မျက်နှာပေါ် က တင်းတိပ်တွေ ကို ဂျင်းနဲ့ အဲ့ဒီ ပစ္စည်းလေးတွေ ရော လိမ်းပြီး ဖယ်ရှား လိုက်ကြရအောင်

နှစ်ဆယ်ကျော် ငါးနှစ် ပတ်လည် တင့်တင့်တို့ အရွယ်မှာ မျက်နှာလေး က ဖွေးနု သန့်ရှင်းချစ်စရာ ကောင်းနေတာ မှန် ပေ မယ့် အသက် သုံးဆယ်ကို ကျော် သွား ရင် မျက်နှာ ပေါ်မှာ အစက်အ ပြောက်တွေ ၊ တင်းတိပ်တွေ တဖြည်းဖြည်း ချင်း ပေါ် လာလို့ စိတ်ပျက် လက်ပျက် ဖြစ် ရ တတ် ပါ တယ် ။

ဒါပေမယ့် အခု တင်ပြ ပေးမယ့် နည်းလမ်းလေး က မျက်နှာပေါ်က အစက် အပျောက် များနှင့် တင်းတိပ် များကို ယူပစ် သလို ကင်းစင် သွား ပြီး အသက် နှစ်ဆယ် အရွယ်တုန်း က လို အသားအရေမျိုး ပြန် ရ မယ် ဆို ရင် ပရိသတ်ကြီး မလိုချင် ဘူး လား ။ လုပ်ရ တာ လည်း မခက်ခဲ သလို အကုန်အကျလည်း မများ ပါ ဘူး နော် ။ကဲ ဘယ်လို လုပ်ရမလဲ ကြည့် လိုက် ရ အောင် ။

လိုအပ်တဲ့ပစ္စည်းဂျင်း၊ ရှာလကာရည် အဖြူ နှင့် ပျားရည်ပြုလုပ်နည်း ၁ ။ ဂျင်းကို ရေ စင်စင် ဆေးပြီး အပြားကလေးများ လှီး ပေး ထား ပါ /၂ ။ ထို့နောက် ဂျင်းကို ပုလင်းလေးထဲ ထည့် ပြီး ရှာလကာရည် လောင်း ထည့် ပေး လိုက် ပါ။ ရှာလကာရည်က ဂျင်းကို မကျော် စေ ရ ပါ /၃ ။ ထို့နောက် ပုလင်း ကို လေလုံအောင် ဖုံး ထား ပြီး ရေခဲသေတ္တာ ထဲ တွင် တစ်ရက်သိမ်း ထား ပါ

၄ ။ နောက် တစ်ရက် တွင် ဂျင်း စိမ် ထား သော ဂျင်းနှင့် ရှာလကာရည်ကို လို သလောက် ပန်းကန်လုံးလေးအတွင်း ထည့် ပါ /ပျားရည် သင့်ရုံ ထည့် ပြီး သေချာ မွှေ ထား ပြီး နာရီဝက် ခန့် ထား လိုက် ပါ /၅ ။ ထို့နောက် အဆိုပါ ဖျော်ရည် ကို မျက်နှာ အနှံ့ သုတ်လိမ်း ပေး ပြီး စက်ဝိုင်းပုံ အတိုင်း မျက်နှာ အတွင်း စိမ့်ဝင် သွား သည် အထိ ခပ် ဖွ ဖွလေး နှိပ်နယ် ပေး ပါ ။
မျက်နှာ အတွင်း စိမ့်ဝင် သွားပြီ ဆို ပါ က ရေနွေးနွေးလေး သုံး ပြီး မျက်နှာ သစ် ပေးလိုက် ပါ ။

မျက်နှာပေါ်က အစက် အ ပြောက်နှင့် တင်း တိပ် များ ပါး သွား ပြီး အသားအ ရေ ကြည် လင် ဝင်းပ လာတာကို တွေ့ ရ မှာ ဖြစ် ပါ တယ် ။တင်းတိပ် အရမ်း များ ပါ က တစ်ပတ် တစ်ကြိမ် ပုံမှန် လုပ်ပေး ခြင်း ဖြင့် တဖြည်းဖြည်းလှပ လာ မှာ ကို သင် ကိုယ်တိုင် ခံစား ရမှာ ဖြစ် ပါ တယ် ။Source : Thi Ha

Be the first to comment

Leave a Reply

Your email address will not be published.


*