ကျောက်ကပ်နှ င့် အူ ကျခြင်း တို့ အတွက် မုန်လာ ဥဖြူ

အစာလည်းဆေး…ဆေးလည်းအစာ

မုန်လာဥဖြူ တစ်လုံးနဲ့ ကျောက်ကပ်အလွယ်ဆေးကြမယ်

ကျောက်ကပ်ရောင်သည်ဖြစ်စေ ကျောက်ကပ်ကျောက်တည်သည်ဖြစ်စေ ကျောက်ကပ်ကြောင့် ခါးနာ ခါးကိုက်ခြင်း နှူံးချိ အော့အန်ခြင်းများ အတွက်။

မုန်လာဥဖြူ တစ်လုံးကို သန့်စင်စွာဆေးကြောပြီး ရေအနည်းထည့်၍ ကြိတ်ချေပါ၊ အဖတ်များစစ်ထုတ်ပြီး အရည်ကိုသောက်လိုက်ပါ။

၎င်းကြိတ်ရည် ဝမ်းထဲဝင်သွားသည်နှင့် ခါးနာခါးကိုက်ယူပစ်သလိုပျောက်ကင်းသက်သာသွားမည်။

မုန်လာဥဖြူကြိတ်ရည် ဟာကျောက်ကပ်ကိုချက်ချင်းဆေးကြောပေးပါတယ်။ အူကျဝေဒနာရှင်များလည်းအသုံးပြုနိုင်ပါတယ်။

ဒါ့အပြင် တစ်ပါတ် တစ်ခါ ကြိုတင် ကာကွယ်သောအားဖြင့် လူတိုင်းမုန်လာဥဖြူကို ဟင်းလျာအဖြစ်ချက်ပြုတ်စားသုံးခြင့်ဖြင့် ကျောက်ကပ်ကို ဆေးကြောထိန်းသိမ်းသင့်ပါတယ်။

မုန်လာဥ အစိမ်းကို သံပုရာသီးနှင့်နှပ်ပြီးအစိမ်းသုပ်သုပ်စားပါကပို၍ဆေးဘက်ဝင်ပါတယ်။

မုန်လာဥဖြူ စားသုံးခြင်းဖြင့်ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေ က

ကင်ဆာရောဂါမဖြစ်စေရန် ကာကွယ်ပေးတယ်။ သွေးသွင်းသကြားဓာတ်ကိုထိန်းညှိပေးတယ်။ ကျောက်ကပ် ကျန်းမာစေတယ်။ သွေးပေါင်ချိန်ကို မှန်စေတယ်။ ဝမ်း မှန်စေတယ်။

ကိုယ်အလေးချိန်ကျစေတယ်။အသားအရည် စိုပြေလှပစေတယ်။ အရွယ်တင်နုပျိုစေတယ်။ အသုံးမပြုမီ

ပိုးသတ်ဆေး ကင်းစင်အောင် သေချာဆေးကြောသန့်စင်ပေးရန်အထူးသတိပြုပါ

Be the first to comment

Leave a Reply

Your email address will not be published.


*