တော်ဝင်မျိုးနွယ်တွေကိုယ်ဝန်ဆောင်ရတဲ့အခါ ဒီစည်းမျဉ်းတွေကိုလိုက်နာရသတဲ့

သာမန်အမျိုးသမီးတွေကိုယ်ဝန်ဆောင်တဲ့အခါ ပြုမူကြတဲ့အမူအကျင့်တစ်ချို့၊ကိစ္စတစ်ချို့ဟာ တော်ဝင်မျိုးနွယ်တွေအတွက်တော့ ကွာခြားတယ်ပြောရမှာပါပဲ။ပုံမှန်မိန်းကလေးတွေလိုမဟုတ်ပဲ ကိုယ်ဝန်ဆောင်နေတဲ့ တော်ဝင်မျိုးနွယ်မင်းသမီးတွေဟာ ဒီလိုစည်းမျဉ်းတွေကိုလိုက်နာရပါတယ်တဲ့။


၁) ကလေးက ယောကျ်ားလေးလား၊မိန်းကလေးလား ပြောခွင့်မရှိပါဘူး။ တော်ဝင်စည်းမျဉ်းအရ ကလေးမမွေးဖွားပြီးသေးတဲ့အချိန်အထိ ကလေးက ယောကျ်ားလေးဖြစ်တယ်၊မိန်းကလေးဖြစ်တယ်စသဖြင့်ပြောခွင့်မရှိဘူးလို့သိရပါတယ်။


၂)ဝမ်းနည်းကြောင်း၊စိတ်ညစ်ကြောင်းခံစားချက်ကို ဖော်ပြခွင့်မရှိဘူး။ တော်ဝင်မျိုးနွယ်ကိုယ်ဝန်ဆောင်မေမေတွေဟာ အမြဲတမ်းခံစားချက်ကောင်းမွန်အောင်နေထိုင်ရပါတယ်။ဘယ်လောက်ပဲ ဝမ်းနည်းနည်း၊စိတ်ညစ်ညစ် တြစ်ခားသူတွေကိုတော့ ပြုံးပြနှုတ်ဆက်ကာ ယဉ်ကျေးပျူငှာရပါတယ်။လူကြားထဲမှာ မျက်နှာမရွှင်မသာဖြစ်နေတာ၊တစ်ခြားသူတွေနဲ့ ကိုယ်ဝန်အကြောင်းဆွေးနွေးပြောဆိုတာမျိုးလည်းမလုပ်ရပါဘူးတဲ့။


၃)လူကြားထဲမှာ အစားအသောက်စားတာမျိုးလည်းမလုပ်ရပါဘူးတဲ့။အချိုတွေအများကြီးစားနေရင် မိန်းကလေး၊အရသာရှိတဲ့အစားအသောက်တွေစားနေရင် အဲ့ဒါကယောကျ်ားလေးမွေးမှာ စသဖြင့်အယူအဆတွေရှိနေကြလို့ လူကြားထဲမှာ အစားအစာစားမိရင် ကလေးနဲ့ပတ်သက်တဲ့ကောလဟာလတွေပျံ့နှံ့သွားမှာစိုးတဲ့အတွက်ကြောင့်ပါ။


၄)ကလေးအဝတ်အစားတွေကိုလည်း ဝယ်ယူခွင့်မရှိပါဘူး။ကလေးမမွေးဖွားခင် အဝတ်အစားအသုံးအဆောင်တွေကြိုတင်ဝယ်ယူထားတာက ပါပါရာဇီတွေရဲ့ဓာတ်ပုံရိုက်တာခံရနိုင်သလို ကလေးနဲ့ပတ်သက်ပြီးသတင်းတွေပျံ့နှံ့သွားမှာစိုးတဲ့အတွက်ကြောင့်ပါ။တော်ဝင်မိသားစုတွေဟာ ကလေးအတွက်ရော၊မိခင်အတွက်ပါ အဝတ်အစားဝယ်တဲ့အခါ သိုသိပ်လျှို့ဝှက်စွာဝယ်ယူလေ့ရှိပါတယ်။


၅)လက်ဆောင်ပစ္စည်းလက်ခံခွင့်လည်းမရှိပါဘူးတဲ့။ပုံမှန်ဆို ကလေးအတွက်ပေးကြတဲ့လက်ဆောင်တွေကိုလက်ခံလေ့ရှိကြပေမဲ့ တော်ဝင်မျိုးနွယ်တွေကတော့ ကလေးအတွက်လက်ဆောင်တွေကိုလက်ခံခွင့်မရှိပါဘူး။


၆)ကလေးမွေးဖွားမယ့်ရက်ကိုကြေညာတာမျိုး လုပ်ခွင့်မရှိပါဘူး။သူတို့က တော်ဝင်မျိုးနွယ်တွေဖြစ်တဲ့အတွက် ဘယ်နေ့တော့ ကလေးမွေးဖွားမှာဖြစ်တယ်လို့ကြေညာခွင့်မရှိပါဘူး။မွေးဖွားမယ့်လကိုသာ ကြေညာခွင့်ရှိပါတယ်။ဒါတောင် ကလေးကိုယ်ဝန် ၁၀ပတ်ကနေ ၁၂ပတ်အထိ ရှိပြီဆိုမှ တရားဝင်ကြေညာပေးတာဖြစ်ပါတယ်။

တော်ဝင်မျိုးနွယ် တော်ဝင်မင်းသားနဲ့လက်ထပ်လိုက်ပြီဆိုရင် ဒီအချက်တွေကိုသေချာပေါက်လိုက်နာရတော့မှာပါပဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*