သစ်ပင်ကို ခုတ်လိုက်ရင် သွေးထွက်တယ်ဆိုတဲ့ နဂါးသစ်ပင်ရှိရာသီးခြားကမ္ဘာလေး

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အရှေ့အလယ်ပိုင်းဒေသ အာရေဗျပင်လယ်ထဲမှာ ထူးဆန်းတဲ့ ကျွန်းသေးသေးလေးတစ်ကျွန်းရှိခဲ့ပါတယ်။ ကျွန်းလေးရဲ့အရှေ့ဘက်မှာ အာဖရိကကျွန်းဆွယ်ရှိပြီး အနောက်ဘက်မှာတော့ အာရေဗျကျွန်းဆွယ်ရှိပါတယ်။ ကျွန်းလေးဟာ ကမ္ဘာမြေပေါ်ကနဲ့မတူပဲ တခြားဂြိုလ်ကမ္ဘာလို့ ထင်ရလောက်တဲ့အထိ ပတ်ဝန်းကျင်အနေအထားဟာ ထူးခြားပါတယ်။


ကျွန်းပေါ်မှာရှိတဲ့ ရှှုမြင်ကွင်းတွေကြောင့် ဟိုးအရင်ရှေးခတ်ထဲကို ပြန်ရောက်သလို ခံစားရမှာဖြစ်ပြီး ဒိုင်နိုဆောတွေများ လျှောက်သွားနေမလားလို့တောင် ထင်မိမှာဖြစ်ပါတယ်။ ကျွန်းလေးကို ကမ္ဘာမြေပေါ်မှာရှိတဲ့ အဆန်းကြယ်ဆုံး အခြားဂြိုလ်ကမ္ဘာနဲ့ တူတဲ့နေရာလို့ အများစုက သမုတ်ထားကြပါတယ်။ ဒဏ္ဍာရီလာအရတော့ ကျွန်းမှာ ကမ္ဘာနဲ့မတူတဲ့ရှုခင်းတွေအပြင် ထူးခြားတဲ့ ဇီဝသဘောကိုလည်း တွေ့ရကြောင်း သိရပါတယ်။


ကျွန်းပေါ်မှာ ကြက်သွေးရောင်ထနေတဲ့ ကမ်းခြေတွေနဲ့ သလင်းလို ဖြူဖွေးနေတဲ့ သဲတွေအပြင် ဇီဝမျိုးစိတ်ပေါင်း (၈၀၀)ကျော်လောက် နေထိုင်ကြပါတယ်။ ဇီဝမျိုးစိတ်တွေထဲက အချို့ဟာကျွန်းပေါ်မှာ ရှိနေကြတာ နှစ်သန်းပေါင်း(၂၀) မီလျံလောက်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ကျောက်တုံးထူထပ်ပြီး မီးကျွမ်းထားသလို မြေမျက်နှာသွင်ပြင်နဲ့ ၎င်းကျွန်းကို ဆိုကိုတရာလို့ခေါ်ဝေါ်ကြပြီး ရှေးဟောင်းသက္ကတ ဘာသာစကားနဲ့ဆိုရင် “the Island of Bliss” သုခကျွန်းလို့ အဓိပ္ပါယ်ရပါတယ်။


ကျွန်းမှာမိုးနည်းပြီး ခြောက်သွေ့တဲ့ ရာသီဥတုရှိပါတယ်။ အရည်ရွှမ်းတဲ့ သီးနှံပင်မျိုးတွေ ရှားပါးပြီး ဆိုကိုထရန်သဖန်းပင်တွေ၊ ဆင်ခြေထောက်သဏ္ဍာန် ဘိုဘတ်သစ်ပင်တွေနဲ့ ကန္တာရနှင်းဆီလို့ တင်စားကြတဲ့ ပန်းရောင်အပွင့်တွေပွင့်တဲ့ အပင်ကြီးတွေ ပေါက်ရောက်ကြပါတယ်။


ကျွန်းပေါ်မှာ အထင်ရှားဆုံးအပင်ကတော့ ဆိုကိုထရာရဲ့ နဂါးသွေးသစ်ပင်ပဲ ဖြစ်ပါတယ်။ သစ်ပင်ဟာ ထူးခြားပြီးလှပတဲ့ သူ့ရဲ့ပုံပန်းသဏ္ဍာန်တစ်ခုတည်းကြောင့်သာ မဟုတ်ပဲ အပင်ကနေ နဂါးသွေးလို့လူတွေခေါ်ကြတဲ့ အနီရောင်သစ်စေးတွေကိုထုတ်လွှတ်တာကြောင့်လို့လည်း သိရပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*