သဘာဝအတိုင်း ဖြောင့်စင်းတဲ့ဆံသားလေးတွေရအောင်လုပ်ကြမယ်

ဖြောင့်စင်းတဲ့ဆံပင်လေးတွေကတော့ဘယ်ခေတ်ဘယ်ကာလနဲ့မှ ကွဲလွဲထွက်မနေပါဘူး။အမြဲတမ်းစတိုင်လ်ကျခေတ်ဆန်နေတာပါ။ဒါ့အပြင်ဆံသားကောက်သူတွေကလည်း ဆံသားလေးတွေဖြောင့်စင်းချင်လို့ အမြဲတမ်းဆိုင်မှာသွားဖြောင့်လိုက်၊ဆေးတွေနဲ့ဖြောင့်လိုက်နဲ့ ဆံသားလေးလှပအောင်ကြိုးစားနေကြတာ အများကြီးပါ။ဒါကြောင့် ဆေးတွေ၊စက်တွေနဲ့မဟုတ်ပဲ နဂိုထက်လည်းကောက်သားတွေနည်းသွားမယ်။ဆံသားလေးတွေနူးညံ့ပြီးကျန်းမာလာစေမယ့်သဘာဝနည်းလမ်းလေးတွေ ပြန်ပြီးမျှဝေပေးချင်ပါတယ်။

၁)အုန်းနို့ရည်နဲ့သံပုရာရည်

အုန်းနို့ရည် ခွက် လေးပုံတစ်ပုံ၊သံပုရာရည်စားပွဲတင်ဇွန်းတစ်ဇွန်းကိုရောစပ်ပါ။ရောစပ်ထားတဲ့အရည်ကို ရေခဲသေတ္တာထဲ တစ်ညလုံးထည့်ထားပါ။မနက်မိုးလင်းတဲ့အခါ ဆံပင်အနှံ့သေချာလိမ်းကျံပါ။နာရီဝက်လောက်ထားပြီးရင် ရေစင်စင်ဆေးချပြီး ခေါင်းလျှော်ရည်အပျော့စားနဲ့လျှော်ပေးလို့ရပါပြီ။တစ်ပတ်ကိုတစ်ခါပုံမှန်လုပ်ပေးရင်ကောက်သားတွေနည်းသွားပြီး ဆံသားတွေလည်းအရင်ကထက်ပိုပြီးကျန်းမာလှပလာပါလိမ့်မယ်။

၂)အုန်းဆီနဲ့ကြက်ဆူဆီ

အုန်းဆီနဲ့ကြက်ဆူဆီကိုရောစပ်ပြီးစက္ကန့်အနည်းငယ်လောက်အပူပေးပါ။ပြီးရင် ဦးရေပြားနဲ့ဆံပင်အနှံ့လိမ်းကျံပါ။အရမ်းကြီးမပူစေနဲ့နော်။လိမ်းပြီးရင် ၁၅မိနစ်လောက်သေချာနှိပ်နယ်ပေးပါ။နှိပ်နယ်ပြီး နာရီဝက်ကြာတဲ့အခါ ရေအေးနဲ့ဆေးချပြီး ခေါင်းလျှော်ရည်အပျော့စားနဲ့လျှော်ပေးပါ။တစ်ပတ်ကို ၂ကြိမ်လုပ်ပေးနိုင်ပါတယ်။ကြက်ဆူဆီက ပျက်စီးနေတဲ့ဆံသားတွေကို ပြန်လည်ပြုပြင်ပေးပြီး ဆံသားကောက်ကွေ့ကြမ်းတမ်းတာတွေကို နူးညံ့စေပြီးအစိုဓာတ်ဖြည့်ပေးပါတယ်။

