ကျန်းမာရေးအတွက် “ဒိန်ချဉ်” ရဲ့ အသုံးဝင်ပုံများ

မည်သည့်နို့တိုက်သတ္တဝါရဲ့ နို့ကိုမဆို အချဉ်ဖောက်ထားတာကို ဒိန်ချဉ်လို့ ခေါ်ပါတယ်။ များသောအားဖြင့် နွားနို့ကို အချဉ်ဖောက်ပြီး ရလာတဲ့ ဒိန်ချဉ်ကို စားသုံးကြတာ များပါတယ်။ တကယ်တော့ ဒိန်ချဉ်ဟာ နို့ကို အချဉ်ဖောက်ထားတာ ဖြစ်ပါတယ်။ ဒိန်ချဉ်အစ ဘူလ်ဂေးရီးယားနိုင်ငံ (Bulgaria) ကဖြစ်ပါပြီး ယနေ့ကာလများမှာတော့ ဒိန်ချဉ် မစားသုံး တဲ့ နိုင်ငံရယ် လို့ ကမ္ဘာမှာ မရှိသလောက် ခေတ်စားတဲ့ အစားအသောက် ဖြစ်လာပါပြီ။

ဒိန်ချဉ်ရဲ့ ချဉ်ရခြင်းအကြောင်းအရင်းက နို့ထဲမှာပါတဲ့ Lactose လို့ခေါ်တဲ့ သကြားဓါတ်ကို လက်တိုဘက်စီလပ် (Lactose bacillus) လို့ခေါ်တဲ့ ဘက်တီးရီးယားကနေ ထုတ်လိုက်တဲ့ လက်တိုအင်ဇိုင်း (Lactose enzyme) တွေကနေ လက်တစ်အက်စစ် (Lactic Acid) အဖြစ်ပြောင်းလိုက်လို့ ချဉ်သွား တာ ဖြစ်ပါတယ်။ အက်စီတစ်အက်စစ်၊ အက်စီတိုင်ဒီဟိုက်ဒြိုတ် နဲ့ ဒိုင်အက်စီတိုင် တွေလည်း ထုတ်ပေးတဲ့ အတွက် ချဉ်သွားရတာဖြစ်ပါတယ်။ ချဉ်ဖန်နှုန်း (pH) အားဖြင့် (၄)လောက်ပဲ ရှိပါတယ်။ ဒါတွေ အားလုံးဟာ ကျန်းမာရေးကို အထောက်အကူပြု တဲ့ပစ္စည်းတွေဖြစ်လို့ စားသုံးလို့ရတာ ဖြစ်ပါတယ်။ လက်တို ဘက်စီးလပ်ဟာ လူကိုအကျိုးပြုတဲ့ ဘက်တီးရီးယားတွေဖြစ်ပါတယ်။

လက်တို ဘက်စီးလပ် လိုမျိုး သက်ရှိပိုးမွှားတွေဟာ ခန္ဓာကိုယ်အတွက် အကျိုးပြုဘက်တီးရီးယား တွေဖြစ်ပြီး အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အပြင် ခန္ဓာကိုယ်ကျန်းမာရေးအတွက်ပါ ကောင်းမွန်ပါတယ်။

ဝမ်းဗိုက်အဆီကျခြင်း

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ သူတို့ရဲ့ကိုယ်ဝန်အစောပိုင်းကာလ(ပထမသုံးလပတ်)အတွင်း Probiotics တွေစသောက်ထားပါက ကလေးမွေးပြီး တစ်နှစ်အကြာမှာ ဝမ်းဗိုက်မှာ အဆီတွေစုနိုင်ခြေ နည်းတယ်လို့ Finland မှ လေ့လာမှုအရ သိရပါတယ်။ Probiotics အားဖြည့်ဆေးတွေဟာ အစာမှရရှိတဲ့ကယ်လိုရီကို စုပ်ယူမှုနည်းတာကြောင့် အဆီအနေနဲ့ စုမဝေးနိုင်ဘူး လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒီအကျိုးကျေးဇူးကိုရရှိဖို့ ကိုယ်ဝန်ဆောင်ဖို့ မလိုအပ်ပါဘူး။ သာမန်လူတွေလည်း ရရှိနိုင်ပါတယ်။

