သရဲကပ်ငြိနေသည်ဟုယူဆခြင်းခံထားရသည့် အရာဝတ္ထုများ

နည်းပညာတွေ သိပ္ပံနည်းကျ ရှာဖွေမှုအသစ်တွေ များစွာ တိုးတက်နေတဲ့ ကမ္ဘာကြီးမှာ ခုချိန်ထိ အဖြေထုတ်လို့မရသေးတဲ့ ထူးဆန်းအံ့သြဖွယ်အဖြစ်အပျက်တွေရှိနေသေးတယ်ဆိုတာ မယုံဖူး ကြုံဖူးမှသိဆိုသလို ကိုယ်တိုင်ကြုံမှပဲယုံကြည်ကြမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် လူသားတွေယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ အဲဒီလို ထူးဆန်းထိတ်လန့်ဖွယ်အဖြစ်အ ပျက်တွေနဲ့အတူ အရာဝတ္ထုတွေလည်း ရှိနေပါတယ်။
သိပ္ပံနည်းကျအဖြေရှာလို့မရတဲ့ အရာဝတ္ထုတွေများစွာထဲကမှ သရဲ၊ တစ္ဆေ၊ ဝိဉာဉ် ဆိုတာတွေက လက်တွေ့အကောင်အ ထည်အလိုက်သက်သေပြဖို့ ခက်ခဲတဲ့အတွက် ပိုပြီး အဖြေရှာရခက်ခဲပါတယ်။အဲဒီလို ကမ္ဘာ့ထူးဆန်းအံ့သြဖွယ်၊ ကြောက် စရာကောင်းဆုံးအရာဝတ္ထုတွေထဲကမှ သရဲ၊ ဝိဉာဉ်၊ ပရလောကရဲ့ ထူးဆန်းဖွယ်အရာဝတ္ထုတွေကို စိတ်ဝင်စားဖွယ် စုစည်း ဖော်ပြပေးလိုက်ပါတယ်။

The Conjure Chest

Conjure ဆိုတဲ့ စကားလုံးကိုတော့ Shwemomပရိသတ်ကြီး ရင်းနှီးပြီးသားဖြစ်မှာပါ။ ထိတ်လန့်ဖွယ် သရဲ၊ ဝိဉာဉ်ဇာတ်ကား ရိုက်ကူးရလောက်တဲ့အထိ နာမည်ကြီးလာခဲ့တဲ့ သေတ္တာတစ်လုံးပါ။လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ကျော်လောက်က Jacob Cooleyဆိုတဲ့ လူတစ်ယောက်က သူကလေးအတွက် သူ့ရဲ့ အစေခံတစ်ယောက်ဖြစ်တဲ့ အာဖရိကန်-အမေရိကန်နွယ်ဖွား Hoseaဆိုတဲ့လူကို သေတ္တာတစ်လုံး ပြုလုပ်ဖို့ ခိုင်းခဲ့ပါတယ်။အစေခံ Hoseaကလည်း သူ့သခင်ခိုင်းတဲ့အတိုင်း သေတ္တာကို ပြုလုပ်ပေးခဲ့ပေမယ့် သူ့သခင် Jacob Cooleyက သေတ္တာကို သဘောမကျခဲ့ ပါဘူး။ဒါကြောင့် Jacob Cooleyက အစေခံကို သေဆုံးတဲ့အထိ ရိုက်နှက်ပစ်ခဲ့ပါတယ်။အစေခံ Hoseaရဲ့ လက် အောက်ခံ ဆွေမျိုးသားချင်းတွေက Jacob Cooleyကို ပြန်ပြီး လက်စားချေဖို့ စီစဉ်ခဲ့ကြပါတယ်။အဲဒီနောက် သူတို့ ဟာ မှော်ဆရာကိုခေါ်ပြီး သေတ္တာကို ကျန်စာတိုက်ခိုင်းခဲ့ပါတယ်။Jacob Cooleyရဲ့ သားဦးလေး အပါအဝင် Cooleyရဲ့ သွေးရင်းဆွေမျိုး ၁၇ယောက်ကို ပါကျိန်စာတိုက်ခဲ့ပါတယ်။ဒါကြောင့်အဲဒီသေတ္တာ ဟာ မှော်ဆရာမရဲ့ ကျိန်စာ သင့်နေတာဖြစ်ပါတယ်။အခုတော့ အဲဒီသေတ္တာကို ဂျာမနီနိုင်ငံ၊ ဖရန့်ခ်ဖို့ မြို့မှာ ရှိတဲ့ The Kentucky History Museumမှာ ပြသထားပါတယ်။

