ရှေးယခင်က အသုံးပြုခဲ့ကြသော ပီယဆေးနှင့် လောကီ အဆင်အယင်များအကြောင်း ဗဟုသုတ

ခြင်္သေ့ရုပ်ထု ပါးစပ်ထဲမှာ မြတ်ပင် ပေါက်နေတာ အပြင်မှာတွေ့ဖူးလား။ တကယ်လို့ တွေ့ခဲ့ပြီ ဆိုရင် အမြန် နှုတ်ယူပါ။ဘာအသုံးဝင်လဲ ဆိုတာ အောက်မှာ ရှငိးပြထားပါတယ်။ အားလုံးဘဲ စာပေဗဟုသုတ ကုံလုံကြွယ်၀ နိုင်ကြ ပါစေနော်။

မယုံမရှိ ပါနဲ့၊ ဖတ်ကြည့် လိုက်ပါနော်။ရှေးလူကြီး လောကီပညာရှင်များ မှာကြားခဲ့တဲ့ အကြောင်းအရာ များပါ။ ရှေးဟောင်းဘုရား တွေ ရောက်တဲ့ အခါ ဘုရားကျောင်းဆောင် တွေ ရဲ့ အနားက ခြင်္သေ့ရုပ်ထုတွေကို သေချာကြည့်ကြပါ ပါးစပ်ထဲ

မြတ်ပင် ပေါက်နေတာ များတွေ့ ခဲ့ရင် အမြန် နှုတ်ယူပါတဲ့။အလွန်ကို အစွမ်းရှိပါတယ်။ နှုတ်မှာ ငုံပြီး စကားပြော ပြောသမျှအောင် ပါတယ်တဲ့။နောက်တစ်ခု က ဘယ်ညောင်ပင် ပဲဖြစ်စေ ညောင်ပင်ကြီးအောက် ညောင်ပင် အငယ်ပေါက်စလေး

တွေ့တာနဲ့အချိန် မဆိုင်း ပါနဲ့ဲတဲ့။ ချက်ချင်းနှုတ်ယူပါ ဘုရားညောင်ရေအိုးရေနဲ့သွေးပြီး ကြည့်ရင် အမြင်ဓာတ် ရပါတယ်နော်။ ပေါက်ပင်တစ်ပင်ရဲ့ အရှေ့ဘက် တည့်တည့် ကျီပေါင်းများတွေ့ပါက အမြန် ဖျတ်ယူပါ။ မိမိမွေးနေ့တိုင်း သွေးသောက်ပါ

ပီယ အောင် ပါတယ်တဲ့။အိမ်မြှောင်အမြီး ၂ခွ ရှိသော အိမ်ဟာ လဘ်လာဘ အလွန်ပွင့် ပါတယ်တဲ့။ ဒါအပြင် အဆိပ်ရှိ သတ္တဝါ များလည်း မလာကြပါ။ ဖဲလည်း နိုင်ပါတယ်တဲ့။ ပြစ်ချက်တခုက ကိုယ့်စိတ်ကို ထိန်းရခက် တာပါပဲ။

အဆောင်အနေနဲ့ ဆောင်မယ် ဆိုပါက ပံ့သကူ အသေကို အခြောက်လှမ်း အပ်ချည်မျှင် ရပင်နဲ့ အသက်အောင့်၍ ပတ်ပါတဲ့။ ပြီးရင်ဆောင် ထားရုံပါပဲ။သစ်ကွင်းဆိုတိုင်း ကောင်းကျိုး ပေးသည် ဟု မထင်ပါနဲ့နော်။ဆူး ပါသော အပင် နဲ့ခါးသော အပင်တို့

မှရသော သစ်ကွင်း များကို အိမ်မှာ ချိတ် ဆွဲမိပါက မွဲပြာကျရုံ မက လုူပါ ဒုက္ခတွေ့နိုင်ပါတယ်နော်။ ဒါကြောင့် သေချာ စီစစ်ဖို့ လိုအပ် ပါတယ်။ ဒါမှသာ ရန်အန္တရာယ်များ နည်း၍ လာဘ် လာဘများ ပွင့်လန်းမှာ ဖြစ်ပါတယ်နော်။ကျောက်လိပ် ဆို တာ လိပ်ပုံစံ

