ငွေကုန် ခံပြီး စက်ဆွဲစရာမလိုဘဲ ဆံပင် ကို ဖြောင့်စင်းစေမ ည့် သဘာဝ ပေါင်းတင်နည်း

ဓာတုဆေးသုံးပြီး၊ အပူပေးပြီး ဆံပင်ဖြောင့်ခြင်းက ပျိုမေတို့ဆံကေသာကိုခြောက်သွေ့ပျက်စီးစေတဲ့အပြင် ဆံသားကိုပြောင်းသွားစေတာမျိုး၊ ဆံပင်တွေ အရမ်းကျွတ်ပြီး ပါးသွားတာမျိုးတွေဖြစ်စေတာကြောင့် ခဏ ခဏဆံပင်ဖြောင့်လို့မကေ

ာင်း ဘူးနော်။ ဒီတော့ ဓာတုဆေး မသုံး၊ ဖြောင့်စက်မလိုဘဲ သဘာဝအတိုင်းဆံပင်လေးတွေဖြောင့်စင်းအောင် လုပ်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကိုဖော်ပြပေးချင်ပါတယ်။

(၁) ကြက်ဥအကာ နဲ့ဒိန်ချဉ်။ကြက်ဥအကာတစ်လုံး၊ ဒိန်ချဉ်နှစ်ဇွန်းတို့ကိုရောမွှေပြီး ဆံပင်အရင်းကနေအဖျားထိလိမ်းပေးပါ။ နာရီဝက်ကြာရင်ရေနွေးနွေးလေးနဲ့ပြန်ဆေးချပြီး ခေါင်းပြန်လျှော်ပေ းလိုက်ကာ သဘာဝအတိုင်းအခြောက်ခံ

ပေးလိုက်ပါ။ ခြောက်သွားတဲ့အခါ ဘီးအစိပ်လေးနဲ့ဖြီးပေးလိုက်ရုံနဲ့ သဘာဝအတိုင်းဖြောင့်စင်းတဲ့ဆံကေသာကိုရရှိပါလိမ့်မယ်။

(၂) ငှက်ပျောသီးနဲ့ပျားရည်။ငှက်ပျောသီးမှည့်တစ်လုံး၊ ပျားရည်တစ်ဇွန်းတို့ကို သမအောင်မွှေလိုက်ပြီး ဆံပင်အနှံ့လိမ်းပေးပါ။ မိနစ်နှစ်ဆယ်လောက်ထားပြီး ရေအေးနဲ့ပဲခေါင်းလျှော်ပေး လိုက်ပါ။ သဘာဝအတိုင်းအခြောက်ခံပြီး ဘီး

လေးနဲ့ဖြီးပေးလိုက်ရင် ဆံပင်လေးတွေဖြောင့်စင်းသွားပြီး အစိုဓာတ်လည်းပြည့်ဝလာပါလိမ့်မယ်။

(၃) အုန်းဆီနဲ ပျားရည်။အုန်းဆီနှစ်ဇွန်းနဲ့ ပျားရည်နှစ်ဇွန်းဆတူရောပြီး ဆံပင်အရင်းကနေအဖျားထိရွှဲနေအောင်လိမ်းပေးပါ။ နာရီဝက်လောက်ထားပြီး ရေနွေးလေးနဲ့ခေါင်းလျှော်ပေးပြီး သဘာဝ အတိုင်းအခြောက်ခံပေးလိုက်ပါ။ ဆံပင်

သားလေးတွေ သိသိသာသာနူး ညံ့ပြီးဖြောင့်စင်းသွားတာကိုတွေ့ရပါလိမ့်မယ်။

(၄) အုန်းနို့နဲ့ လိမ္မော်ရည်။အုန်းနို့အနည်းငယ်ကို ခွက်ထဲထည့်ကာ လိမ္မော်သီးတစ်လုံးကို အရည်ညှစ်ထည့်လိုက်ပါ။ ရလာတဲ့ အရည်နဲ့ဆံပင်အဖျား ထိရွှဲနေအောင်လောင်းချပေးပြီး ၁၅ မိနစ်လောက် ထားကာ ရေနွေးလေးနဲ့

ခေါင်းလျှော်ပေး လိုက်ပါ။ ဆံပင်လေးတွေဖြောင့်စင်းသွားပြီး လိမ္မော်ရည်မှာ ပါဝင်တဲ့ ဗီတာမင် စီအစွမ်းကြောင့် ဆံသားလေးတွေချောမွတ်တောက်ပြောင်လာပါလိမ့်မယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*