သင့်ဆံပင်အရှည်ကပြောနေတဲ့ သင့်စိတ်နေစိတ်ထားနဲ့ သင့်အကြောင်း

လူတစ်ယောက်ရဲ့ စိတ်သဘောထားကို အသွင်အပြင်ကိုကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်။ ခန့်မှန်းနိုင်တဲ့နည်းတွေ အများကြီးရှိတဲ့အထဲက အခုဖော်ပြပေးမှာကတော့ သင့်ဆံပင်အရှည်ကနေတစ်ဆင့် ပြောနိုင်တဲ့ သင့်အကြောင်းပါပဲ။

(၁) ဆံပင်တို


သင်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူ၊ ခင်မင်တတ်သူ၊ ဖော်ရွေသူတစ်ယောက်ပါ။ သင့်အတွက် လူသစ်တွေနဲ့ တွေ့ပြီး သူငယ်ချင်းအသစ်တွေရဖို့ လုံးဝမခက်ခဲပါဘူး။ သင့်အရည်အချင်းတွေကို ထုတ်ဖော်ပြသနိုင်မယ့် အလုပ်အကိုင်မျိုးကို သဘောကျပြီး ပြသနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ကောင်းကောင်းသိပါတယ်။ ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်စွမ်းရှိပေမယ့် တစ်ခါတလေကျပြန်တော့ စိတ်လိုက်မာန်ပါ လုပ်မိတတ်တဲ့သူတွေပါ။

(၂) ပုခုံးအထက်ဂုတ်ဝဲ


သင်ဟာ ဘွင်းဘွင်းရှင်းရှင်းသမားပါ။ အမှန်တရားဟာ ဘယ်လောက်ခါးခါး အမှန်အတိုင်း ပြောမယ့်သူပါ။ အလုပ်နဲ့ လူမှုရေးကို ရောတတ်တဲ့သူမဟုတ်ပါဘူး။ မကြောက်တတ်သလို၊ စွန့်စားရဲတဲ့သူတွေပါ။ ငြီးငွေ့စရာကောင်းတာတွေကို မလုပ်ချင်ပဲ အသစ်အဆန်းတွေကိုပဲ အမြဲလုပ်ချင်တဲ့သူတွေပါ။ တစ်ခါတလေ မစဉ်းစားပဲ တစ်ဇွတ်ထိုး လုပ်တတ်တဲ့သူတွေလည်း ဖြစ်ပါတယ်။

(၃) ပုခုံးကျော်ကျော်


သင်ဟာ သင့်ရဲ့ ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်ပြီး ကျေနပ်တဲ့သူတစ်ယောက်ပါ။ သင်ဟာ စကားကြွယ်သူတစ်ယောက်ဖြစ်ပြီး လူတွေကို ဆွဲဆောင်နိုင်စွမ်းမြင့်တဲ့သူတစ်ယောက်ပါ။ သဘာဝကျတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားသူပါ။ သင်ဟာ အသစ်အဆန်းတွေကို လုပ်ချင်ပြီး ခက်တယ်ဆိုတာတွေမှ ရွေးလုပ်ချင်သူပါ။ သူငယ်ချင်းများပြီး အားလုံးနဲ့ ချစ်ချစ်ခင်ခင်ပေါင်းသင်းဆက်ဆံနိုင်စွမ်း ရှိတဲ့သူပါ။

(၄) ဆံပင်ရှည်


သင်ဟာ အရမ်းဂရုစိုက်တတ်သူတစ်ယောက်ဖြစ်ရုံမက စိတ်ရှည်ပြီး စိတ်ကူးယဉ်တတ်တဲ့သူတစ်ယောက်ပါ။ အချစ်ရေးမှာ သင်ဟာ အတည်တွဲချင်တဲ့သူတစ်ယောက်ဖြစ်သလို၊ အရာအားလုံးကို ပုံအပ်ပြီးချစ်တတ်တဲ့သူပါ။ ဒါပေမယ့် အရမ်းရွေးပါတယ်။ သင်ဟာ လိုချင်တာကို ရအောင်လုပ်တတ်တဲ့သူတစ်ယောက်ပါ။ သင့်ရဲ့ ဇွဲ၊ လုံ့လ၊ ဝိရိယတွေက သင့်ကို အောင်မြင်စေမှာပါ။

သင်ကရော ဆံပင်ဘယ်လောက်ထိ ရှည်တဲ့သူလဲဆိုတာ ပြေ​ောပြပေးခဲ့နော်

Be the first to comment

Leave a Reply

Your email address will not be published.


*