
ကက်သားစိမ်း ဆေးခြင်းက အစာအဆိပ် သင့်နိုင်ခြေကို မြင့်တက်စေကြက်သားကို မချက်ပြုတ်ခင်မှာ ဆေးကြောခြင်းကို လူအတော် များများ ပြုလုပ်ကြ ပါတယ်။ သို့သော်လည်း သုတေသီ များဟာ ဆေးကြောခြင်း အလေ့ အထက အစာအဆိပ် သင့်နိုင်ခြေကို မြင့်တက်စေကြောင်း တွေ့ရှိထား ပါတယ်။
UK Food Standards Agency ကပြောကြား ထားတာကတော့ ကြက်သား အစိမ်းကို ဆေးကြောခြင်းဟာ Campylobacter ဗက်တီးရီးယားကို ပျံ့နှံ့စေပါ တယ်။ စားဖိုမှူးရဲ့ လက်၊ အဝတ်အစားနဲ့ ပတ်ဝန်းကျင်သာမက ရေစက်များက တစ်ဆင့် ဗက်တီးရီးယားတွေက ပျံ့နှံ့နိုင်ပါတယ်။
Campylobacter ဗက်တီးရီးယားဟာ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းကို ဖြစ်စေပါတယ်။lmitable Vowel Syndrome သာမက ပြင်းထန်သော အရိုးအဆစ် ရောင်ရောဂါကို ဖြစ်စေပါတယ်။ အချို့သော လူများတွင် ခြေ၊လက်များကို ဖြတ်ပစ် ရသည်အထိ အခြေအနေ ဆိုးဝါးနိုင်ကြောင်း သုတေသနပြ ချက်များ အရ သိရှိရပါတယ်။
မကြာသေးခင်က သုတေသန ပြုချက် စစ်တမ်းများ အရ ဆိုရင် လေ့လာခံများရဲ့ ၄၄ ရာခိုင်နှုန်းဟာ ဟင်းမချက်ခင် ကြက်သားများကို အမြဲဆေးကြောလေ့ ရှိကြောင်း၊ ၂၈ ရာခိုင်နှုန်းက ထိုဗက်တီးရီယား ပိုး၏ အမည်ကို ကြားဖူးကြောင်း တွေ့ရှိခဲ့ကြပါတယ်။ ဒါ့အပြင် ထိုဗက်တီးရီးယားပိုး ကူးစက်ခံရမှု၏ ၈၀ ရာခိုင်နှုန်းဟာ မသန့် ရှင်းသော ကြက်သားကြောင့် ဖြစ်ရတယ်လို့ တွေ့ရှိခဲ့ကြ ပါတယ်။
Leave a Reply