The Cursed Painting of The Crying Boy

ဒီ ငိုနေတဲ့ ကလေးငယ်တစ်ယောက်ရဲ့ ပန်ချီကားကို အီတလီ လူမျိုး ပန်းချီဆရာ Bruno Amadio က ရေးဆွဲခဲ့တာဖြစ် ပြီး ၁၉၅၀ပြည့်နှစ်ကနာမည်ကြီးခဲ့တဲ့ ပန်းချီကားလည်းဖြစ်ပါတယ်။အဲဒီ ခေတ်အခါက ငိုနေတဲ့ကလေးငယ်ယောက်ျားလေး ၊မိန်းကလေးသရုပ်ဖော်ပုံတွေ ရေးဆွဲတာခေတ်စားခဲ့ပါတယ်။ဒါ့အပြင် အဲဒီပန်းချီကားဟာ ကျိန်စာတိုက်ခြင်းခံခဲ့ရပါတယ်။ ၁၉၈၅ ခုနှစ်၊ စက်တင်ဘာလ ၄ရက်နေ့မှာတော့ ဗြိတိန်နိုင်ငံရဲ့ နာမည်ကြီး သတင်းစာတစ်ခုဖြစ်တဲ့ The Sun သတင်းစာ ကနေ မီးလောင်မှုတစ်ခုကနေ မီးလောင်နေတဲ့ အိမ်အပျက်အစီးတွေကြားမှာ ပျက်စီးခြင်းမရှိတဲ့ ပန်းချီကားတွေအ ကြောင်းကို ရေးသားဖော်ပြခဲ့ပါတယ်။ လအနည်းငယ်ကြာတဲ့အခါ အဲဒီပန်းချီကား ပိုင်ဆိုင်တဲ့ အိမ်တွေ မီးလောင်ခြင်းခံရတယ်ဆိုတာကို ဖော်ပြခဲ့ပြန်ပါတယ်။ဗြိတိန်စာရေးဆရာနဲ့ ဟာသလူရွှင်တော် Steve Puntက ဘီဘီစီ သတင်းရေဒီယိုမှာ Punt Pi ခေါင်းစဉ်နဲ့ အဲဒီ ကျိန်စာတိုက်ခံထားရတဲ့ Crying Boy ပန်းချီကားအကြောင်းကို စူးစမ်းလေ့ လာမှုတွေပြုလုပ်ခဲ့ပါတယ်။ဒီပန်းချီကားမှာ ထူးခြားလေးနက်တဲ့ နောက်ခံသမိုင်းကြောင်းရှိနေတယ်ဆိုတာသိခဲ့ရပြီး ဒီပန်း ချီကားရဲ့ အဖြေကို ရှာဖို့ သုတေသနပြုလုပ်ဖို့ စမ်းသပ်အဆောက်အဦးတွေ ဆောက်လုပ်ပြီး ပန်းချီကားကို အဲဒီအဆောက် အဦးမှာ ထားပြီး လေ့လာမှုပြုလုပ်ခဲ့ပါတယ်။အဲဒီနောက် အဆောက်အဦးကိုမီးရှို့စမ်းသပ်တဲ့အခါမှာတော့ ပန်းချီချိတ်ဆွဲ ထားတဲ့နံရံတွေသာ ပျက်စီးပြီး ပန်းချီကားကတော့ ကြမ်းပြင်ပေါ် မှောက်လျက်အနေအထားနဲ့ သူ့ကိုယ်သူကာကွယ်တဲ့ ပုံစံမျိုးရှိနေကာ ပျက်စီးခြင်းမရှိတာကို တွေ့ခဲ့ရပါတယ်။အဲဒီထက်ပိုပြီး ဒီပန်းချီကားရဲ့ ဘာသဲလွန်စတစ်စုံတစ်ရာကိုမှ ရှာဖွေ တွေ့ရှိခဲ့ခြင်းမရှိသေးပါဘူး။ဒီ ပန်းချီကားနဲ့ပတ်သက်ပြီး ၂၀၁၂ခုနှစ်က တီဗွီ အစီအစဉ်ရိုက်ကူးခဲ့ပါသေးတယ်။