အသေချာ မတူပါ အနည်းငယ် တူရုံမျှ နဲ့ပင် စွမ်းပါတယ်တဲ့။ ကျောက်ရေကန်လေးနဲ့ ထားပေး ရတယ်။ အနားမှာ ပေါက်ပေါက် ပွင့်ကျွေးရ ပါတယ်။ အိမ်အဝင် တံခါးဘက်ကို ခေါင်းလှည့်ရပါတယ်နော်။ ဒါဆို လဘ်လာဘ အလွန် ပွင့်ပါ တယ် ။

ကျောက်လိပ်ရှိ ပါလျှက် မွဲတေနေပါက ခေါင်း ကို ပြောင်းပြန် ထားမိသောကြောင့်ပါနာ်။မည်သည့် နွယ်ပင်ဖြစ်စေ လက်ဝဲ ဘက်ပက်၍ ရစ် တက်နေသော နွယ်ပင် တို့သည် များစွာ အသုံးတည့်ပါတယ်။ တောင်တန်းဒေသ များတွင် များစွာတွေ့ရ

တက်သလို မဲဇာတော တွင်လည်း တွေ့ခဲ့ဖူ းပါသည်။ အမျိုးသားများ ဆောင်ထားသင့် ပါတယ်။ အချစ်ရေး အလွန် စန်းပွင့်သော အဆောင်တစ်ခုပါ။ အမျိူးသမီးများ ဆောင်ပါက သိပ်မစွမ်းပါ။ ရရှိခဲ့ပါက အမွှေးနံ့သာများ ပက်ဖြန်း၍ ဆောင်ထားနိုင်ပါတယ်။

စီးပွား လာဘ်လာဘ လည်း တိုးတက်ပါတယ်။သပိတ်လွယ်ငှက်ကို မြင်ဖူးသူ ရှားကြလိမ့်မယ် လို့ ထင်မိပါတယ်။ ကျွန်တော် တခါပဲမြင်ဖူးခဲ့တာပါ။ သူက ထူးဆန်းတာက သာမန်သစ်ပင် တွေပေါ်ကို မအိပ်တက်တာပါပဲ။ သူအိပ်တဲ့ သစ်ပင်ကို တွေ့ခဲ့ရင်တော့

ကံထူး တာပါပဲနော်။ အဲဒီ အပင်ရဲ့ အသားကို မိမိ လက်သူကြွယ်ခန့် တိုင်း၍ ဖြတ် အိမ်မှာ ဘုရားထု ကိုးကွယ်ပါတဲ့။ မြန်စွာကြီးပွား ပါလိမ့်မယ်နော်။ ဒိထက်နည်း သိချင်ရင် သူ့ကိုအမိဖမ်း ကြိုးခပ်တိုတို ပဲထားပြီး မြေပြင်ပေါ် ထားပါ။

သူကြာကြာ နေတဲ့ နေရာရဲ့ အောက်မှာ ရတနာပစ္စည်း ရှိ တယ်လို့ မှတ်သားဖူးပါတယ်နော်။ဖဲ ရိုက်တိုင်း နိုင်ချင်ပါသလား။ သရဲတစ္ဆေတွေနဲ့ မလုပ် ရပါ။ ဒါပေမယ့် ငရဲတော့ကြီး လှတယ်ဗျာ။ ဗဟုသုတ အနေနဲ့ မှတ်ချင် မှတ်ထားပေါ့။

မြွေအသေး တစ်ကောင်က ဖားတကောင်ကို မြိုနေချိန် ပြီးခါနီးမှာ မြွေခေါင်းကို ဓားနဲ့ဖြတ် ရမှာပါနော်။ မြွေလည်းသေ ဖားလည်းသေပေါ့အဲဒီ အနေအထားအတိုင်း မပုပ်ပဲ

မြန်မြန်ခြောက် သွားအောင် ပြုလုပ်ပြီး ဆောင်ထား ရုံပါပဲတဲ့။ မသာဖဲဝိုင်းမရိုက်ရပါ။ တခြားဝိုင်း ကြိုက်သလို ရိုက်။ နိုင်ပါ လိမ့်မယ်နော်။ နိုင်သမျှရဲ့ ၃ပုံတပုံကို အမြဲတမ်း လမ်း၄ခွ နေရာမှာ စွန့်ပစ် ရမှာပါနော်။

Be the first to comment

Leave a Reply

Your email address will not be published.


*