ဘယ်လို လူတွေ မြန်မြန် ဆန်ဆန် ချမ်းသာလေ့ ရှိသလဲ … သင့် ကို လူချမ်းသာ ဖြစ်စေမယ့် နည်းလမ်း

မန်မြန် ဆန်ဆန် ချမ်းသာနိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။ ဓားပြတိုက်မှ၊ မှောင်ခိုလုပ်မှ၊ ခိုးမှ ချမ်းသာမှာ မဟုတ်ပါဘူး။ ဒီလို ရာဇဝတ်မှုနဲ့မကင်းတဲ့ ချမ်းသာမှုမျိုးကို သင်လည်း လိပ်ပြာသန့်မှာ မဟုတ်ပါဘူး။ မြန်မြန်ဆန်ဆန် ချမ်းသာနိုင်မယ့် နည်းလမ်းတွေကို မျှဝေချင်ပါတယ်။ ဒီအလေ့ အကျင့်ကောင်းတွေ က သင့်ကို လူချမ်းသာ ဖြစ်စေမှာပါ။

(၁) လစဉ် ဝင်ငွေရဲ့ (၁၅)%ကနေ (၂၀)%အတွင်း ရအောင် မဖြစ်နေစုပါ

သင်ဝင်ငွေ နည်းတာများတာက သင်လက်ရှိ လုပ်နေတဲ့ အလုပ်နဲ့ သက်ဆိုင် ပါတယ်။ ဝင်ငွေကောင်းဖို့အတွက် သင့်မှာ ပုဂ္ဂိုလ်ရေးအရည်အသွေးတွေ စံချိန်မီနေရင်၊ လက်ရှိထက်ပိုကောင်းတဲ့ လုပ်ငန်းတွေ သင်ရှာဖွေနိုင်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် လစဉ် သင့်ဝင်ငွေရဲ့ (၁၅)%ကနေ၊ (၂၀)%အထိ စုဖြစ်အောင် စုပါ။

(၂) အချိန်ရဲ့တန်ဖိုး၊ ငွေရဲ့တန်ဖိုး ကို သိအော င်သင်ယူပါ

လူဆင်းရဲတွေက နေ့တွက်၊ လတွက် နဲ့ အလုပ်လုပ်ကြ ပါသတဲ့။ လူချမ်းသာတွေက အချိန်နဲ့ အလုပ်လုပ်ကြပါတယ်။ မတူညီတဲ့ အလုပ်လမ်းကြောင်းတစ်ခုမှာ အချိန်ကို တန်ဖိုးထားမှုနဲ့ ငွေရဲတန်ဖိုးကို သိမှုကလည်း ကွာခြားပါလိမ့်မယ်။ အချိန်ရဲ့တန်ဖိုးကို သိလေ၊ ငွေရဲ့တန်ဖိုးကို သင်စရာမလိုပဲ သိ လာမှာပါ။တကယ်ချမ်းသာနေသူတွေဟာ အချိန်နဲ့ ငွေ ရဲ့တန်ဖိုး ကို သိပါတယ်။ သူတို့ရဲ့အချိန်ကို အလဟသ ဖြုန်းတီးလိုက်တာမျိုး မရှိသလို၊ ဒီလိုပဲ သူတို့ရဲ့အချိန်နဲ့ညီမျှတဲ့ ငွေကြေးကိုလည်း တော်ရုံအကြောင်းအရာတစ်ခုနဲ့ အလဟသ ဖြုန်းတီးတာမျိုး မရှိပါဘူး။

(၃) မပိုင်ဘဲ ခြင်မရိုက်ပါနဲ့

မြန်မာစကားပုံလေး ကတော့ မပိုင်ဘဲ ခြင်တောင် မရိုက်ဘူး-ဆို ပါတယ်။ တကယ်က စီးပွားရေးလုပ်တဲ့အခါမှာ ပုဂ္ဂိုလ်ရေး ယုံကြည်မှုကြောင့်၊ ဒါမှမဟုတ် တစ်ဖက်လူက ယုံလောက်အောင်ပြောလို့ ရောယောင်ပြီး စီးပွားရေးလုပ်တာမျိုး မလုပ်ပါနဲ့။ ကိုယ်လည်း တကယ်သိတယ်၊ ကျွမ်းတယ်၊ ကျင်လည်တယ် ဆိုတဲ့ အပိုင်သေခြာတဲ့ ဂွင်မျိုးကိုသာ ရင်းနီးမြှုပ်နှံဖို့ ဆုံးဖြတ်ပါ။

(၄) အပျော်အပါး လောင်းကစား အဆက် ဖြတ် ထားပါ

ကမာ ္ဘ့ဒိတ်ဒိတ်ကျဲ သူဌေးကြီးတွေဟာ အပျော်အပါး၊ လောင်းကစား ဝါသနာမပါကြပါဘူး။ သူတို့ဟာ သူတို့ ကြိုးစားအားထုတ်မှုကြောင့်မဟုတ်တဲ့ ပိုက်ဆံခြူးတစ်ပြားကို မက်မောသူတွေမဟုတ်သလို၊ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေက ထီထိုးစရာ၊ ဖဲရိုက်စရာ၊ လောင်းကစား လုပ်စရာ မလိုအောင်ထိ သေချာပါတယ်။ အပျော်အပါးလည်း မလိုက်စားကြပါဘူး။ သူတို့ အားလပ်တဲ့အချိန်ကို စာဖတ်ခြင်း၊ အေးအေးလူလူ အနှောက်ယှက်ကင်းကင်း အနားယူခြင်းနဲ့ အသုံးပြုလေ့ ရှိကြပါတယ်။

(၅) စိတ်ကူးယဉ်တာထက်၊ လက်တွေ့အကောင် အထည်ဖော်ရတဲ့ အကျင့်

စိတ်ကူးကတော့ လူတိုင်း ယဉ်ကြတာပါဘဲ။ ဒါပေမယ့် စိတ်ကူး ကို လက်တွေ့ အကောင်အထည်ဖော်ဖို့ ပျက်ကွက်ရင် အက်ဒီဆင်ဆိုတာကိုလည်း ခင်ဗျားတို့ ကြားဖူးမှာ မဟုတ်ပါဘူး။ အိုင်ဆက်နယူတန်ကိုလည်း သိတောင်မှ သိချင်မှ သိမှာပါ။ သူတို့ဟာ စိတ်ကူးစိတ်သန်းတွေကို တကယ်လက်တွေ့ဖြစ်လာအောင် အကောင်အထည် ဖော်ခဲ့သူတွေပါ။

ဒါကြောင့် မဟတ္တမဂန္ဒီက စကားလုံးပေါင်း တစ်ထောင်ထက်၊ လက်တွေ့လုပ်ဆောင်မှုတစ်ခုက ပိုပြီးအကျိုးရှိတယ်လို့ ဆိုခဲ့တာပါဘဲ။ လက်တွေ့အကောင်အထည်မပါတဲ့ စိတ်ကူးယဉ်မှုသက်သက်ဟာ ဘယ်သူ့ကိုမှ အကျိုးမပြုနိုင်ပါဘူး။ ဒီတော့ တွေးသင့်သလောက်တွေး၊ ထိရောက်အောင် အကောင် ထည်ဖော် ဖို့လည်း မမေ့ပါနဲ့။

Be the first to comment

Leave a Reply

Your email address will not be published.


*