ငယ်ငယ်ရွယ်ရွယ်နဲ့ဆံပင်ဖြူတွေပေါက်နေလို့ စိတ်ညစ်နေတဲ့သူတွေအတွက်…

ငယ်ငယ်ရွယ်ရွယ်နဲ့ဆံပင်ဖြူတွေပေါက်နေလို့ စိတ်ညစ်နေတဲ့သူတွေအတွက်…

ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူပေါက်တာမျိုးတွေရှိကြပါတယ်။အဲ့ဒီအခါ ဆေးအမည်းပြန်ဆိုးရတာနဲ့ ကြာတော့ ဆံပင်တွေလည်းပျက်စီးလာပါရော။တစ်ပင်နှစ်ပင်လောက်က ပြဿနာမရှိပေမဲ့ နည်းနည်းလေးများလာပြီဆိုရင်တော့ စိတ်ညစ်ရမှာအမှန်ပါပဲ။ဆံပင်လည်းပြန်မည်းချင်တယ်။ဆံပင်ပျက်စီးတာလည်းမဖြစ်ချင်ဘူးဆိုတဲ့သူတွေအတွက် သဘာဝအတိုင်းဆံသားပြန်လည် မည်းနက်စေမယ့် နည်းလမ်းကောင်းလေးတွေပြန်ပြီးဝေမျှပေးပါမယ်။ဘယ်လိုနည်းလမ်းကောင်းလေးတွေလဲဆိုရင်…

*အုန်းဆီနဲ့သံပုရာရည်

ဆံပင်အတွက်လုံလောက်တဲ့အုန်းဆီအနည်းငယ်ရယ်၊သံပုရာရည်စားပွဲတင်ဇွန်းသုံးဇွန်းရယ်ကိုရောစပ်ပြီးဦးရေပြားတစ်ဝိုက်ညင်သာစွာလိမ်းပါ။ပြီးရင်ဆံသားတွေကိုသေချာဖြီးပါ။တစ်နာရီလောက်ထားပြီးရင် ခေါင်းလျှော်ရည်အပျော့စားလေးနဲ့ လျှော်ပေးနိုင်ပါပြီ။ဒီနည်းလေးကို တစ်ပတ်ကို
၂ခါဖြစ်စေ သုံးခါဖြစ်စေလုပ်ပေးပါ။

*Almond ဆီ
ဆံပင်ဖြူလာတာသတိထားမိတဲ့အခါ Almond ဆီလေးနဲ့ပုံမှန်နှိပ်နယ်လိမ်းပေးမယ်ဆိုရင် ဆံသားတွေပြန်ပြီးနက်မှောင်လာနိုင်ပါတယ်။Almond ဆီကဆံသားကိုပြန်ပြီးအားဖြည့်ပေးတဲ့အတွက် တစ်လလောက်ပုံမှန်လိမ်းပေးမယ်ဆိုရင် သိသာတဲ့ရလဒ်ကိုမြင်တွေ့ရမှာပါ။

*အာလူး

အာလူးလေးတွေကို ရေနွေးပွက်ပွက်ထဲထည့်ပြုတ်လို့ ရလာတဲ့အရည်ကိုအအေးခံပါ။ပြီးရင် အဲ့ဒီအရည်ကို ဆံသားအနှံလောင်းချပေးတာကလည်းဆံပင်သားတွေပြန်ပြီးနက်မှောင်လာစေတယ်လို့သိရပါတယ်။ဆံသားအရောင်လည်းတောက်ပစေပြီး သန်မာလာစေပါတယ်။
*Black coffee

Black coffee မှုန့်ကို Hair mask အဖြစ် သုံးပေးတာကလည်း သဘာဝအတိုင်းဆံသားနက်မှောင်လာစေတဲ့နည်းလေးပါ။ကော်ဖီမှုန့်အနည်းငယ်ကိုရေနဲ့ရောစပ်လို့ရလာတဲ့အနှစ်တွေကို ဆံသားအရင်းကနေ အဖျားထိလိမ်းပေးပါ။ပေါင်းတင်သလိုဖြစ်တဲ့အပြင် ဆံသားကိုလည်းနက်မှောင်သန်စွမ်းလာစေပါတယ်။

*ထောပတ်သီး
ထောပတ်သီးကလည်း ဗီတာမင်ဘီ၊ဗီတာမင် 12 ပါဝင်တဲ့အတွက် သဘာဝအတိုင်း ဆံသားနက်မှောင်သန်စွမ်းစေပါတယ်။အသက်အရွယ်ရလာရင်တောင်သူများတွေထက် ဆံပင်ဖြူတာနှေးချင်တယ်ဆိုရင် ထောပတ်သီးကို Hair mask အဖြစ်ပုံမှန်သုံးပေးသင့်ပါတယ်။ထောပတ်သီးကိုကြိတ်ချေပြီးရလာတဲ့အနှစ်တွေကို ဆံသားအနှံ့လိမ်းပေးပါ။တစ်ပတ်ကိုတစ်ခါပုံမှန်လုပ်ပေးသွားရင် ဆံသားခြောက်သွေ့ကြမ်းတမ်းတာတွေအတွက်ပါ ဖြေရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်။

*ငရုတ်ကောင်း

ငရုတ်ကောင်းကလည်း ဆံပင်ဖြူတာကိုကာကွယ်ပေးနိုင်ပြီး ဆံသားနက်မှောင်လာစေပါတယ်တဲ့။ငရုတ်ကောင်းအမည်းစေ့လေးတွေကိုကြိတ်ချေပြီး သံပုရာရည်အနည်းငယ်နဲ့ရောစပ်လိုက်ပါ။ပြီးရင် ဦးရေပြားပေါ်လိမ်းပေးပါ။၁၅မိနစ်၊နာရီဝက်လောက်ကြာတဲ့အခါ ရေနဲ့သေချာဆေးချပြီး ပုံမုှန်ခေါင်းလျှော်သလို လျှော်ပေးလို့ရပါပြီ။ဒါက ဦးရေပြားမှာဖြစ်တတ်တဲ့ဝက်ခြံနဲ့ဗောက်တွေကိုပါ သေစေနိုင်ပါတယ်။

ဒီနည်းလမ်းလေးတွေက ဆံပင်ဖြူစပေါက်နေတဲ့လူငယ်လေးတွေအတွက်ပဲ ပိုပြီးအသုံးဝင်စေမှာပါ။ဆံပင်လုံးဝဖြူနေတဲ့ လူကြီးတွေအတွက်တော့ ဒီနည်းလမ်းလေးတွေက ဆံပင်ကိုလုံးဝပြန်ပြီးမည်းနက်စေတာထက် ဆံပင်အုံပိုကောင်းလာပြီး ဆံပင်တွေမကျွတ်တော့အောင်၊အရင်လိုဆံသားမြန်မြန်ဖြူတာမျိုးမဖြစ်စေတော့အောင် ဆံသားထိန်းသိမ်းပေးတာမျိုးပဲအသုံးဝင်နိုင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*