၀န်ထမ်းတွေ တင်ခုထိုင်ဖို့ သူဌေးကပေးတဲ့ ဆိုဖာလက်ဆောင်လေးရဲ့ နောက်ကွယ်ကအကြောင်း

၀န်ထမ်းတွေ တင်ခုထိုင်ဖို့ သူဌေးကပေးတဲ့ ဆိုဖာလက်ဆောင်လေးရဲ့ နောက်ကွယ်ကအကြောင်း

လုပ်ငန်းတစ်ခုမှာ သူဌေး၊ အထက်လူကြီး၊ လက်အောက်ဝန်ထမ်းတေေွရဲ့ ဆက်ဆံရေးဟာ အဆင်ပြေနေကာမှ အဲဒီကုမ္ပဏီရဲ့ productivity တွေဟာလည်း မြင့်တက်လာမှာဖြစ်ပါတယ်။ အခုခေတ်မှာက အချိုးမပြေတဲ့ ကုမ္ပဏီတွေ၊ တင်းကြပ်လွန်းတဲ့ ကုမ္ပဏီတွေဆိုရင် ဘယ်ဝန်ထမ်းကမှ သည်းခံပြီး အလုပ်လုပ်မှာမဟုတ်တော့ပါဘူး။ နောက်ပိုင်းလည်း လုပ်ငန်းတော်တော်များများက flexible ဖြစ်တဲ့ working environment ဖြစ်ဖို့ သူဌေးကအစ ဦးစားပေးလာခဲ့ကြပါတယ်။


တရုတ်နိုင်ငံက ကုမ္ပဏီတစ်ခုမှာတော့ သူဌေးက သဘောကောင်းချင်ယောင်ဆောင်ပြီး ဝန်ထမ်းတွေ ဘာလုပ်နေသလဲဆိုတာကို နောက်ကွယ်ကနေပြီး အချိန်တိုင်းထောက်လှမ်းနေတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

Weibo မှာ အမျိုးသမီးတစ်ယောက်ဟာ ပိုစ့်တစ်ခုတင်လာခဲ့ပါတယ်။ သူတို့သူဌေး ဘယ်လောက်သဘောကောင်းလဲဆိုတာကို ကြွားတဲ့ ပိုစ့်ပေါ့။ အဲဒီနေ့တုန်းက သူဌေးဖြစ်သူဟာ ဝန်ထမ်းတိုင်းကို လက်ဆောင်ကိုယ်စီပေးခဲ့ပါတယ်တဲ့။ အဲဒါကတော့ cushion ပါ။ ကျွန်တော်တို့အလုပ်ထိုင်ခုံတွေဟာ ကြာကြာထိုင်ရင် တင်ပါးတွေ နာလာတတ်ကြပါတယ်။ ဒီအတွက် အောက်မှာ ခေါင်းအုံးလိုမျိုး cushion လေး ခံခံပြီး ထိုင်ကြတာကို မြင်ဖူးကြမယ်ထင်ပါတယ်။ အဲဒီ cushion ကို ဝန်ထမ်းတစ်ယောက်ကို တစ်ခုစီ လက်ဆောင်ပေးခဲ့တာပေါ့။


အဲဒီ cushion ဟာ ထိုင်နေတဲ့လူရဲ့ ကျောရိုးပုံစံမှန်လား မမှန်ဘူးလား၊ အပူချိန်ဘယ်လောက်ရှိလဲ၊ ထိုင်နေတာ အရမ်းကြာနေပြီလား၊ စသဖြင့် စမ်းစစ်ပေးတဲ့ app လေးနဲ့ အတူတူလာနေပါတယ်တဲ့။ ဒါကြောင့် သူဌေးက ဂရုစိုက်တယ်ဆိုပြီး ပိုလို့တောင် ဝမ်းသာခဲ့ကြတာပါ။


နောက်တော့ ဟုတ်တယ်။ သူမကို HR ဌာနကနေ ခေါ်ပြီးတော့ ၁၀ နာရီကနေ ၁၀ နာရီခွဲအတွင်း နာရီဝက်တောင် ဘာလို့ စားပွဲမှာ မရှိနေတာလဲဆိုပြီးတော့ ခေါ်ပြောသတဲ့လေ။ သတိထား၊ သူဌေးက လစာဖြတ်လိမ့်မယ်ပေါ့။ လုပ်ဖော်ကိုင်ဖက်တွေကတော့ နင့်ကိုနောက်လိုက်တာပါလို့ ပြောပေမယ့်လို့ သူမကတော့ သူမရဲ့ privacy ကို ချိုးဖောက်ခံနေရသလို ခံစားနေရပါတယ်ဆိုပြီး Weibo မှာ ရင်ဖွင့်လာခဲ့တာပါ။ ဒီဖြစ်ရပ်ဟာ Weibo ပေါ်မှာ လူပြောသူပြော အရမ်းများခဲ့လို့ မူရင်းပို့စ်တင်တဲ့ အမျိုးသမီးခမျာ သူမရဲ့ ပေါက်ကွဲသံစဉ်တွေ သူဌေးသိသွားမှာစိုးလို့ ပို့စ်ကို ပြန်ဖျက်ခဲ့တယ်လို့လည်း သိရပါတယ်။ နည်းပညာတွေကလည်း အစမ်းနော်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*