ဂင်းနစ်မှတ်တမ်းဝင်ခဲ့တဲ့ ကမ္ဘာ့အရှည်ဆုံးလက်သည်းပိုင်ရှင် အမျိုးသမီး (ရုပ်သံ)

ကမ္ဘာ့အရှည်ဆုံးလက်သည်းပိုင်ရှင်အမျိုးသမီးဟာ အမေရိကန် တက္ကဆက်ပြည်နယ်မှာ နေထိုင်ပါတယ်။ သူမရဲ့အမည်ကတော့ အာယမ်နာဝီလျံဆိုသူဖြစ်ပါတယ်။ သူမရဲ့လက်သည်းရှည်တွေ အားလုံးကိုပေါင်းလိုက်တဲ့ စုစုပေါင်းအလျားဟာ (၁၈)ပေနဲ့ (၁၀.၉)လက်မရှိပါတယ်။ အာယမ်နာဟာ လက်သည်းတွေကို အခုလောက် အရှည်ထိရောက်အောင် အနှစ်(၂၀)ကြာမွေးထားခဲ့တယ်လို့ သိရပါတယ်။


(၂၀၁၈)ကမ္ဘာ့ဂင်းနစ်မှတ်တမ်းစာအုပ်မှာတော့ အာယမ်နာဟာ ကမ္ဘာ့အရှည်ဆုံးလက်သည်းပိုင်ရှင် အမျိုးသမီးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။ သူမက လက်ရှိမှာ သူမရဲ့လက်သည်းတွေ တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှုမရှိရအောင် တယုတယနဲ့ ထိန်းသိမ်းနေပါတယ်။ လက်သည်းအနာတရဖြစ်စေမယ့် အရာမျိုးတွေ ဥပမာ. အဝတ်လျှော်တာ၊ ပန်းကန်ဆေးတာလိုအလုပ်မျိုးတွေကို ရှောင်ရှားပါတယ်။


အာယမ်နာက သူူမဟာ သူမရဲ့လက်သည်းတွေကြောင့် ဘာပဲလုပ်လုပ် အချိန်ကြာတတ်ကြောင်း ဆိုပါတယ်။ အိပ်တဲ့အခါမှာတော့ လက်သည်းတွေကို ခေါင်းအုံးပေါ်တင်ပြီး အိပ်လေ့ရှိပါတယ်။ ဒါပေမယ့် အာယမ်နာအနေနဲ့ (၁၉)ပေနီးပါးရှိတဲ့ လက်သည်းတွေ အားလုံးကို လက်သည်းဆိုးဆေးဆိုးရတာ အချိန်အများကြီးယူရပါတယ်။ အတိအကျပြောရရင် နာရီ(၂၀)ကျော်လောက် ကြာတယ်လို့ သိရပါတယ်။ အာယမ်နာဟာ သူမကိုယ်တိုင်ကလည်း လက်သည်းအလှဖန်တီးရှင်တစ်ဦးဖြစ်တာကြောင့် သူမလက်သည်းတွေကို အလှပြင်ပေးဖို့အတွက် သူများဆီ တကူးတကသွားစရာမလိုပဲ သူကိုယ်တိုင်အလှအပခြယ်မှုန်းလေ့ရှိပါတယ်။


သူမရဲ့ လက်သည်းတွေနဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာကောင်းတဲ့အချက်က သူမရဲ့ ဘယ်လက်က လက်သည်းတွေဟာ ညာဘက်လက်သည်းတွေထက် ပိုရှည်နေတာပါ။ အာယမ်နာကို သူမရဲ့လက်သည်းရှည်ကြီးတွေကို ဖြတ်နိုင်မလားမေးတဲ့အခါမှာတော့ အာယမ်နာက လက်သည်းတွေဟာ သူမဘဝရဲ့ အစိတ်အပိုင်းတွေဖြစ်တာကြောင့် မဖြတ်နိုင်ပါဘူးလို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။ အောက်မှာ သူမရဲ့ ဗီဒီယိုလေးလည်း ပါပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*