ခရမ်းချဉ်သီး တစ်လုံးတည်း နဲ့ မျက်နှာပေါ်က အမည်းစက်၊ ဝက်ခြံ၊ အဆီပြန်တာတွေပျောက်တဲ့နည်း

ခရမ်းချဉ်သီးက ဗီတာမင် ကြွယ်ဝတဲ့အသီးတစ်မျိုးဖြစ်ပြီး ကျန်းမာရေး အတွက်အထူးကောင်းမွန်ပါတယ်။ ဒါ့အပြင် အသားအရေကို ကြည်လင်တောက်ပစေတဲ့အစွမ်းလည်း ရှိနေပါသေးတယ်။ ခရမ်းချဉ်သီးတစ်လုံးရှိရုံနဲ့ မျက်နှာအသားအရေကို လုံးဝကြည်လင်သွားအောင် လုပ်လို့ရပါတယ်။

မျက်နှာအဆီပြန်တာ ကိုလျှော့ချပေးမယ့်နည်း-မျက်နှာသစ်ပြီးတဲ့အချိန် ခရမ်းချဉ်သီးအရည်ကို မျက်နှာအနှံ့ပါးပါးလေးလိမ်းပြီးငါးမိနစ်အကြာမှာ ရေပြန်ဆေးချပေးပါ။ ဒါကို ညအိပ်ရာဝင်ခါနီးတိုင်း နေ့စဉ်မပျက်မကွက်လုပ်ပေးသွားရင် မျက်နှာအဆီပြန်တာကို သက်သာသွားစေပါလိမ့်မယ်။

ချွေးပေါက်ကျယ်တွေကိုပျောက်ကင်းစေမယ့် နည်း-ခရမ်းချဉ်သီးကိုထက်ခြမ်းခြမ်းပြီး မျက်နှာကိုတိုက်ရိုက်ပွတ်တိုက်ပေးပါ။ အဲ့လိုပွတ်တိုက်ပေးတာက ချွေးပေါက်တွေထဲမှာပိတ်နေတဲ့ အညစ်အကြေးတွေကို သန့်စင်စေပြီး တိုနာလိမ်းပေးသလိုဖြစ်စေတာကြောင့် ချွေးပေါက်ကျယ်တာတွေကို ပျောက်ကင်းစေပါတယ်။ ၁၅မိနစ်လောက်ပွတ် တိုက်ပြီးရင် ရေအေးနဲ့ဆေးချပေး လိုက်ပါ။ နေ့စဉ်ပုံမှန် လုပ်ပေးရမှာပါ။

အသားအရေပိုကြည်ပြီး၊ပိုဖြူလာစေမယ့်နည်း- ခရမ်းချဉ်သီးတစ်လုံး နဲ့ပျားရည်တစ်ဇွန်းတို့ကိုရောမွှေပြီး မျက်နှာအနှံ့လိမ်းပေးကာ ၁၅မိနစ်လောက်နေရင် မျက်နှာသစ်ပေးပါ။ သုံးရက်တစ်ကြိမ်ပုံမှန်လုပ်ပေးသွားရုံနဲ့ တစ်လလောက်ကြာရင် မျက်နှာလေးက သိသိသာသာပိုဖြူလာပြီး၊ ပိုလည်းကြည်လင်လာပါလိမ့်မယ်။

အမည်းစက်ပျောက်စေမယ့်နည်း – ခရမ်းချဉ်သီး တစ်လုံးကို သံပရိုရည် နည်းနည်းရောပြီး အမည်းစက်နဲ့အမာရွတ်တွေရှိ တဲ့နေရာမှာ ပါးပါးလေးလိမ်းပေးပါ။ ၁၀ မိနစ်လောက်စောင့်ပြီး ရေအေးနဲ့မျက်နှာပြန်သစ်လိုက်ပါ။ နေ့စဉ်မပျက်မကွက်လုပ်ပေးသွားရင် အမည်းစက်တွေ၊ အမာရွတ်တွေ လုံးဝအရှင်းပျောက်သွားပါလိမ့်မယ်။Source :မြန်မာ့ဆေး

Be the first to comment

Leave a Reply

Your email address will not be published.


*