Annabelle-The Possessed Doll

ဒီအရုပ်လေးကတော့ ဝိဉာဉ်၊ သရဲ ပူးကပ်နေတဲ့ အရုပ်လေးဖြစ်ပြီး ရုပ်ရှင်ရိုက်ကူးရလောက်တဲ့အထိ ထိတ်လန့်အံ့သြဖွယ် အဖြစ်အပျက်တွေဖန်တီးခဲ့တဲ့ အရုပ်လေးဖြစ်ပါတယ်။အမေရိကန်နိုင်ငံက The Warren’s Occult Museum in Monroe,Connecticut မှာရှိတဲ့ အဝတ်အစားညစ်ပေပေနဲ့ အရုပ်ကလေးဖြစ်ပါတယ်။ဒီအရုပ်ကလေးနဲ့ပတ်သက်တဲ့ ထိတ်လန့်ကြောက်မက်ဖွယ်အဖြစ်အပျက်တွေကို အခုချိန်ထိ သက်သေအထောက်အထားနဲ့ ဖော် ထုတ်နိုင်ခြင်းမရှိသေး ပါဘူး။စိတ်ရောဂါအထူးကုဆေးပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေကတော့ အရုပ်မှာ သေဆုံးသွားတဲ့ Annabelle Higgins အမည်ရှိမိန်းကလေးရဲ့ ဝိဉာဉ်ပူးကပ်နေတယ်လို့ဆိုပါတယ်။ဒီအရုပ်ကို လက်ခံခဲ့တဲ့ သူနာပြုဆရာမတွေအနေနဲ့ အရုပ်ရဲ့ ခြောက်ခြားဖွယ်ရာတုန့်ပြန်မှုတွေကို ခံရတဲ့အတွက် ပြတိုက်တာဝန်ရှိသူတွေကို ဆက်သွယ်အပ်နှံခဲ့ပါတယ်။ပြ တိုက်တာဝန်ရှိသူတွေက အရုပ်ကို မှန်လှောင်အိမ်ထဲမှာ သီးသန့် ထိန်းသိမ်းခဲ့ပါတယ်။တစ်နေ့မှာတော့ မော်တော်ဆိုင် ကယ်သမားတစ်ယောက်က ပြတိုက်ကို သူ့ချစ်သူနဲ့အတူလာရောက်လာပတ်ခဲ့ပြီးအဲဒီအရုပ်ကို တွေ့ရှိရာမှ အရုပ်ကို စနောက် လှောင်ပြောင်ခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ ဆိုင်ကယ်သမားဟာ ပြတိုက်ကအပြန်လမ်းမှာ သစ်ပင်ကို ဝင်တိုက်မိပြီး သေဆုံးသွားခဲ့ပါတယ်။ပြတိုက်က တာဝန်ရှိသူတွေကတော့ အရုပ်က သူ့ကို စနောက်လှောင်ပြောင်ခဲ့တဲ့ ဆိုင်ကယ်သမားကို သေစေခဲ့တယ်လို့ ယူဆကြောင်းပြောပါတယ်။

