ထိုင်မရ ထမ ရအောင် လွမ်းနေတာ ကို ဖြေရှင်းနိုင် မယ့် နည်းလမ်းများ

ချစ်မိတဲ့သူတိုင်းက မဖြစ်မနေ ရင်ဆိုင်ရတဲ့ အချိန်တစ်ခုက အရမ်းကို လွမ်းလွန်းတဲ့ အချိန်တစ်ခုပါပဲ။ မျက်နှာကို မြင်လိုက်ရရင်တောင်မှ အလွမ်းမပြေတဲ့အထိ အရမ်း အရမ်း လွမ်းနေတဲ့ အခါမျိုးက ခံစားရတဲ့သူ ကို အရမ်းကို ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် rs လေးတွေနဲ့ ချစ်တတ်သူတွေ အသည်းအသန်း လွမ်းတဲ့ အဲ့လို အချိန်တွေကို အဆင်ပြေပြေ ဖြတ်ကျော်နိုင်ဖို့ နည်းလမ်းလေးတွေ ဖော်ပြလိုက် ရပါတယ်။

စာရေးပါ

လွမ်းလွန်း လို့ ဘာလုပ်လို့ လုပ်ရမှန်းတောင် မသိဘူး။ ဖုန်းတွေ ဆက်နေတာတောင် အလွမ်းက ပြေမသွားသလို Video Call ပြောပြီးသွားရင်လည်း ဆက်လွမ်းနေရတဲ့ အခြေအနေမျိုးတွေကို ချစ်မိသူတိုင်း တစ်ကြိမ် မဟုတ် တစ်ကြိမ် ခံစားဖူးကြပါတယ်။ ဘယ်လို လုပ်လုပ် လွမ်းမပြေပေမယ့် သင့်ခံစားချက်တွေကို တည်ငြိမ်သွားစေမယ့် အချက်ကတော့ စာရေးခြင်းပဲ ဖြစ်ပါတယ်။ သူ့ကို ဘယ်လောက်ချစ်ကြောင်း၊ ဘယ်လောက်လွမ်းကြောင်း၊ ပျော်ရွှင်ရကြောင်း စတာတွေကို စိတ်ထဲက တွေးပြီး သူ့ဆီကို စကားပြောတဲ့ပုံစံမျိုး စာတွေ ရေးတာကလည်း သင့်ခံစားချက်တွေကို တည်ငြိမ်စေပါတယ်။

ပုံဆွဲပါ

အလွမ်းပြေဖို့ ကြိုးစားမယ့်အစား လွမ်းတာတွေ ကို ခံစားလိုက်တာ ပိုကောင်းပါတယ်။ ဒီလို အရမ်း အရမ်း ကို လွမ်းနေတဲ့အခါ ဖုန်းထဲမှာ ရှိတဲ့ သူ့ပုံလေး ကို ကြည့်ပြီး စာရွက်ပေါ်မှာ ဆွဲကြည့်ပါ။ ပန်းချီဆရာကတော့ ဆွဲတတ်မှာ မှန်ပေမယ့် ပန်းချီဆရာ မဟုတ် လည်း ဒါက သင့်ကို ခံစားချက်တွေကို ခံစားရတာ သက်သာသွားစေ တဲ့ နည်းလမ်း တစ်ခုပါ။

စာရင်းမှတ်ပါ

အသည်းအသန်ကို လွမ်းနေ လို့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်မနေပါနဲ့တော့။ အဲ့လို လွမ်းနေတဲ့အတွက် သင် အလွမ်းပြေအောင် ဘာတွေ လုပ်နေတယ်ဆိုတာကို စာရင်းမှတ်တာလည်း ကောင်းသလို သင် သူနဲ့ အတူ လုပ်ချင်တဲ့ အရာတွေ အကုန်လုံးကို စာရွက်တစ်ရွက်ပေါ်မှာ ချရေးထားတာကလည်း သင့်ကို အရမ်း စိတ်သက်သာရာ ရစေပြီး ကြည်နူးလာစေပါတယ်။

ရက်တွေ မှတ်ပါ

နောက်ထပ် လုပ်စရာ တစ်ခု ကတော့ ချစ်တဲ့သူတိုင်း လွမ်းတတ်ပေမယ့် အခုလို အသည်းအသန် ရင်ထဲ တလှပ်လှပ် ဖြစ်အောင် လွမ်းရတဲ့ အကြိမ်ရေက အရမ်း နည်းပါတယ်။ ဒါကြောင့် ဒီလို လွမ်းရတဲ့ ရက်တွေ ကို မှတ်ပါ။ အဲ့ရက်တွေမှာ ဘာတွေ လုပ်ဖြစ်တယ် ဆိုတာကိုပါ မှတ်ထားရင် သင့်ကို လွမ်းတာကနေ ပြုံးပြီး သဘောကျရတဲ့ အခြေအနေကို ပြောင်းသွားစေနိုင်ပါတယ်။

အသိပေးပါ

အရမ်းလွမ်းနေ တဲ့အချိန်မှာ အဆင်ပြေမယ် ဆိုရင်တော့ သင့်ချစ်သူလေးဆီကို သင် အရမ်းလွမ်းနေကြောင်း အသိပေး လိုက်တာပါပဲ။ သင် ဘယ်လောက်လွမ်းကြောင်း လွမ်းလို့ အခု စာပို့လိုက်ရကြောင်း ဒါမှမဟုတ် လွမ်းလို့ လုပ်ထား တဲ့ အရာလေးတွေ ရှိကြောင်း အဲ့လိုလေးတွေ ပြောလိုက်ရင် ချစ်သူလေးက သင့်ကို သနားပြီး အချစ်တွေ ပိုသွားမှာပါနော်။

Be the first to comment

Leave a Reply

Your email address will not be published.


*