အပျိုကြီးဖြစ်ရခြင်းရဲ့ မဟာ အားသာချက် (၅) မျိုး

လောကမှာ အပျိုကြီးဆိုတာ ရှားပါးစာရင်းဝင်တွေပါ။ လူတော်တော်များများကလည်း အပျိုကြီးဆိုရင် နောက်ပြောင်ဖို့၊ ကျီစယ်ဖို့လောက်ပဲ တွေးပြီး သူတို့မှာ ဘယ်သူနဲ့မှမတူတဲ့ အခွင့်အရေးတွေ၊ အားသာချက်တွေရှိတယ်ဆိုတာကိုတော့ မသိကြပါဘူး။ ခုဖော်ပြပေးမှာကတော့ အပျိုကြီးဖြစ်နေတဲ့ သူတွေပဲသိနိုင်တဲ့၊ ရနိုင်မယ့် အားသာချက်နဲ့ အကျိုးကျေးဇူးလေးတွေကိုပါ။ ဘာတွေလဲဆိုတာ ကြည့်ရအောင်နော်။

(၁) ကလေးလို နေလို့ရတယ်

အပျိုကြီးဆိုတာ မိဘတွေရှေ့မှာ အမြဲတမ်းကလေးလိုပါပဲ။ အပျိုကြီးတစ်ယောက်ဟာ မိဘတွေကို ကြိုက်သလို ချွဲ၊ ကြိုက်သလို နွဲ့လို့ရတဲ့သူတွေပါ။ အဲလိုမျိုးနေလို့လည်း သူတို့ိကိုဘယ်သူကမှ အပြစ်တင်မှာမဟုတ်သလို၊ ကလေးကြီးတစ်ယောက်လိုတောင် ဝိုင်းချစ်ကြဦးမှာပါ။ တစ်ခါတလေ မိဘတွေဆီကတောင် ကလေးတစ်ယောက်လို မုန့်ဖိုးတောင်းလို့ရပါသေးတယ်။ ဒါကတော့ အပျိုကြီးတွေရဲ့အားသာချက်ပါ။

(၂) မိဘတွေက ပိုချစ်တယ်

မိဘတွေရဲ့မျက်လုံးထဲမှာ အမြဲတမ်းကလေးလို ဖြစ်နေတာကြောင့် တခြား မောင်နှမသားချင်းတွေထက်စာရင် အဖေအမေတို့ရဲ့ အရေးပေးခြင်း၊ ဂရုစိုက်ခြင်းကို ပိုခံရတဲ့သူတွေပါ။ အသက်ကြီးတဲ့အချိန်အထိ မိဘရဲ့ ရင်ငွေ့အောက်မှာ တစ်ဝကြီးခိုလှုံခွင့်ရသလို မိဘတွေနဲ့လည်း အမြဲနီးနီးကပ်ကပ်နေရတာလို့ တစ်ခြားသူတွေထက် ပိုသံယောဇဉ်ရှိကြပါတယ်။ မိဘတွေရဲ့ ရင်နှစ်သည်းချာလေး ဆိုပါတော့။

(၃) တိုင်ပင်လို့ ကောင်းတယ်

အပျိုကြီးတွေက ဖြတ်သန်းလာရတဲ့ အတွေ့အကြုံတွေနဲ့ အသက်အရွယ်အရ သူများတွေထက် ဘဝအတွေ့အကြုံပိုများသလို၊ ဗဟုသုတလည်း အရမ်းစုံပါတယ်။ သူတို့ကို ဘယ်သူမှလည်း လာလိမ်လို့မရသလို ဘဝအတွေ့အကြုံအရလည်း ရင့်ကျက်တာကြောင့် ဘယ်အရာမဆို တိုင်ပင်ဆွေးနွေးလို့ရပါတယ်။ ဒါကြောင့်လည်း လူတိုင်းအတွက် တိုင်ပင်ဖော်ကောင်းတစ်ယောက် ဖြစ်ကြပါတယ်။

(၄) ကြိုက်တဲ့သူကို ကြူလို့ရတယ်

အပျိုကြီးတွေဟာ သူတို့ သဘောကျသူတိုင်းနဲ့ ကြူလို့ရပါတယ်။ သူတို့အတွက်တော့ ချုပ်ချယ်မယ့်သူ၊ ကန့်သတ်မယ့်သူမရှိတာကြောင့် နှလုံးသားရေးရာမှာတော့ သူတို့က အလွတ်လပ်ဆုံးပါပဲ။ ဒါကြောင့်မို့လို့ ကြိုက်တဲ့သူတိုင်းကို ပေါ်တင် Crush လို့လည်းရပါတယ်။ အဲလို Crush ကိုလည်း ဘယ်သူကမှ သူတို့ကို အပြစ်တင်လို့မရသလို၊ ဘယ်သူ့ခွင့်ပြုချက်မှလည်း မလိုပါဘူး။ အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ပတ်သက်လို့လည်း ဘယ်သူမှ တားဆီးပိတ်ပင်မယ့်သူ မရှိတာကြောင့် အလွတ်လပ်ဆုံးသူတွေ ဖြစ်ကြပါတယ်။

(၅) အမြဲနုပျိုနေတယ်

အပျိုကြီးတွေရဲ့ အားသာချက်ကတော့ အမြဲတမ်း နုပျိုနေတာပါပဲ။ သူငယ်ချင်းတွေ၊ ရွယ်တူတွေ၊ ကျောင်းနေဖက်တွေက အိမ်ထောင်တွေကျ၊ ကလေးတွေရပြီး ရုပ်ကျသွားပေမယ့်၊ သူတို့ကတော့ ဟော့ရှော့နဲ့ လန်းနေတုန်း၊ နုပျိုနေတုန်းပါပဲ။ လွတ်လပ်ပေါ့ပါးပြီး နုပျိုလန်းဆန်းတဲ့သူတို့ကို အိမ်ထောင်သည်သူငယ်ချင်းတွေကတောင် ကြိတ်ပြီး အားကျရတဲ့ အချိန်တွေရှိပါတယ်။ အမြဲတမ်း စိတ်ပျိုကိုယ်နုနေတဲ့သူတို့ဟာ ပိုလည်း ကျန်းမာပါတယ်။ ဒါကတော့ အပျိုကြီးတို့ရဲ့ မဟာအားသာချက်ပဲဖြစ်ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*