ဆောင်းတွင်းကာလမှာ အဖြစ်များတဲ့ ဗောက်ထခြင်း ပြဿနာအတွက်

ဗောက်ပြဿနာကို ပေါ့ပေါ့မတွေးသင့်ပါဘူး။အမျိုးသမီးတွေအတွက် ဗောက်ပြဿနာဟာတကယ့်ကိုစိတ်ရှုပ်စရာပါပဲ။ဗောက်တွေရှိနေပြီဆိုရင် စိတ်ရှုပ်ရရုံတင်မကဘဲ ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေပါပျောက်ဆုံးနိုင်တာကြောင့် ဗောက်ပြဿနာကို ပေါ့ပေါ့မတွေးသင့်ပါဘူး။

ဒါကြောင့်ဗောက်ပျောက်စေမည့်သဘာဝနည်းလမ်း[ ၅ ]မျိုးကို ပြောပြပေးချင်ပါတယ်။

(၁) ဆိုဒါမှုန့်

ဆိုဒါမှုန့်က ဗောက်ပျောက်စေတယ်ဆိုရင် အံ့သြမသွားပါနဲ့။ နည်းလမ်းလေးပဲသိဖို့လိုတာပါ။ ပထမဆုံးဆံသားတွေကို ရေလောင်းလိုက်ပါ။ အဲဒီနောက်ဆိုဒါမှုန့်ကိုလက်ဝါးထဲအပြည့်ထည့်ပြီးဦးရေပြားကိုပွတ်ပေးပါ

။ပြီးရင်ရေဆေးချပေး ရပါမယ်။ဒီနည်းလမ်းအတိုင်းလုပ်ဆောင်ရင်အစပိုင်းမှာ ဆံသားတွေနဲ့ဦးရေပြားခြောက်သွေ့တာ
မျိုးတော့ကြုံရနိုင်ပါတယ်။

ဒါပေမဲ့ ရက်သတ္တပါတ်အတန်ကြာလာရင်တော့ဦးရေပြားကသဘာဝအတိုင်းဆီထွက်လာပြီး ဆံသားတွေပျော့ပြောင်းကာ ဗောက်
တွေလည်းတဖြည်းဖြည်းပျောက်ကင်းလာမှာပါ

(၂) အုန်းဆီ

အုန်းဆီကတော့ အားလုံးသိတဲ့အတိုင်းအမျိုသမီးတွေရဲ့ဆံသားနဲ့ဦးရေပြားပြဿနာတွေအတွက် ဟိုးတုန်းကတည်းက သုံးစွဲလာကြတဲ့ အစွမ်းထက်သဘာဝပစ္စည်းတစ်မျိုးပါပဲ

။ခေါင်းမလျှော်ခင်မှာ ကိုယ့်ရဲ့ဆံသား အတို၊အရှည်ပေါ်မူတည်ပြီး အုန်းဆီ လဘက်ရည်ဇွန်း ၃ ဇွန်းကနေ ၅ ဇွန်းအထိကို ဦးရေပြား
ထိအောင်လိမ်းကာ အနည်းငယ်နှိပ်နယ်ပေးပါ။ပြီးရင် ပုံမှန်အတိုင်းခေါင်းလျှော်လိုက်ရုံနဲ့ ဗောက်ပြဿနာကိုဖြေရှင်းနိုင်မှာပဲ ဖြစ်ပါတယ်။

(၃) သံပရိုသီး

ဈေးထဲမှာအလွယ်တကူဝယ်ယူလို့ရတဲ့ သံပရိုသီးကလည်း ဗောက်ပြဿနာအတွက်နည်းလမ်းကောင်းတစ်ခုပါ။ ပထမဆုံး သံပရိုသီးကို လဘက်ရည်ဇွန်း ၂ ဇွန်းစာလောက်ရောက်အောင်အရည်ညှစ်ပြီး ဦးရေပြားထိရောက်အောင်လိမ်းပါ။

အဲဒီနောက် သံပရိုသီးအရည်လဘက်ရည်ဇွန်းတစ်ဇွန်းစာကို ရေတစ်ခွက်နဲ့ရောမွှေပြီး ဆံသားတွေကိုရေဆေးချပေး ရပါမယ်။ ဗောက်တွေပျောကကင်းတဲ့အထိ ဒီနည်းလမ်းအတိုင်းနေ့စဉ်မှန်မှန်လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

(၄) ဆား

မီးဖိုချောင်ထဲက ဟင်းချက်ရာမှာသုံးတဲ့ဆားကိုယူပြီး ဦးရေပြားနဲ့ ဆံသားတွေပေါ်ကိုဖြူးပါ။ အဲဒီနောက် ဦးရေပြားကိုအနည်းငယ်နှိပ်နယ်ပေးပြီး ခေါင်းလျှော်လိုက်ရင် ဗောက်တွေလျော့နည်းသွားနိုင်ပါတယ်။

ဗောက်တွေလုံးဝ ပျောက်ကင်းဖို့ဆိုရင် အပေါ်မှာဖော်ပြခဲ့တဲ့နည်းလမ်းထဲကတစ်ခုခုနဲ့တွဲပြီးလုပ်ဆောင်ရင် ပိုပြီးထိရောက်မှာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*