ဘယ်နေရာ ရောက်ရောက် ဓာတ်ပုံရိုက်တတ်သူတွေသာ ရနိုင်တဲ့ ကောင်းကျိုးလေးများ

ဓာတ်ပုံရိုက်တယ်ဆိုတာ သိပ်ကိုကောင်းတဲ့ အလေ့အထ တစ်ခု ဖြစ်ပါတယ်။ ဘယ်နေရာပဲ ရောက်ရောက် ဓာတ်ပုံချည်းပဲ ရိုက်နေတာမျိုးက မယဉ်ကျေးရာ ရောက်သလို ဖြစ်စေတယ်ဆိုပေမယ့်လည်း ဓာတ်ပုံရိုက်တာက ကောင်းတဲ့ အချက်တွေ ရှိနေပါသေးတယ်။ ဓာတ်ပုံတွေ အလွယ်တကူ ရိုက်ယူထားလို့ ရတဲ့ ခေတ်မှာတော့ အခုလို ခံစားခွင့်တွေ ရှိနေပါတယ်။

(၁) ပြန်မြင်နိုင်တဲ့ အမှတ်တရတွေ


အတိတ်တွေဆို စိတ်ကူးပုံရိပ်တွေနဲ့ ပြန်လွမ်းကြရတာပါ။ ဒါပေမယ့်လည်း ဓာတ်ပုံတွေကတော့ အတိတ်တွေကို ပြန်ပြီးတော့ မြင်ယောင်စေနိုင်ပါတယ်။ ဓာတ်ပုံတွေကို ပြန်ကြည့်ရင်း ကိုယ်က အဲ့နေရာကို ရောက်ခဲ့တယ်ဆိုတဲ့ အမှတ်တရတွေကို ပြန်ပြီး သတိရလာစေနိုင်ပါသေးတယ်။

(၂) ပြန်လွမ်းနိုင်တယ်

ဓာတ်ပုံတွေဆိုတာ အတိတ်ကို အကောင်းဆုံး လွမ်းလို့ ရနိုင်ပါတယ်။ အဲ့ဒီနေရာမှာ ကိုယ့်ရဲ့ အမှတ်တရတွေ ရှိနေခဲ့ကြောင်းကို ပုံတွေက အကောင်းဆုံး သက်သေခံပြီး သင့်ကို ပြန်ကြည်နူးစေပါလိမ့်မယ်။ ခရီးသွားတိုင်း ဓာတ်ပုံလှလှလေးတွေ ရိုက်ထားတာက သင့်အတွက် အကောင်းဆုံး အမှတ်တရတွေ ဖြစ်နေမှာပါ။

(၃) အချက်အလက်တွေ

ဓာတ်ပုံတွေက ကိုယ့်အတွက် အချက်အလက်တွေပါပဲ။ ကိုယ့်ရဲ့ ဒိုင်ယာရီ ဆိုရင်လည်း ဟုတ်ပါတယ်။ ဘယ်နေ့မှာ ဘယ်ကို သွားတယ်ဆိုတာတွေကို ဓာတ်ပုံတွေက ပြန်ပြောပြပေးနိုင်ပါတယ်။ ဓာတ်ပုံတွေက သင့်ရဲ့ ဖြတ်သန်းမှုတွေကို ဖော်ပြနေတဲ့ သင့်ရဲ့ ဒိုင်ယာရီစာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်နော်။

(၄) သင့်ရဲ့ ပြောင်းလဲမှုတွေ

တစ်နှစ်နဲ့ တစ်နှစ် လူတွေက အမျိုးမျိုး ပြောင်းလဲနေတာပါ။ ကိုယ်က ဘယ်လိုတွေ ပြောင်းလဲသွားမလဲဆိုတာကို ကြိုပြီး မြင်လို့ ရတာတော့ မဟုတ်ပါဘူး။ ဓာတ်ပုံတွေကတော့ ကိုယ်က ဘယ်လောက်တောင် ပြောင်းလဲသွားခဲ့တယ်ဆိုတာကို ဖော်ပြနိုင်တဲ့ အရာတွေလည်း ဖြစ်ပါတယ်။

(၅) ကြည်နူးစရာ ဝမ်းနည်းစရာ

ဓာတ်ပုံတွေက တကယ့်ကို ကြည်နူးစရာ ကောင်းပါတယ်။ ကလေးဘဝကိုလည်း ပြန်ကြည်နူးလို့ ရသလို ကျောင်းသားဘဝကို ပြန်တွေးပြီး ဝမ်းနည်းလို့လည်း ရပါတယ်။ နှစ်တွေ တစ်ရွေ့ပြောင်းလာကြတဲ့ ပုံရိပ်တွေကို ဓာတ်ပုံတွေကနေ ပြန်မြင်ရတာ တကယ့်ကို သဘောကျစရာကောင်းပါတယ်။
ဒီလိုမျိုး ခံစားမှု မျိုးစုံကို ဓာတ်ပုံတွေ ရိုက်ထားတဲ့သူတွေပဲ သိတာပါနော်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*