အစာခြေစနစ်ပိုကောင်းခြင်း

Probiotic အားဖြည့်ဆေးတွေဟာ ဗိုက်ပွတာ၊ လေထိုးတာတွေကိုသက်သာနိုင်တယ်လို့ပြင်သစ်မှလေ့လာမှုအသစ်တွေအရ သိရပါတယ်။ အချဉ်ဖောက်ထားတဲ့ နို့ကိုနေ့စဉ် သောက်သူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ နှစ်ပတ်အကြာမှာ ပိုပြီးအစာခြေနိုင်ကာ လေပွတာနဲ့ ဗိုက်ပွတာသက်သာနိုင်ကြောင်း လေ့လာမှုအသိရပါတယ်။

‘ဒိန်ချဉ်က သက်သတ်လွတ် စားသူများအတွက် ပရိုတင်းများများ စားစားပါတဲ့ အစာတစ်ခုဖြစ်တယ်။ ကယ်လ်ဆီယမ် ကြွယ်ဝစွာ ပါရှိတာကြောင့် ကြီးထွားဖွံ့ဖြိုးဆဲ ကလေး များနှင့် အစားအစာထဲမှာ နောက်ထပ် ကယ်လ်ဆီယမ် လိုအပ်သူများအတွက် ကောင်းပါတယ်။

ဘက်တီးရီးယား ကောင်များပါတဲ့ ဒိန်ချဉ်က အစာအိမ်အတွက် ကောင်းပါတယ်။ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းကို ကူညီဖြေရှင်းပေးပြီး ဝမ်းပျက်ခြင်းကို ထိန်းချုပ်ရာမှာ ဒိန်ချဉ်က အသုံး ဝင်ကြောင်းပြသထား တာရှိပါတယ်။ ဒါ့အပြင် အရိုးပါး (အရိုးပွ) ရောဂါ မဖြစ်ရအောင်နှင့် သွေးပေါင်ချိန် တည်ငြိမ်အောင် ထိန်းပေးရာမှာ ဒိန်ချဉ်က အထောက် အကူ ရကြောင်း သိရပါတယ်။ ဆာလောင်ခြင်းကို လည်း ပြေစေပါတယ်။

ဒိန်ချဉ် ကို ဝမ်းထဲ မှာ အစာ မရှိရင် မစားသင့်ဘူး လို့ ဆေးပညာရှင် များက မှာကြားထား ပါ တယ်။နွားနို့ ကို အချဉ်ဖောက် ထားတဲ့ ဒိန်ချဉ် မှာ lactic အက်ဆစ်တွေ ပြည့်နေ ပါတယ်။ ဝမ်း ထဲမှာ အစာ မရှိတဲ့ အခါ အစာအိမ် မှာလည်း အက်ဆစ်တွေ က အလဟသ ဖြစ်နေပါတယ်။ ဒါကြောင့် ဒိန်ချဉ် ကို အစာ မရှိပဲ သောက်တဲ့ အခါ ဝင်လာတဲ့ Lactic အက်ဆစ် ဟာ ဝမ်းထဲ မှာရှိနေ တဲ့ အစာချေ အက်ဆစ် နဲ့ ဓာတ်ပြု ပြီး အဆိုးဆုံး အခြေအနေ ကတော့ အူ အတက်ပေါက်ခြင်း၊ အစာအိမ် အချဉ်ပေါက်ခြင်း တို့ အထိ ကျန်းမာရေး ဆိုးကျိုး ရှိစေနိုင် ပါတယ်။

ဒါကြောင့် ဒိန်ချဉ်ကို ဝမ်းထဲ မှာ အစာမရှိပဲ မသောက်သုံးမိဖို့ သတိပေးထားကြောင်း သိရ ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*