“မိန်းကလေး တစ်ယောက် ပြောင်းလဲ သွား မှ သစ္စာ မရှိ ဘူး ဆို တဲ့ စကား ကြုံရာ လူ နဲ့ လက်ဆောင် မပါးပါနဲ့”v

မိန်းကလေးတွေ လိုချင်တာ ငွေကြေးချမ်းသာမှု မဟုတ်ပါ ဘူး … ။ သူတို့ဘဝကို နားလည်ပေးနိုင်သူရယ် လုံခြုံမှု ပေးနိုင်သူရယ်ပါ မိန်းကလေး ဆိုတာ အလိုလိုနေရင်း အားငယ်တတ်သူတွေပါ … ။

အဆင်မပြေချိန် စိတ်အားငယ်ရချိန်တွေမှာ သူတို့ ရင်ဖွင့်ချင်တာ သူတို့ ငိုကြွေးချင်တာ ချစ်သူ ရင်ခွင်မှာပါ … ။

ဒါပေမယ့် ယောကျ်ားလေး အများစုက ချစ်တယ်လို့ ပြောပြီးရင် ပြီးသွားပြီ တော်ရုံ ဂရုမစိုက်တတ်ကြဘူး စိတ်မရှည် တတ်ကြဘူး မအားဘူး ဆိုတဲ့ စကားက သူတို့ရဲ့ ဆောင်ပုဒ်ပါပဲ …

ဂရုစိုက်မှု မရှိရင် အချစ်က အလကားပဲလေ ချစ်တယ်ပြောပြီး … ပစ်ထား တတ်တာ ယောကျ်ားလေးတွေ အကျင့် ဆိုရင် သွေးအေးအေးနဲ့ တိတ်ဆိတ် စွာ လမ်းခွဲတတ်တာ မိန်းကလေးတွေ အကျင့် ဆိုတာ မမေ့ပါနဲ့ …. ။

ပေါက်ကွဲလွယ်တဲ့ မိန်းကလေးတွေ အေးစက်ပြီး တည်ငြိမ်သွား ရင် သတိထား အဲ့လို မိန်းကလေးတွေက လူမသတ်ဘူး သူတို့စိတ်ကိုပဲ အသေသတ်ကြတာ မိန်းကလေး တစ်ယောက် ပြောင်းလဲသွားမှ…

သစ္စာမရှိဘူး ဆိုတဲ့ စကား ကြုံရာလူနဲ့ လက်ဆောင်မပါးပါနဲ့ အနားမှာရှိတုန်း ဂရုစိုက်ပါ … ။

အချစ်ပုံပြင်

Credit-

Be the first to comment

Leave a Reply

Your email address will not be published.


*