ဘုန်းကြီး နဲ့ သူတောင်းစား (မိမိ လိုင်းသုံးတဲ့ အခါမှာ ဖုန်းဘေကုန်ရကျိုးနပ်အောင် အသိပညာ တစ်ခုခုတော့ ရအောင်ယူသွားပါ)

တစ်နေ့မှာ ဘုန်းကြီးကျောင်း တစ်ကျောင်း ကို လက်တစ်ဖက်တည်း ရှိတဲ့ သူတောင်းစားတစ်ယောက် ရောက်လာပြီး စားစရာလာတောင်း စားတယ် ..အဲ့မှာ ကျောင်းထိုင်ဘုန်းကြီးနဲ့ တိုးတော့ ကျောင်းထိုင်ဆရာတော် ဆီမှာ စားစရာတောင်းတယ်။ ဆရာတော်က ဆွမ်းစားဆောင်ရှေ့ က အုတ်ပုံကို လက်ညိုး ထိုးပြ ပြီး “ဒကာတော် အဲ့ဒီအုတ်ပုံကို ဆွမ်းစားဆောင်နောက် အရင် ရွေ့ပေးပါအုန်း ” လို့ မိန့်တော်မူတယ်။ အဲ့တော့ လက်ပြတ် သူတောင်းစားက ဘုန်းကြီးကို မကျေမနပ်နဲ့ ပြောတယ်။

“ အရှင်ဘုရား။ တပည့်တော်မှာ လက်တစ်ဖက်တည်းရှိတာ ဘယ်လိုလုပ်ပြီး ဒီအုပ်ပုံကို ရွေ့နိုင်မှာလဲ အရှင်ဘုရား ဆွမ်းကျန် ဟင်းကျန်လေးတောင် မစွန့် ပေးချင်လဲ နေပါ။ တပည့်တော် တစ်ခြားမှာပဲ သွားတောင်းစားတော့ မယ် ” လို့ပြောရော့ ။ ဘုန်းကြီးက ဘာမှ ပြန်မပြောဘူး။အုတ်ပုံဆီ လျှောက်သွားပြီး လက် တစ်ဖက်တည်းနဲ့ အုတ်ခဲကို မပြီး ဆွမ်းစားဆောင်နောက်မှာ သွားချ တယ် ပြီးတော့မှ လေသံအေးအေးနဲ့ ပြောတယ် “ ဒီလိုအလုပ်မျိုးက လက်တစ်ဖက်တည်းနဲ့လည်း လုပ်လို့ရတယ် ”

လက်တစ်ဖက်ပြတ် သူတောင်းစားလည်း ဗိုက်ကဆာ စားသောက်စရာလဲ လိုချင်တာ နဲ့ ဘုန်းကြီးပြောတဲ့အတိုင်း လုပ်ပါလေရော လက်တစ်ဖက် တည်းနဲ့ အုတ်ခဲတွေ တစ်ခဲချင်း တစ်ခဲချင်းစီ ဆွမ်းစားဆောင်နောက်ကို သယ်သွားချလိုက်တာ အချိန်အတော်လေးလဲကြာရောအုတ်ခဲပုံ တစ်ပုံလုံး ကျောင်းအနောက် ရောက်သွားပါလေရော။

အဲ့ဒီနောက် ဘုန်းကြီးလဲထမင်းဟင်းတွေကို ကောင်းကောင်း ပြင်ဆင်ပြီး ကျွေးလိုက်တယ် သူတောင်းစား ထမင်းစားပြီးတော့ ဘုန်းကြီးက ပိုက်ဆံတစ်ချို့ထုတ်ပေးတယ် … သူတောင်းစားလည်း ပိုက်ဆံတွေရတော့ အရမ်း ဝမ်းသာသွားတယ်။ ဒါနဲ့ “ ကျေးဇူးတင်လိုက်တာဘုရား ကျေးဇူးတင်ပါတယ် အရှင်ဘုရား” နဲ့ ထိုင်ရှိခိုးရော။ ဘုန်းကြီးက ဘာပြန်ပြောတုန်းဆိုတော့“ ဘုန်းဘုန်းကို ကျေးဇူးတင်စရာ မလိုပါဘူး ဒကာတော်တဲ့။

ဘာကြောင့်လဲဆိုတော့ အဲ့ဒီပိုက်ဆံတွေဟာ ဒကာတော်ရဲ့ အားအင် အစွမ်းအစကနေ လာတဲ့ ပိုက်ဆံတွေပဲလေ” တဲ့။သူတောင်းစားဟာ သူရဲ့ အစွမ်းအစ ကနေ ရတဲ့ငွေ အတွက် အရမ်း ကြည်နူး ပီတိဖြစ်မိတယ်လို့ခံစားရတယ်။“ တပည့်တော် အမြဲ မှတ်သားထားပါ့မယ် ဘုရား ” ဆိုပြီး ဘုန်းကြီး ကို ကျေးဇူးတင်စွာနဲ့ ကန်တော့ပြီး ထွက်ခွာသွားခဲ့ ပါတော့တယ်။

