ကို ကြည့်လိုက်တဲ့အချိန်မှာတော့ ထရပ်ကားတွေ၊ လူတွေဟာ ကြောက်လန့်တကြားပြေးလွှားနေကြတာကို အကုန်လုံးတွေ့ခဲ့ကြပါတယ်။ နောက်မှာတော့ပုံရိပ်တွေဟာ မြူထဲပျောက်ကွယ်သွားကြပါတယ်။

(၃) Bridges Street

Sing Wong လမ်းနဲ့ Staunton လမ်းတို့ကို ဆက်သွယ်ပေးထားတဲ့ Bridges လမ်းမကြီးကတော့ ဒီဒေသမှာ မသိသူမရှိပါပဲ။ သူ့မှာလည်း ပုံရိပ်တွေမြင်ရပြီး အသံတွေကြားရတယ်ဆိုတဲ့ သမိုင်းကြောင်းရှိခဲ့ပါတယ်။ ၁၉၄၅ ခုနှစ်တုန်းက ဂျပန်တွေ တပ်ပြန်ဆုတ်ပြေးရတဲ့အချိန် ဂျပန်တပ်သားတချို့က ဒီလမ်းကြီးပေါ်မှာ အဆုံးစီရင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီနောက်ပိုင်း လမ်းမပေါ်မှာ စစ်သားပုံရိပ်လိုလိုတွေ တွေ့ရပြီး တစ်ခါတစ်ရံ စစ်ချီတက်သံတွေကြားရပြီး လမ်းမပေါ်မှာရှိတဲ့ YMCA အဆောက်အအုံထဲက ရှိုက်သံတွေ ထွက်လာတတ်တယ်လို့လည်း သိရပါတယ်။

(၄) Fenwick Street

Wan Chai မှာ ၁၉၆၄ ခုနှစ်တုန်းက အထက်တန်းရုပ်ရှင်ရုံတစ်ရုံဖြစ်တဲ့ East Town Theater ဆိုပြီး Lockhart လမ်းမကြီးနဲ့ Fenwick လမ်းထောင့်မှာ တည်ဆောက်ဖွင့်လှစ်ခဲ့ပါတယ်။ လူပေါင်း ၁၃၀၀ လောက်ကို တပြိုင်နက်တည်း ရုပ်ရှင်ကြည့်လို့ရစေခဲ့တဲ့ အကောင်းဆုံး ရုပ်ရှင်ရုံကြီးဖြစ်ခဲ့ပေမ့် ၁၀ နှစ်တောင်မကြာတဲ့အချိန်မှာပဲ ရုတ်တရက်ပိတ်သိမ်းခဲ့ရပါတယ်။ ပြဿနာကတော့ လက်မှတ်ရောင်းကောင်တာမှ လက်မှတ်များဟာ ရုံထဲမှာတကယ်ရှိတဲ့ လူအရေအတွက်ထက် ပိုနည်းပြီး ရောင်းနေရတယ်လို့ သတင်းပို့ခဲ့ပါတယ်။ ရုံပိုင်တွေ အစကထင်ကြတာက ရုပ်ရှင်ရုံထဲ ခိုးဝင်တယ်လို့ ထင်ကြပြီး ရုံထဲမှာ စောင့်ဖမ်းခဲ့တာပါ။ ဒါကြောင့် ပရိုဂျက်တာထားတဲ့အခန်းထဲကနေ ရုံထဲလူရေတဲ့အခါ လူတွေကြားထဲ အရိပ်မည်းမည်းကြီးတွေ မြင်တွေ့ခဲ့ရပါတယ်။ တချို့ကျပြန်တော့လည်း အိမ်သာထဲမှာ အခြောက်ခံခဲ့ရတယ်ဆိုပြီး သတင်းထွက်ခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*