သွေးတိုးရှိသူများ သိထားသင့်တဲ့ နှစ်မိနစ်အတွင်းသွေးတိုးကျစေမယ့်နည်း

သွေးတိုးတာဟာ ဘယ်သူမှမခံစားချင်တဲ့ ကျန်းမာရေးပြဿနာဖြစ်ပြီး အသက်ကြီးငယ်မရွေးဖြစ်တတ်တာမျိုးပါ..။

သွေးတိုးရောဂါဟာ လုံးဝအရှင်းပျောက်အောင် ကုသဖို့နည်းလမ်းမရှိသေးတဲ့ရောဂါမျိုးဖြစ်ပြီး အမြဲလိုလိုသတိထားပြီး ကျန်းမာရေးကိုဂရုစိုက်နေဖို့လိုပါတယ်..။

ဒါကြောင့် သွေးတိုးရောဂါနဲ့ပတ်သက်လို့ သိထားသင့်တာလေးတွေနဲ့ အချိန်တိုအတွင်း သက်သာအောင်လုပ်နိုင်မယ့် နည်းလမ်းလေးကိုဖော်ပြပေးချင်ပါတယ်..။

သွေးတိုးရောဂါလက္ခဏာများ..၊

ခေါင်းကိုက်ခြင်း..၊

သွေးတိုးရောဂါရှိတဲ့သူတွေဟာ မကြာခဏခေါင်းကိုက်တတ်တဲ့အကျင့်မျိုးမရှိဘဲ သွေးတိုးလာတော့မှသာ ရုတ်တရက်ခေါင်းတွေတအားထိုးကိုက်တတ်တာမျိုးပါ..။

ဒါကြောင့် သင့်အနေနဲ့ ခေါင်းကိုက်လေ့မရှိဘဲ နေရင်းက ရုတ်တရက်ခေါင်းတွေထိုးကိုက်လာတာမျိုး၊ နှာခေါင်းသွေးလျှံတာမျိုးတွေဖြစ်လာရင်တော့ သွေးတိုးရှိမရှိစစ်ကြည့်ဖို့လိုနေပါပြီ..။

မျက်လုံးထဲမှာ သွေးကြောပြတ်ရာလေးတွေတွေ့ရခြင်း၊ ရုတ်တရက်အမြင်တွေဝေဝါးခြင်း..၊

သွေးဖိအားရုတ်တရက်များလာခြင်းဟာ မြင်လွှာမှာရှိတဲ့သွေးကြောလေးတွေကို ပျက်စီးသွားစေနိုင်ပြီး မျက်လုံးရဲ့ဆုံချက်ကိုကမောက်ကမဖြစ်သွားစေနိုင်တာကြောင့် ရုတ်တရက်အမြင်အာရုံဝေဝါးသွားတာမျိုးဖြစ်စေနိုင်ပါတယ်..။

ဒါကြောင့် မျက်လုံးမှာ သွေးကြောပြတ်ရာလေးတွေဖြစ်ပြီး အမြင်အာရုံတွေဝေဝါးနေရင် သွေးတိုးရောဂါရှိမရှိ အမြန်ဆုံးစစ်ဆေးကြည့်ပါ..။

လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ နှလုံးအရမ်းခုန်ခြင်း..၊

လမ်းမြန်မြန်လျှောက်တာမျိုး၊ ပြေးတာမျိုးနဲ့ ပြင်းထန်တဲ့လှုပ်ရှားမှုတွေလုပ်ပြီးတဲ့အချိန်တွေမှာ နှလုံးအရမ်းခုန်ပြီး နားထဲမှာပါ တဒုန်းဒုန်းဖြစ်နေတာမျိုးဆိုရင်တော့ သွေးတိုးရောဂါအခံရှိတာကြောင့်ဖြစ်နိုင်တာကြောင့် ချက်ချင်းစစ်ဆေးကြည့်ဖို့လိုနေပါပြီ..။

နောက်ဆက်တွဲဆိုးကျိုးများ..၊

သွေးတိုးရှိနေတာကို ဂရုမစိုက်ဘဲ၊ အနေအထိုင်မဆင်ခြင်ဘဲ နေလိုက်မယ်ဆိုရင် လေဖြတ်ခြင်း၊ နှလုံးရပ်ခြင်း၊ စိတ်ကစဥ့်ကလျားဖြစ်ခြင်း စတာတွေဖြစ်လာနိုင်တာကြောင့် သွေးတိုးရောဂါရှိနေရင် အစားအသောက်၊ အနေအထိုင်ဆင်ခြင်ဖို့လိုပါတယ်..။

အချိန်တိုအတွင်းသက်သာအောင်လုပ်နည်း..၊

ရုတ်တရက်သွေးတိုးလာတဲ့အချိန် ချက်ချင်းသွေးတိုးကျဖို့ ခြေမ နဲ့ ခြေညှိုးကြားနေရာနဲ့တည့်တည့် တစ်လက်မလောက်အကွာမှာ ဘောပင်ထိပ်လေးနဲ့ ဖိပြီးထောက်ထားပေးလိုက်မယ်ဆိုရင် နှစ်မိနစ်လောက်ကြာရင် သွေးတိုးကျသွားပါလိမ့်မယ်..။

ရုတ်တရက်သွေးတိုးလာပြီး ဆေးသောက်ဖို့လည်းမရှိနေတဲ့အခါမျိုးမှာ ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်တတ်ကြပါတယ်။ အဲ့လိုအခြေအနေမျိုးမှာ ဘောပင်တစ်ချောင်းကိုယူလိုက်ပြီး လက်ခလယ်ထိပ်မှာတစ်မိနစ်လောက်ဖိထောက်ထားပေးလိုက်ပါ..။

ဘယ်လက်နဲ့ညာလက်တလှည့်စီလုပ်ပေးလိုက်ရုံနဲ့ သွေးတိုးချက်ချင်းကျသွားပါလိမ့်မယ်။ ဒီနည်းလမ်းက လွယ်ကူပြီး ဘေးထွက်ဆိုးကျိုးမရှိလို့ ရုတ်တရက်သွေးတိုးလာရင် စိတ်ချလက်ချလုပ်ပေးနိုင်ပါတယ်..။

ဒါပေမယ့် ဒါက ရုတ်တရက်ဖြေရှင်းနည်းတစ်မျိုးပဲဖြစ်တာကြောင့် ရေရှည်အတွက်တော့ ဆရာဝန်ညွှန်ကြားချက်အတိုင်းလိုက်နာပေးဖို့လိုပါတယ်..။

Be the first to comment

Leave a Reply

Your email address will not be published.


*