ရေဖန်ခွက်တစ်ခွက်၊ပန်းအိုးလေးတစ်လုံးရှိရုံနဲ့ စိုက်ပျိုးနိုင်တဲ့ ပန်းပင်နဲ့ဟင်းသီးဟင်းရွက်ပင်များ

ပန်းအိုးတစ်လုံး၊ရေဖန်ခွက်တစ်ခွက်ရှိရုံနဲ့ ပန်းလည်းစိုက်လို့ရတယ်။ဟင်းသီးဟင်းရွက်လည်းစိုက်လို့ရတယ်ဆိုတော့ အိမ်ရှင်မတွေအတွက်အသုံးဝင်သလို ကိုယ့်အလုပ်စားပွဲ၊အိမ်ခန်းတွေမှာ ပန်းပင်လေးတွေစိုက်ချင်တဲ့သူတွေအတွက်လည်းအရမ်းအဆင်ပြေသွားပါပြီ။ဘယ်လိုပန်းပင်နဲ့ဟင်းသီးဟင်းရွက်တွေလဲ၊ဘယ်လိုစိုက်ပျိုးရမလဲဆိုတာ ကြည့်လိုက်ပါဦး

ကြက်သွန်ဖြူ


ကြက်သွန်ဖြူလေးတွေကိုရေအနည်းငယ်ထည့်ထားတဲ့ အနေတော် ဖန်ခွက်ထဲကိုသာ ထည့်ထားလိုက်ပါ။အချိန်အတိုင်းအတာတစ်ခုကြာတဲ့အခါ အစိမ်းရောင်အညှောင့်လေးတွေပေါက်လာပါလိမ့်မယ်။အဲ့ဒီအစိမ်းရောင်အပင်ပေါက်လေးတွေက စားလို့ရပါတယ်။ဆလတ်ရွက်ထဲမှာထည့်ထားပြီးစားရင်ပိုကောင်းပါတယ်။

ခတ္တာပန်း


ခတ္တာပန်းကိုလည်း အိမ်ထဲမှာ၊အခန်းထဲမှာစိုက်ပျိုးထားနိုင်ပါတယ်။လိုအပ်တာက ရေအနည်းငယ်ထည့်ထားတဲ့ အလှပန်းအိုးရှည်ရှည်တစ်လုံးပါပဲ။ပြီးတော့ အဲ့ဒီပန်းအိုးထဲမှာ ခတ္တာပန်းဥလေးတွေထည့်ပေးထားရုံပါ။

Fiber optic grass ပန်း


အလှဆင်တဲ့ပန်းအဖြစ် အခန်းထဲမှာ၊အလုပ်စားပွဲမှာထားနိုင်တဲ့ Fiber optic grass ပန်းလေးတွေအတွက်လည်း အလှပန်းအိုးလေးတစ်လုံးသာလိုပါတယ်။ရေအနည်းငယ်ထည့်ထားပြီး စိုက်ပျိုးထားလို့ရပါတယ်။နေရောင်ခြည်လည်းသိပ်မလို၊အမြင်လှပအေးချမ်းစေတဲ့ပန်းပင်လေးပါ။

ဝါးပင်


ဝါးပင်လေးတွေကလည်း ပန်းအိုးလေးထဲရေထည့်ပြီးစိုက်ထားလိုက်ရုံနဲ့ ကြီးထွားလာနိုင်တဲ့အပင်တစ်မျိုးပါ။အိမ်ထဲမှာစိုက်ပျိုးလို့ရတဲ့ ဝါးပင်တောင် အမျိုးအစားအများကြီးရှိပါတယ်။ဒါကြောင့်သေချာရွေးချယ်ဝယ်ယူပြီးစိုက်ပျိုးပါလို့ အကြံပြုလိုက်ပါတယ်။

ပူစီနံ


အိမ်ရှင်မတွေအတွက်ပူစီနံအရွက်ကလည်းတစ်မျိုးတစ်ဖုံလိုအပ်ပါတယ်။ပူစီနံအမြစ်လေးအနည်းငယ်ကို ရေဖန်ခွက်ထဲထည့်ထားလိုက်ရုံနဲ့ စိုက်ပျိုးပြီးသားဖြစ်သွားလို့ စမ်းသပ်ကြည့်ဖို့ မမေ့နဲ့ဦးနော်

ကြက်သွန်မိတ်


ကြက်သွန်မိတ်အမြစ်ဥလေးအနည်းငယ်ကို ရေထည့်ထားတဲ့ဖန်ခွက်ထဲမှာ စိုက်ထားလိုက်ရုံပါပဲ။အဲ့ဒါဆို ကြက်သွန်မိတ်တွေမဝယ်ရတော့ပဲ အိမ်ကနေပဲအလွယ်တကူခူးဆွတ်စားသုံးလို့ရပါပြီ။

Be the first to comment

Leave a Reply

Your email address will not be published.


*