အသက်ရှည်ရှည်နေချင်ရင် ဇလားဗီးယားငါးကို လုံးဝမစားပါနဲ့ မသိသေးတဲ့သူတွေ အတွက်လည်းမျှဝေပေးကြပါဦးနော်

ဇလားဗီးယားငါးတွေဟာနိုင်ငံတကာမှာကျယ်ပြန့်စွာမွေးမြူပြီးစားသုံးနေကြတဲ့ ငါးတစ်မျိုးဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဆိုရင်လည်းကင်ပြီးတော့ပဲဖြစ်ဖြစ်၊ ပေါင်းပြီးတော့ပဲဖြစ်ဖြစ်၊ကြော်ပြီးတော့ပဲဖြစ်ဖြစ်ဘယ်လိုချက်စားစား စားကောင်းပြီး ဈေးနှုန်းလည်းသင့်တင့်တာကြောင့်လူကြိုက်များတဲ့ငါးတစ်မျိုးဖြစ်ပါတယ်။ဒါပေမယ့်လည်း ဇလားဗီးယားငါးတွေဟာကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အတွက်ကြောင့်အလွန်အကျွံ မစားသုံးသင့်ပါဘူး။အကြောင်းရင်းတွေကတော့ ဒီမှာပါ။

(၁)မွေးမြူရေးငါးတွေဖြစ်တယ်

ဇလားဗီးယားငါးတွေဟာ များသောအားဖြင့်ငါးကန်ထဲမှာ ကျပ်သိပ်နေအောင်မွေးမြူထားတဲ့ မွေးမြူရေးငါးတွေဖြစ်ပါတယ်။ဒီငါးတွေဟာအစားမရွေးတာကြောင့် ဘာကျွေးကျွေးစားကြပါတယ်။ဒါကြောင့်မစင်တွေနဲ့ထမင်းသိုးတွေ ဟင်းသိုးတွေနဲ့မွေးမြူကြတာဖြစ်တဲ့အတွက် စားလိုက်တဲ့အခါမှာ ခန္ဓာကိုယ်အတွက် ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။အထူးသဖြင့်တော့ တရုတ်ပြည်ကငါးကန်တွေမှာမွေးမြူတဲ့ ဇလားဗီးယားငါးတွေကို သတိထားပြီး စားသောက်ဖို့အတွက် ကမ္ဘာတစ်ဝန်းက ကျန်းမာရေး ပညာရှင်တွေက တိုက်တွန်းထားပါတယ်။…

(မြန်မာနိုင်ငံမှာဆိုလည်း ငါးကန်ပေါ်ကြက်ခြံတည်ပြီးမွေးကျတာတွေရှိနေတယ် ။ကြက်မစင်နဲ့တကွ စွန့်ထုတ်အညစ်အကြေးများသည် ငါးစာဖြစ်ကာ ကူးစက်ရောဂါများအတွက် ကွင်းဆက်သဖွယ် ဆက်စပ်နေလေ့ရှိသည်။)

(၂)မကောင်းတဲ့အဆီတွေပါတယ်

ခန္ဓာကိုယ်ထဲမှာ လိုအပ်တဲ့ ကောင်းမွန်တဲ့အဆီဟာ Omega 3 fatty acid ဖြစ်ပါတယ်။ တခြားငါးတွေနဲ့ယှဉ်ရင်ဇလားဗီးယားငါးတွေထဲမှာ Omega 3 ပါဝင်မှုနှုန်း နည်းပါတယ်။ ဇလားဗီးယားငါးတွေမှာOmega 6 acidတွေသာကြွယ်ဝစွာပါဝင်တာကြောင့် ကောင်းကျိုးနည်းတဲ့အပြင် သင့်ခန္ဓာကိုယ်ကိုဖောရောင်စေနိုင်ပါတယ်။

(၃)ကင်ဆာဖြစ်စေတယ်

ဇလားဗီးယားငါးတွေဟာ တခြားငါးတွေထက် ကင်ဆာဖြစ်ပွားစေနှုန်း၁၀ဆပိုမြင့်ပါတယ်။ ၎င်းတို့ထဲမှာပါဝင်တဲ့ Dioxin ဆိုတဲ့ဓာတ်ကို ချေဖျက်ဖို့အတွက် ခန္ဓာကိုယ်က နှစ်ပေါင်းများစွာ အချိန်ယူရပါတယ်။ဒီဓာတ်တွေဟာ ခန္ဓာကိုယ်ထဲကိုရောက်သွားတဲ့အခါ ပျက်စီးယိုယွင်းမှုတွေ ဖြစ်လာပါတော့တယ်။

(၄)သတိမေ့ရောဂါဖြစ်စေတယ်

ဇလားဗီးယားငါးထဲမှာပါဝင်တဲ့ Arachidonic acid ဟာ သတိမေ့ရောဂါ ဖြစ်ပွားနှုန်းကို တိုးမြင့်စေပါတယ်။ဒါကြောင့် အသက်ကြီးလာတဲ့အခါမှတ်ဉာဏ်ချို့ယွင်းတာ၊ သတိမေ့တာမျိုးတွေမဖြစ်ချင်ရင် ဇလားဗီးယားငါးတွေကို မစားသင့်တော့ပါဘူး။

Be the first to comment

Leave a Reply

Your email address will not be published.


*