နေ့စဉ်နေ့တိုင်း ညမအိပ်ခင် ကိုယ့်ကိုကိုယ် ဒီမေးခွန်းလေးတွေ ပြန်မေးကြည့်ပါ

လူအများစုဟာ တစ်နေ့တာ အလုပ်တွေ လုပ်ပြီးချိန်မှာ ပင်ပန်းတဲ့အတွက် အိပ်ရာ တန်းဝင်ကြတာများပါတယ်။ မဟုတ်ရင်လည်း အနားယူလေ့ ရှိကြပါတယ်။ ဒါပေမယ့် သင်ဟာ သင်မျှော်လင့်ထားတဲ့ အခြေအနေတစ်ခုခုကို ရောက်နိုင်ဖို့ အောင်မြင်မှု ရနိုင်ဖို့အတွက် နေ့တစ်နေ့ ကုန်ဆုံးခါနီးတိုင်း ကိုယ့်ကိုကိုယ် ပြန်မေးသင့်တဲ့ မေးခွန်းလေးတွေရှိပါတယ်။ အဲဒါတွေကတော့

၁။ ငါဒီနေ့ ဘာတွေလုပ်ခဲ့လဲ။


အားလုံးသိတဲ့ အတိုင်းပဲ အချိန်တွေကုန်တာ အရမ်းမြန်ပါတယ်။ တစ်နေ့တာ ဆိုတာ မသိလိုက်ခင်မှာပဲ ကုန်ဆုံးသွားရတာပါ။ ဒါကြောင့် ဒီနေ့ဆိုတဲ့ တစ်နေ့တာကို ကုန်လွန်စေပြီးတဲ့နောက် ဒီနေ့ ဘာတွေလုပ်ခဲ့လဲ ဆိုတာကို ပြန်စဉ်းစားကြည့်ရပါမယ်။ ငါဘာတွေ အလဟသ ဖြစ်စေခဲ့လဲ။ နောက်နေ့တွေကို ဒီနေ့ထက် အကျိုးရှိအောင် ဘယ်လိုဖြတ်သန်းရမလဲ ဆိုတာကို ချင့်ချိန်သင့်ပါတယ်။

၂။ ငါဒီနေ့ဘာတွေ သင်ကြားခဲ့ရလဲ။

လူတစ်ယောက်မှာ မသိသေးတာတွေ အများကြီးရှိပါတယ်။ တစ်နေ့ထက်တစ်နေ့သာ ကုန်ဆုံးသွားတယ် ၊ ဦးနှောက်ထဲမှာ ရှိတဲ့ အသိဉာဏ်တွေဟာ ဒုံရင်းက ဒုံရင်း ပဲဆိုရင်တော့ သင် ဒီနေ့ အချိန်တွေဖြုန်းခဲ့ပါတယ်။ နောက်နေ့တွေကျရင်တော့ ရတဲ့အချိန်မှာ စာအုပ်ဖတ်တာပဲဖြစ်ဖြစ် YouTube မှာ အချိန်ကုန်ဆုံး စေတာပဲဖြစ်ဖြစ် သင်လုပ်ဖို့ လိုနေပါပြီ။

၃။ ငါ့ကို ဒီနေ့ ဘာတွေက ရယ်မောစေခဲ့သလဲ။

သင်ဟာ ဒီနေ့ ဘာတွေကြောင့် ရယ်မောခဲ့ရတာလဲ။ သင်ဒါတွေကို ပြန်တွေးကြည့်ရုံနဲ့တင် ရယ်မောနိုင်မှာပါ။ ဒါဆို နောက်နေ့တွေလည်း ဒီလိုရယ်မောနိုင်အောင် ဘယ်လိုလုပ်မလဲ။ နေ့စဉ် အလုပ်လုပ်နေရတဲ့ဘ၀ မှာ ပင်ပန်းမှုတွေ သက်သာစေဖို့ ရယ်မောပေးဖို့ လိုအပ်ပါတယ်။ ရယ်မောခြင်းဟာ အသက်ရှည်စေပါတယ်။

၄။ ငါဘာတွေအတွက် ဆုတောင်းပေးရမလဲ။

အဓိက ဆုတောင်းပေးရမှာကတော့ သင့်ကို ချစ်ခြင်းအားဖြင့် စိတ်ကျေနပ်စေခဲ့တဲ့ မိဘ ၊ဆွေမျိုးများ ၊ လက်တွဲဖော်နဲ့ သူငယ်ချင်းတွေ အတွက် ဆုတောင်းပေးရပါလိမ့်မယ်။ အကြွေမရှိလို့ ဈေးလျှော့ပေးလိုက်တဲ့ တက္ကစီ သမား အတွက်လည်း ဆုတောင်းပေးရပါမယ်။ သင့်ကို ပျော်ရွှင်စေခဲ့တဲ့ အရာတွေအတွက် မမေ့မလျော့ ကျေးဇူးတင်နေသင့်ပါတယ်။

၅။ ငါ့ မျှော်လင့်ချက်နဲ့ နီးနေပြီလား။

သင်ဘာဖြစ်ချင်တာလဲ ဆိုတာကို သင် အသိဆုံးပါ။ ဒါကြောင့် သင်ရဲ့ အိပ်မက်တွေကို ချရေးကြည့်ပါ။ သင်ဘယ်လောက် အတိုင်းအတာ အထိ ခရီးရောက်နေပြီလဲ သိလာပါလိမ့်မယ်။ ဒါဆိုရင် နောက်နေ့တွေမှာ သင့်အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ သင်ဘာဆက်လုပ်ရမလဲ ဆိုတာကို အဖြေရှာနိုင်ပါလိမ့်မယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*