မကြာခဏဝမ်းချုပ်တတ်သူတွေ စားပေးသင့်တဲ့ အစားအစာများ

လူဦးရေရဲ့၂၀ရာခိုင်နှုန်းဟာ ဝမ်းချုပ်ခြင်းဝေဒနာကိုခံစားနေရတယ်လို့လေ့လာတွေ့ရှိလာခဲ့ရပါတယ်။ဝမ်းချုပ်တာဟာ စားသောက်တဲ့ပုံစံမမှန်တာကြောင့်ပါ။ဝမ်းမှာအမျှင်ဓာတ်နည်းပါးတဲ့အတွက်ကြောင့် မကြာခဏဝမ်းချုပ်တဲ့ဝေဒနာကို ခံစားနေရတာပဲဖြစ်ပါတယ်။ဝမ်းပုံမှန်မဖြစ်တဲ့အခါ မလိုလားအပ်တဲ့ဝေဒနာတွေခံစားလာရပါလိမ့်မယ်။ဒါကြောင့် ဝမ်းချုပ်တတ်သူတွေ များများစားပေးသင့်တဲ့အစားအစာလေးတွေ ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။

ပန်းသီး

ပန်းသီးဟာ အမျှင်ဓာတ်များပြားတဲ့အသီးအနှံဖြစ်ပြီး ၁၄၉ဂရမ်အလေးချိန်ရှိ ပန်းသီးတစ်လုံးဟာ အမျှင်ဓာတ် ၄ဂရမ်ထုတ်လုပ်ပေးပါတယ်။ဒါကြောင့်ပန်းသီးကို တစ်ပတ်ကို သုံးလေးခါ အဆာပြေဖြစ်စေ၊ထမင်းစားပြီးဖြစ်စေ စားသောက်ပေးမယ်ဆိုရင် ဝမ်းပုံမှန်ဖြစ်စေမှာပါ။

မက်မန်းသီးနဲ့တူတဲ့ဆီးသီးခြောက်

ဆီးသီးခြောက် ၂၈ဂရမ်တစ်လုံးမှာ အမျှင်ဓာတ်က ၂ဂရမ်ပါရှိပါတယ်။ဒါကြောင့် ဝမ်းချုပ်တတ်သူတွေစားပေးသင့်တဲ့အသီးအနှံစာရင်းမှာ ဆီးသီးခြောက်ကလည်းပါဝင်နေပါတယ်။အစာခြေဖျက်မှုကိုကူညီပေးပြီး အူလမ်းကြောင်းကိုသန့်ရှင်းပေးပါတယ်။ဝမ်းပုံမှန်ဖြစ်ဖို့ ဆေးဝါးမမှီဝဲချင်ဘူးဆိုရင် ဆေးဝါးအစား ဒီဆီးသီးခြောက်ကိုစားသုံးပေးသင့်ပါတယ်။

ကီဝီသီး

ကီဝီသီး ၇၆ဂရမ်တစ်လုံးမှာ အမျှင်ဓာတ် ၂.၃ ဂရမ်တောင်ပါဝင်ပါတယ်။လေ့လာချက်တွေအရ ဝမ်းချုပ်တဲ့ကျောင်းသားအနည်းငယ်ကို တစ်နေ့ကီဝီသီးနှစ်လုံးစားခိုင်းပြီး လေးပတ်ကြာစောင့်ကြည့်တဲ့အခါမှာ ထိုကျောင်းသားတွေရဲ့အစာခြေစနစ်ကပိုကောင်းလာပြီး ဝမ်းလည်းပုံမှန်ဖြစ်လာတယ်လို့တွေ့ရှိခဲ့ပါတယ်တဲ့။

သစ်တော်သီး

သစ်တော်သီးဟာလည်း အမျှင်ဓာတ်ကြွယ်ဝတဲ့အသီးအနှံတစ်မျိုးပါ။၁၇၈ဂရမ်အသီးတစ်လုံးမှာ အမျှင်ဓာတ်က ၆ဂရမ်တောင်ပါရှိနေပါတယ်။တစ်နေ့တာအတွက်လိုအပ်တဲ့အမျှင်ဓာတ် ၂၄ရာခိုင်နှုန်းဖြည့်ပေးနိုင်တာပါပဲ။ဒါကြောင့် သစ်တော်သီးကို တစ်ပတ်ကိုသုံးလေးကြိမ်စားသုံးပေးတာဟာ ဝမ်းချုပ်တတ်သူတွေအတွက်ဝမ်းပုံမှန်ဖြစ်စေတဲ့နည်းလမ်းတစ်ခုပါ။

ဟင်းသီးဟင်းရွက်

အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာလည်းအမျှင်ဓာတ်ကြွယ်ဝလို့ ကိုယ့်ရဲ့နေ့စဉ်စားသောက်မှုပုံစံထဲမှာ တစ်နေ့တစ်မျိုးတော့ပါဝင်စားသောက်ပေးသင့်ပါတယ်။အဲ့ဒါမှ အစာချေစနစ်ကောင်းမွန်ပြီး ဝမ်းပုံမှန်ဖြစ်စေမှာပါ။

အချဉ်ဓာတ်များတဲ့အသီးအနှံ

လိမ္မော်သီး၊ကျွဲကော်သီး၊ကဗ္ဗလာသီး၊သံပုရာသီးစတဲ့အချဉ်ဓာတ်များပြားတဲ့အသီးအနှံတွေကို များများစားပေးသင့်ပါတယ်။ကိုယ်က အသီးအနှံတစ်ခုခုစားဖို့စဉ်းစားမိတဲ့အခါ ဒီလိုအချဉ်ဓာတ်ပါဝင်တဲ့အသီးတွေစားပေးဖို့မမေ့ပါနဲ့။

Be the first to comment

Leave a Reply

Your email address will not be published.


*