လက်ကိုင်တဲ့ ပုံစံတွေက ပြောနေတဲ့ သင်တို့ကြားက ဆက်ဆံရေး

body language ပုံစံတွေက လူတစ်ယောက်ရဲ့ အတွင်းစိတ်နေ သဘော ထားကို ဖော်ပြပေးနိုင်ပါတယ်။စုံတွဲတွေကြားက လက်ကိုင်တဲ့ ပုံစံအနေအထား အမျိုးမျိုးက အဲ့ဒီစုံတွဲကြားက ဆက်ဆံရေးကို ဖော်ပြပေးနိုင်ပါတယ်။ကိုယ့်ချစ် သူရဲ့ လက်ကိုဘယ်လို ပုံစံမျိုးနဲ့ ကိုင်လေ့ရှိလဲ..?အဲ့ဒီပုံစံတွေကပြောနေတဲ့ သင်တို့ကြားက ဆက်ဆံရေးကတော့….

#လက်ဖဝါးထဲကို ထည့်ပြီး ဆုပ် ကိုင်တာ

ပုံမှာပြထားတဲ့ အတိုင်း လက်ကို လက်ဖဝါးထဲထည့်ပြီး ကိုင်တယ်ဆိုရင်တော့ ဒါ ဟာ သင်တို့ကြားမှာ စည်းလုံးတယ်၊စိတ်တူ၊ကိုယ်တူရှိတယ်ဆိုတာကို ပြနေ တာပါ။ဒီလိုကိုင်တဲ့ ချစ်သူတွေကြားက ဆက်ဆံရေးမျိုးဟာ ချစ်ဇောအဟုန်ေ တွမြင့်နေတဲ့ ရိုမန်တစ်ဆန်တဲ့ ဆက်ဆံရေးမျိုးထက် သူငယ်ချင်း၊ရဲဘော်ရဲဖက် ဆက်ဆံရေးပုံစံမျိုးကို သွားတဲ့ Relationship မျိုးပါ။

#အပြန်အလှန်ချိတ်ပြီး ဆုပ်ကိုင်တာ

ဒီလိုပုံစံမျိုးကတော့ သင်တို့ကြားက ချစ်ဇောအဟုန်တွေ အရမ်းမြင့်နေတယ် ဆိုတာကို ပြနေတာပါ။တစ်ဦးတစ်ဦးကြားက သံယောဇဉ်ကြိုးတွေက လုံးဝ မြဲမြံနေတယ်ဆိုတာကို ပြနေတာပါ။

#လက်သန်းချင်းချိတ်

ဒီလိုစုံတွဲတွေအတွက်ကတော့ သူတို့ရဲ့ နံပါတ်တစ်အရေးကြီးဆုံးက လွတ်လွတ် လပ်လပ်နေရဖို့ပါ။သူတို့တွေကြားမှာ ကိုယ်ပိုင်သီးသန့် Space နဲ့ privacy ခြားပြီး နေတတ်တဲ့ စုံတွဲမျိုးပါ။

#တခြားလက်တစ်ဖက်နဲ့ပါ ထပ်တွဲတာ

လက်ဖဝါးချင်းဆုပ်ကိုင်ထားတဲ့ အပြင်ကိုမှ တခြားလက်တစ်ဖက်နဲ့ပါ ပုံမှာ ပြထားသလိုမျိုး ကိုင်တယ်ဆိုရင်တော့ ဒါဟာ သင်တို့ကြားမှာ အရမ်းကို Seri ous ဖြစ်နေတဲ့ ပုံပါ။ချစ်သူကို ငါပိုင်ဆိုပြီး ကြီးစိုးလိုတဲ့ ဆန္ဒတွေ၊မောင် ပိုင်စီး ချုပ်ကိုင်ချင်နေတာကို ပြနေတာပါ။ဒီလို Sign ကတော့ စုံတွဲတွေကြားမှာ သိပ်မကောင်းပါဘူး။

#လက်မောင်းကို ချိတ်ကိုင်တာ

ဒီလိုပုံစံမျိုးကိုတော့ ညစာစားပွဲတွေတတ်လာတဲ့ စုံတွဲတွေမှာ တွေ့ရလေ့ရှိပါ တယ်။အခုလိုပုံမျိုးကို သာမန်တခြားအချိန်တွေမှာပါ ကိုင်တယ်ဆိုရင်တော့ ဒါဟာ ကာကွယ်ပေးတာကို မျှော်လင့်နေတာ၊အားကိုးတာ၊(ဒါမှမဟုတ်) ဒီ relationship အပေါ် စိတ်မလုံခြုံမှု၊စိတ်မချတာတွေ ရှိနေတယ်ဆိုတာကို ပြနေတာပါ။

#လက်ချောင်း အဖျားလေးတွေကို ကိုင်တာ

လက်ချောင်းအဖျားလေးတွေကိုပဲ ခပ်ဖွဖွဆွဲကိုင်ထားတာမျိုးပါ။ချစ်သူကို အား မလို အားမရဖြစ်နေတဲ့ သဘောပါ။ချစ်သူရဲ့ ဆုံးဖြတ်ချက်နဲ့တခြားအပြုအမှုတွေ အပေါ် နှေးကွေးနေတာကို စိတ်တိုင်းမကျတဲ့ သဘောပါ။တွဲနေရတာဟာ ပုံမှန် တာဝန်တစ်ခုကို ထမ်းဆောင်နေရသလိုမျိုးပဲ သဘောဆောင်နေတဲ့ လက်ကိုင် ပုံမျိုးပါ။

#လက်မကိုင်တာ

စုံတွဲတိုင်း လက်ကိုင်ကြတာတော့မဟုတ်ပါဘူး။တစ်ချို့စုံတွေဟာ လက်မ ကို င်ကြပဲ ကိုယ့်ဟာနဲ့ကိုယ်သွားလာကြတာတွေလည်း ရှိပါတယ်။အဲ့ဒီလို ပုံစံမျိုး ကတော့ ဖြစ်နိုင်ချေနှစ်မျိုးရှိပါတယ်။ရှက်နေတာ(ဒါမှမဟုတ်)သီးသန့်ကိုယ့် privacy နဲ့ကိုယ်နေတတ်တယ်ဆိုတဲ့ သဘောမျိုးလည်း ဆောင်ပါတယ်။လက် မကိုင်ပဲ သီးသန့်နေတတ်တာနဲ့ သင်တို့ကြားက Relationship မကောင်း ဘူးလို့ ပြောလို့မရပါဘူး။

Be the first to comment

Leave a Reply

Your email address will not be published.


*