မျက်နှာပေါ်ရှိ အမဲစက် ၊ အမဲကွက် နှင့် အမာရွတ်များကို ၅ရက်အတွင်း ပျောက်ပျက်စေနိုင်မယ့် နည်းလမ်း

မျက်နှာပေါ်ရှိ အမဲစက် ၊ အမဲကွက် နှင့် အမာရွတ်များကို ၅ရက်အတွင်း ပျောက်ပျက်စေနိုင်မယ့် နည်းလမ်း

မျက်နှာမှာ ရှိတတ်တဲ့ အမဲစက်တွေနဲ့ ဝက်ခြံကြောင့်ကျန်ခဲ့တဲ့ အမာရွတ်တွေ ၊ အမဲကွက်တွေကို ၅ရက်အတွင်း သိသိသာသာ ပျောက်ကင်းစေပြီး မျက်နှာအသားအရေကို ဖြူဝင်းတောက်ပစေမယ့် နည်းလမ်းကောင်းတစ်ခုကို ဖော်ပြပေးချင်ပါတယ် ။

ပါဝင်ပစ္စည်း
အာလူး – ၁လုံး
သံပုယိုသီး – ၁စိတ်

ပြုလုပ်ပုံ

ပထမဦးစွာ အာလူးကို အခွံခွာပါ ။ ထို့နောက် ခပ်သေးသေးလေးတွေ လှီးပြီး blender ဖြင့် ကြိတ်ပါ ။ ပြီးလျှင် ခွက်သန့်သန့်တစ်ခုထဲသို့ ကြိတ်ထားသော အာလူးတွေကို ရေစစ် (သို့) ဇကာစိတ်စိတ်ခံ၍ လောင်းထည့်ပါ ။

ခွက်ထဲတွင် အာလူးအရည် သန့်သန့်သာ ကျန်ပါလိမ့်မည် ။ ထိုအထဲသို့ သံပုယိုသီးတစ်စိတ်ကို ညှစ်ထည့်ပြီး မွှေလိုက်ပါ ။ ပြီးလျှင် ဂွမ်းလုံးလေးဖြင့် စိမ်ပြီး မျက်နှာအနံှ့ ပွတ်ပေးပါ ။ အမာရွတ် ၊ အမဲစက်ရှိသော နေရာသို့ အဓိကထားပြီး ပွတ်ပေးပါ ။

ထို့နောက် ခြောက်သွေ့အောင် ၁၀မိနစ်ခန့် ထားပြီးလျှင် ရေသီးသန့်ဖြင့် ဆေးကြောလိုက်ရုံပါပဲ ။ တစ်နေ့တစ်ကြိမ် ပုံမှန်ပြုလုပ်လျှင် လုံလောက်ပါသည် ။ ပိုပြီး ထိရောက်ချင်လျှင်တော့ တစ်နေ့ နှစ်ကြိမ်နှုန်းဖြင့် တစ်ပါတ်ခန့် ပြုလုပ်ပေးနိုင်ပါသည် ။

Be the first to comment

Leave a Reply

Your email address will not be published.


*