ယောက်ျားလေးတွေ သူတို့ချစ်သူကို အသည်းယားလာပြီဆိုရင် ဒီလိုလေးတွေ လုပ်တတ်ပါတယ်

မိန်းကလေးတွေမှ အသဲယားတတ်ကြတာမဟုတ်ပါဘူး။ ယောကျ်ားလေးတွေကလည်း သူတို့ချစ်သူကို အသဲယားတတ်ပါတယ်။ အဲ့လို အသဲယားတာကလည်း ချစ်သူကို အရမ်းချစ်လို့ပါ။ ယောကျာ်းလေးတွေက သူတို့ချစ်သူကောင်မလေးတွေကို အသဲယားပြီးဆို ဒီလိုလေးတွေလုပ်တတ်ပါတယ်။

(၁) ယောကျ်ားလေးတွေ အသဲယားပြီးဆို။ ။ Hickey ပေးတယ်။ Hickey ဆိုတာ နူတ်ခမ်းနဲ့စုတ်လိုက်လို့ သွေးခြေဥသွားတာကိုခေါ်တာပါ။ အချစ်စိတ်ကြောင့်ဖြစ်လာတဲ့ hickey ကို love bites လို့လည်းခေါ်ပါတယ်။ သင့်ကို သင့်ချစ်သူက hickey ပေးတယ်ဆိုတာ သင်ကို သူပိုင်တယ်ဆိုတဲ့သဘောပါ။ အဲ့ဒါကလည်း သင့်ကို အရမ်းချစ်လို့၊ အသဲယားလို့ ပေးတာပါ။

(၂) ယောကျ်ားလေးတွေ အသဲယားပြီးဆို။ ။ နားရွက်ကို သာသာလေးကိုက်တယ်။ သင့်ချစ်သူက သင့်ကို အသဲယားပြီးဆို နားရွက်လေးကိုကိုက်တတ်တယ်။ သင့်က မထိတထိစတာလေးကို အသဲယားပြီး သင့်နားရွက်ကို သာသာလေးကိုက်တတ်တယ်။ အဲ့ဒါ သင့်ကို အရမ်းချစ်ပြီး အသဲယားနေလို့ ကိုက်လိုက်တာပါ။

(၃) ယောကျ်ားလေးတွေ အသဲယားပြီးဆို။ ။ ပါးကို ဆွဲညှစ်တယ်။ သင့်ချစ်သူက သင့်ကို အသဲယားနေပြီးဆို သင့်ရဲ့ပါးဖောင်းဖောင်းလေးကို ဆွဲညှစ်တတ်ကြတယ်။ နောက်ပြီး ပါးနှစ်ဖက်လုံးကို ဆွဲညှစ်ထားတတ်တယ်။ သင့်ကိုစချင်တာလည်းဖြစ်သလို အသဲယားနေလို့ပါ။

(၄) ယောကျ်ားလေးတွေ အသဲယားပြီးဆို။ ။ ခေါင်းကို ပုတ်တယ် ။ သင်ခေါင်းကိုပုတ်တာမကြိုက်ဘူးဆိုတာ သိသိရက်နဲ့စတတ်တယ်။ အဲ့လို စ လိုက်လို့ သင့်ရန်ပြန်တွေ့နေတာလည်းကို အသဲယားလို့ပါ။ အဲ့လိုမျိုး သင့်ခေါင်းလေးကို ပုတ်နေတယ်ဆိုရင် သင်ကို အသဲယားအောင် ချစ်လို့ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*