Haunted Wedding Dress

ဒီမင်္ဂလာဝတ်စုံကတော့Elias Bakerဆိုတဲ့ သူကသမီးဖြစ်သူရဲ့ မင်္ဂလာပွဲ အတွက် စီစဉ်ပေးခဲ့တဲ့ ဝတ်စုံဖြစ်ပါတယ်။ ဒါပေမယ့် သတို့သမီး Anna နဲ့လက်ထပ်မယ့်သူ စတီးလုပ်သားကို သဘောမတူခဲ့တဲ့အတွက် မင်္ဂလာပွဲကမကျင်းပဖြစ်ခဲ့ ဘဲ Annaကလည်း ၁၉၁၄ခုနှစ်မှာ အပျိုကြီးဘဝနဲ့ ဆုံးပါးသွားခဲ့ပါတယ်။မင်္ဂလာပွဲမလုပ်ဖြစ်ခဲ့ပေမယ့် မင်္ဂလာပွဲအတွက် ကြိုတင်ပြင်ဆင်ခဲ့တဲ့ ဝတ်စုံကိုတော့ ဖခင် Elias Bakerကပြတိုက်လုပ်ပြီး ထိန်းသိမ်းထားခဲ့ပါတယ်။အဲဒီမင်္ဂလာဝတ်စုံရဲ့ ထူးခြားမှုကြောင့် လူအများစိတ်ဝင်တစားလာရောက်ကြည့်ရှုခြင်းကိုခံခဲ့ရပါတယ်။မှန်လှောင်အိမ်ထဲမှာထည့်ထားတဲ့ မင်္ဂလာ ဝတ်စုံဟာ လှုပ်ရှားနေတတ်ပြီး တခါတလေမှာ ကခုန်နေတတ်ပါတယ်။ဒါကြောင့် ဒီဝတ်စုံမှာ Annaရဲ့ ဝိဉာဉ်ပူးနေ တယ်၊Annaရဲ့ ဝိဉာဉ်ဟာ မင်္ဂလာဝတ်စုံကို စွဲလမ်းပြီး မခွဲနိုင်မခွာရက်ဖြစ်နေတယ်လို့ဆိုကြပါတယ်။

The Myrtles Plantation Mirror

ဒီ မှန်ကတော့ အမေရိကန်နိုင်ငံ၊ Louisiana မှာ ၁၇၉၆ ခုနှစ်က General David Bradford ဆိုသူ တည်ဆောက်ခဲ့ တဲ့ သမိုင်းဝင် အဆောက်အဦးတစ်ခုမှာရှိတာဖြစ်ပါတယ်။ဒီသမိုင်းဝင်အဆောက်အဦးဟာ အမေရိကန်နိုင်ငံရဲ့ ထိတ်လန့် အံ့သြဖွယ်ရာအကောင်းဆုံး အရာတွေစုဝေးနေတဲ့ နေရာဖြစ်ပါတယ်။ဒီအိမ်ကြီးက ရှေးခေတ် အိန္ဒိယလူမျိုးတွေရဲ့ သချိုင်းဂူဖြစ်ခဲ့တယ်လို့ ကောလဟလ တွေနဲ့ နာမည်ကျော်ကြားခဲ့ပါသေးတယ်။လှပပြီး မွှေးကြိုင်တဲ့ ရနံ့ရှိတဲ့ ပန်းတွေ ထင်ဟပ်နေတဲ့ မှန်ကြီးလည်း အဲဒီအိမ်ကြီးထဲမှာရှိပါတယ်။အဲဒီမှန်ကြီးဟာ ဒီအဆောက်အဦးကိုတည်ဆောက်ခဲ့သူ David Bradford သေဆုံးပြီးနောက် အိမ်ကြီးကို ကြီးကြပ်စီမံခန့်ခွဲရတဲ့ Sara Woodruff ဆိုသူ အမျိုးသမီးနဲ့ သူမရဲ့ ကလေးတွေရဲ့ ဝိဉာဉ်တွေကပ်ငြိနေတယ်လို့ဆိုပါတယ်။ဒီမှန်ကြီးကို လာရောက်ကြည့်ရှုသူတွေရဲ့ ပြောပြချက်အရ မှန်မှာ ကလေးတွေနဲ့ Sara Woodruffရဲ့ လက်ရာတွေထင်နေတာကို တွေ့ရတယ်လို့ဆိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*