၃)နွားနို့

နွားနို့ခွက်လေးပုံတစ်ပုံကို စပရေးဘူးလေးထဲထည့်ပါ။ပြီးရင် ဆံသားအနှံ့သေချာစိုစွတ်အောင်ဖြန်းပေးပါ။နာရီဝက်လောက်ထားပြီးရင် ရေအေးနဲ့ဆေးချလို့ရပါပြီ။တစ်ပတ်ကို ၁ကြိမ်၊၂ကြိမ်လုပ်ပေးနိုင်ပါတယ်။နွားနို့မှာပါတဲ့ပရိုတင်းဓာတ်ကြောင့် ဆံပင်သားကိုချောမွေ့နူးညံ့စေပြီး ဖြောင့်စင်းလာစေပါတယ်။

၄)ကြက်ဥနဲ့သံလွင်ဆီ


ကြက်ဥ ၂လုံးနဲ့သံလွင်ဆီစားပွဲတင်ဇွန်း ၃ဇွန်းကိုရောစပ်ပါ။ပြီးရင် ဆံသားအနှံ့ နှံ့စပ်အောင်လိမ်းပါ။တစ်နာရီခန့်ထားပြီးရင်ရေအေးနဲ့ဆေးချပြီး ခေါင်းလျှော်ရည်အပျော့စားနဲ့လျှော်ပေးပါ။တစ်ပတ်ကို တစ်ခါလုပ်ပေးနိုင်ပါတယ်။ကြက်ဥမှာပရိုတင်းဓာတ်ပါဝင်ပြီး သံလွင်ဆီဟာလည်းဆံပင်အတွက်ကောင်းမွန်တဲ့ပျော့ဆေးသဖွယ်ဖြစ်တာကြောင့် ပုံမှန်လုပ်ပေးသွားရင် ဆံသားလေးတွေဖြောင့်စင်းလှပလာတာတွေ့ရပါလိမ့်မယ်။

၅)နွားနို့နဲ့ ပျားရည်


နွားနို့ခွက်လေးပုံတစ်ပုံကို ပျားရည်စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ရောစပ်ပြီး ဆံပင်အနှံ့ လိမ်းပါ။သေချာလိမ်းကျံပြီးရင် ၂နာရီလောက် ထားပါ။၂နာရီပြည့်တဲ့အခါ ရေအေးနဲ့ဆေးချပြီး ခေါင်းလျှော်ရည်အပျော့စားလေးနဲ့ လျှော်ပေးပါ။တစ်ပတ်ကိုတစ်ခါလုပ်ပေးမယ်ဆိုရင် ထူးခြားတဲ့ရလဒ်ကို မြင်တွေ့ရပါလိမ့်မယ်။

၆)ငှက်ပျောသီးနဲ့သင်္ဘောသီး


ငှက်ပျောသီးမှည့်တစ်လုံးနဲ့သင်္ဘောသီးခပ်ကြီးကြီးတစ်စိတ်ကို သေချာကြိတ်မွှေပြီးရလာတဲ့အနှစ်တွေကို သေချာ ဆံသားအနှံ့လိမ်းကျံပါ။ခြောက်သွေ့သွားတဲ့အထိ ၄၅မိနစ်လောက်ထားပါ။ပြီးရင် ရေအေးနဲ့ဆေးချပြီး ခေါင်းလျှော်ရည်အပျော့စားလေးနဲ့လျှော်ပေးပါ။တစ်ပတ်ကိုတစ်ခါသေချာပုံမှန်လုပ်ပေးသွားရင် ဆံသားတွေဖြောင့်စင်းလာပါလိမ့်မယ်။ဒါ့အပြင် ဆံသားလေးတွေနူးညံ့ချောမေ့ွတောက်ပလာဦးမှာပါ။ဘယ်လိုနည်းလမ်းဖြစ်ဖြစ် တစ်ကြိမ်တစ်ခါတည်းလုပ်ရင် ဘာမှအကြောင်းထူးမှာမဟုတ်ပါဘူး။ဒါကြောင့် ဒီနည်းလမ်းတွေကိုလည်း ပုံမှန်လုပ်ပေးသွားပါလို့တိုက်တွန်းလိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*