မိန်းကလေးတွေ အမှန်တကယ်လိုချင်တဲ့ စိတ်ကူးထဲက ချစ်သူပုံစံ(၇)မျိုး

မိန်းကလေးတွေက သူတို့ချစ်သူဖြစ်လာမယ့်သူဟာ ဘယ်လိုလူမျိုးဖြစ်ရမယ်၊ ဘယ်လိုအရည်အချင်းမျိုးရှိရမယ် စသဖြင့် စိတ်ကူးထားတတ်ကြပါတယ်။ လက်တွေ့မှာ ဖြစ်နိုင်တာ၊မဖြစ်နိုင်တာထက် စိတ်ထဲမှာ လိုချင်တဲ့သူမျိုးပေါ့။ ကဲ ..မိန်းကလေးတွေ လိုချင်တတ်တဲ့ချစ်သူပုံစံလေးတွေက ဘယ်လိုတွေများဖြစ်မလဲဆိုတာ ဖတ်ကြည့်လိုက်ရအောင်။

(၁) ဘယ်တော့မှမပြောင်းလဲသွားမယ့်သူမျိုး


မိန်းကလေးတွေက ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်ပြီး အဲ့ဒီအချစ်တွေ ဘယ်တော့မှပြောင်းလဲမသွားမယ့်သူမျိုး၊ သူ ငါ့ကို ချစ်သေးရဲ့လားလို့ စိတ်ပူစရာမလိုမယ့်သူမျိုး၊ ကိုယ့်အပေါ်မပြောင်းလဲဘူးလို့ လုံးဝစိတ်ချရတဲ့သူမျိုးကို လိုချင်ကြတယ်။

(၂) လူဝင်ဆံ့ပြီးမျက်နှာပွင့်တဲ့သူမျိုး

ပေါင်းသင်းဆက်ဆံရေးကောင်းပြီး လူတကာအလယ် မျက်နှာပွင့်တဲ့၊ လူဝင်ဆံ့တဲ့ချစ်သူမျိုးကိုလည်း လိုချင်ကြပါတယ်။

(၃) ဖြစ်ချင်တာတွေမှန်သမျှဖြည့်ဆည်းပေးမယ့်သူ

အချိန်တိုင်းကိုယ့်အတွက်ဆို အမြဲအဆင်သင့်ဖြစ်နေပြီး ကိုယ်လိုချင်တာတွေဖြည့်ဆည်းပေးမယ့်သူ၊ ကိုယ့်ကိုမျက်နှာအညိုမခံတဲ့သူ၊ ကိုယ့်အတွက် အရာအားလုံးပေးနိုင်မယ့်သူမျိုးလည်း လိုချင်တဲ့အထဲပါပါတယ်။

(၄) ပြဿနာတွေများတဲ့သူ


ဒီတစ်မျိုးကတော့ နည်းနည်းထူးဆန်းနေမယ်ထင်ပါတယ်။ ပြဿနာများတဲ့သူမျိုးကို ချစ်သူအဖြစ်ရွေးချယ်ရင် စိတ်ညစ်ရမှာပေါ့လို့ တွေးနေပါလိမ့်မယ်။ ဒါပေမယ့် မိန်းကလေးတွေရဲ့ စိတ်သဘာဝက အားပေးဖေးမချင်တဲ့၊ ကိုယ့်ဘေးကလူကို အဆင်ပြေအောင်ထိန်းပေးချင်တဲ့၊ အချစ်ဆိုတာထက် မေတ္တာကိုပေးချင်တဲ့စိတ်မျိုးရှိတတ်ကြတာကြောင့် ပြဿနာများလွန်းတဲ့သူမျိုးကိုလည်း ချစ်သူအဖြစ်ရွေးဖို့စဉ်းစားတတ်ကြပါတယ်။

(၅) ကိုယ့်ကိုပဲအမြဲဦးစားပေးမယ့်သူ

 

ဘယ်အရာနဲ့ပဲယှဉ်လာယှဉ်လာ ကိုယ့်ကိုပဲ ဦးစားပေးတဲ့သူ၊ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ့်ကိုသာဦးစားပေးမယ့်သူမျိုးရရင် ကောင်းမယ်လို့လည်း စဉ်းစားတတ်ကြပါသေးတယ်။

(၆) အမြဲတမ်းစိတ်ချမ်းသာစေမယ့်သူ

ကိုယ့်ကိုဘယ်တော့မှစိတ်ဆင်းရဲအောင်မလုပ်ဘူး၊ ကိုယ်စိတ်ဓာတ်ကျနေရင်အားပေးမယ်၊ ကိုယ်ပျော်နေရင်လိုက်ပျော်မယ်၊ ကိုယ့်ကိုစိတ်ပူအောင်မလုပ်ဘူး၊ လူတွေအားကျလောက်အောင် ရိုမပြပေမယ့် အမြဲတမ်းစိတ်ချမ်းသာအောင်တော့ထားတယ်ဆိုတဲ့သူမျိုးပေါ့။

(၇) လက်ရှိမပြေလည်မှုတွေကိုမေ့ပျောက်စေတဲ့သူ

ကိုယ့်ရဲ့နေ့စဉ်ဘဝမပြေလည်မှု၊အခက်အခဲတွေကိုမေ့ပျောက်စေပြီး ကိုယ့်ကိုပျော်ရွှင်စေတဲ့သူမျိုး၊ စိတ်ညစ်စရာအခြေအနေတစ်ခုကနေ လွတ်မြောက်စေတဲ့သူမျိုး၊ ကိုယ့်ရဲ့မပြေလည်မှုတွေကို ဖြေရှင်းပေးမယ့်သူမျိုးကိုလည်း လိုချင်တာပါပဲ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*