နောက်ထပ် လေးငါးရက်လောက် ထပ်ကြာတော့ နောက်ထပ် သူတောင်းစားတစ်ယောက်က ကျောင်းမှာလာပြီး ဆွမ်းကျန်ထမင်းကျန် ထပ် လာတောင်းစားတယ် … “ ဘုန်းကြီးလည်း သူတောင်းစားကို ဆွမ်းစားဆောင် နောက် ခေါ်သွားပြီး အုတ်ပုံကို လက်ညိုးထိုးပြပြီး ဒီအုတ်ပုံကို ဆွမ်းစာဆောင်အရှေ့ အရင်ရွေ့ပေးပါအုန်း လို့ ပြောတယ် ” ဒါပေမဲ့ ခြေလက်အကောင်း နဲ့ အဲ့ဒီသူတောင်းစားဟာ ဘုန်းကြီး ခိုင်းတာကို စိတ်မဝင်စားပါဘူး ။ “ဆွမ်းကျန်လေး တောင်းစားတာတောင် မကျွေးချင်ဘူး။ လူကိုများ ဟိုခိုင်းလိုက် ဒီခိုင်းလိုက်နဲ့ ” လို့ မကျေမနပ်နဲ့ ပြောပြီး ထွက်ခွာသွားတော့ တယ်။

ကျောင်းထဲ က သံဃာတွေ အဲ့တာတွေကို မြင်တော့ ဘုန်းကြီးကို ဝိုင်းမေး ကြတယ်။“ အရင်တစ်ခေါက်တုန်းက အရှင်ဘုရားက ဟိုသူတောင်းစားကို ဒီအုတ်ပုံကြီး ဆွမ်းစားဆောင်နောက် ရွေ့ ခိုင်းတယ်။ ခုတစ်ခါကျ ဒီသူတောင်းစားကို ကျောင်းရှေ့ ပြန်ရွေ့ခိုင်းတယ်။

တကယ်တမ်းတော့ အရှင်ဘုရားက အုတ်ပုံကို ဘယ်နား ထားစေချင်တာလဲ ဘုရား ”ဘုန်းကြီး က သံဃာတော်တွေကို ပြန်ပြောပြတယ် “ အုတ်ပုံက ဆွမ်းစားဆောင် ရှေ့ မှာပဲနေနေ နောက်မှာပဲနေနေ မထူးခြားပါဘူး။ အတူတူ ပါပဲ။ထူးခြားတာက အဲ့ဒီသူတောင်းစားတွေအတွက် ရွှေ့မယ် မရွှေ့ဘူး ဆိုတာ လေးပါပဲ ” တဲ့ အတော်လေး ပညာသားပါတဲ့ မှတ်သားစရာလေးပါ။

အချိန်ကာလတွေ နှစ်ချီပြီး ကြာသွားခဲ့တယ်။တစ်နေ့မှာတော့ အဝတ်အစား သန့်သန့်ပြန့်ပြန့်နဲ့ လူတစ်ယောက် ကျောင်းမှာ အလှုလာလုပ်တယ်။
အဲ့ဒီလူ ဟာ လက်တစ်ဖက်ပဲ ရှိတယ်။တကယ်တမ်းတော့ အဲ့ဒီလူဟာ အရင်တုန်းက ဘုန်းကြီး အုတ်ပုံရွေ့ဖို့ ခိုင်းလိုက်တဲ့ လက်တစ်ဖက်ပြတ်နဲ့ သူတောင်းစားပါပဲ…..

သူဟာ ဘုန်းကြီးနဲ့ ဆုံတွေ့ ခွင့်ရခဲ့ပြီးတဲ့နောက် သူ့ကိုယ်တွင်းမှာရှိတဲ့ သူရဲ့ တန်ဖိုးကို သိရှိနားလည်သွားခဲ့ပြီး သူနဲ့ သင့်တော် လျောက်ပတ်တဲ့ အလုပ်အကိုင်တွေကို ကြိုးစားလုပ်ကိုင်ရင်း ကိုယ့်ကိုယ်ကို အခြေအနေ ကောင်းမွန်မြင့်တက်လာစေနိုင်ခဲ့တော့တာပါပဲ။

( မိမိ ကိုယ်ကို ယုံကြည်မှုရှိဖို့နဲ့ ကိုယ့်ရဲ့တန်ဖိုးကို ကိုယ် သိတတ် ပြီး ကိုယ့်အားကိုယ် ကိုး တတ်ခြင်းဟာ လူဖြစ်ခြင်းရဲ့ အရေးအကြီးဆုံး အခြေခံ အကြောင်းအရင်းပဲ ဖြစ်ပါတော့တယ် )ဆိုတာ ဒီပုံပြင်လေးက ပညာပေးလိုက်တာပါပဲ။ “အခက်အခဲ”ဆိုတာ မင်းဘဝမှာ မရှိခဲ့ရင် “အောင်မြင်မှု ရာဇဝင်မှာ”မင်းဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။ လွပ်လပ်မှုဆိုတာလူတိုင်းအတွက်ဖြစ်နိုင်ပါတယ် ကိုယ်ကသာရွေးချယ်မလားဆိုတာ မူတည်သွားတာပါ။

#မှတ်ချက်

မိမိ လိုင်းသုံးတဲ့အခါမှာ ဖုန်းဘေကုန်ရကျိုးနပ်အောင် အသိပညာတစ်ခုခုတော့ ရအောင်ယူသွားပါ။

လေးစားစွာဖြင့် ခရစ်ဒက် …….girnari

Be the first to comment

Leave a Reply

Your email address will not be published.


*