
ကိုလိုနီခေတ်အကြောင်းကိုပြောကြရဟေ့ဆိုရင်မပါမဖြစ်က လက်ဖက်ရည်အကြောင်းပါပဲ။ ကိုလိုနီခေတိမတိုင်ခင်အထိ မြန်မာတွေလက်ဖက်ရည်ကို အ ချို အနေနဲ့မသောက်ကြသလိုဆိုင်ထိုင်ပြီးသောက်လေ့မရှိပါဘူး
လက်ဖက်ခြောက်ရေနွေးခပ်ပြီးအကြမ်းအနေနဲ့ပဲအိမ်မှာသောက်ကြပါတယ်။ လက်ဖက်ရည် ရဲ့ယဉ်ကျေးမှုဟာ ပို့ဆောင်ဆက်သွယ်ရေး အနေနဲ့လည်းအလုပ်လုပ်ပေးသလို လူငယ်တွေ နှလုံးသားခံစားချက်ရင်ဖွင့်ရာနေရာတ နေရာအနေနဲ့လည်း အလုပ်လုပ်ပါတယ်။ ကိုလိုနီခေတ်မတိုင်ခင်တုန်းကဆို လူတွေဟာ ဆက်သွယ်ဖို့ တယောက်အိမ် တစ်ယောက် သွားကြပါတယ်။ဝေးကွာတဲ့အရပ်ဒေသလူတွေက လာဖို့ခက်ခဲသလို ပုံမှန်ဆုံတွေ့ဖြစ်ဖို့ဆွေးနွေးဖို့လည်းအခွင့်အလမ်းနည်းပါတယ်။
ဒီကာလအခက်အခဲကြီးကို လက်ဖက်ရည်ကိုအမှီပြုရောင်းတဲ့ လက်ဖက်ရည်ဆိုင်ဆိုတဲ့ယဉ်ကျေးမှုက ၀င်ရောက်အသုံးတော်ခံပါတယ်။ တခုခုဆို လက်ဖက်ရည်ဆိုင်မှာချိန်းကြတယ်။ တယောက်အိမ်ထိတကူးတကမသွားရတော့ပဲ ကြားက နေရာအ၀န်းလေးမှာဆုံတွေ့ဖြစ်ပါတယ်။ ကိုလိုနီခေတ်တတ်ကြွတဲ့လူငယ်မျိူးဆက်တစ်ဆက်ကို လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှူက မွေးထုတ်ပေးလိုက်တာပါ။ကိုလိုနီခေတ်တုန်းက အမျိူးသားရေးလွတ်လပ်ရေး တို့မှသည် ဆရာဇော်ဂျီတို့ ခေတ်စမ်းစာပေ နဲ့ဒဂုန်တာရာတို့ စာပေသစ်တွေလှုပ်ရှားမှူတွေကလည်း ဒီအ၀န်းအဝိုင်းကစတာပါ။
နေ့စဉ်လှုနေမှုဘ၀မှာလူတေွ ကိုပြောင်းလဲပေးသွားတဲ့ယဉ်ကျေးမှူဆိုင်ရာ အပြောင်းအလဲကြီးကြီးမားမားရှိတယ်ဆို တဲ့နေရာမှာလက်ဖက်ရည်ရဲ့ဩဇာကြီးမားပုံကို မမေ့သင့်ပါဘူး။ ကိုလိုနီခေတ်ကာလကို ဖော်ပြထားတဲ့ရုပ်ရှင်တွေဂီတတွေမှာ လက်ဖက်ရည်ဆိုင်အကြောင်း အသားပေးဖော်ပြတာတွေနည်းပါတယ်။ ကိုလိုနီခေတ်ရဲ့သီးခြားအငွေ့အသက်က လက်ဖက်ရည်ပါ။ ကိုလိုနီခေတ်အကြောင်းပြောမယ်ဆို လက်ဖက်ရည်နဲ့ လက်ဖက်ရည်ဆိုင်တွေက မပါမဖြစ်ပြောရမှာဖြစ်ပါတယ်
Leave a Reply