
အချစ်ရေးတစ်ခုမှာ လုံးဝလုံးဝ ထုတ်မပြောသင့်တဲ့ အကြောင်းလေးတွေရှိပါတယ်။ သင်က စိတ်သန့်သန့်နဲ့ အမှုမဲ့ အမှတ်မဲ့ ပြောလိုက်တယ်ဆိုရင်တောင် ရလဒ်က သင်လက်မခံနိုင်တာတွေ ဖြစ်လာပါလိမ့်မယ်။ ခုဖော်ပြပေးမယ့် အရာလေးတွေက အနီရောင်အဆင့် အန္တရာယ် အရှိဆုံးစကားတွေဖြစ်ပါတယ်။
(၁) ရည်းစားဟောင်းအကြောင်း
သင့်ချစ်သူက သင့်ရဲ့ရည်းစားဟောင်းအကြောင်းမေးရင် လုံးဝမပြောပါနဲ့။ မပြောလို့ မကောင်းရင်လည်း သူ့ကို လုံးဝမချစ်ဖူးတဲ့ပုံစံ၊ စိတ်ထဲလုံးဝမရှိတော့တဲ့ပုံစံနဲ့ တိုတိုပြတ်ပြတ်ပဲပြောပါ။ သင့်ဘက်ကစပြီးလည်း ယောင်လို့တောင် သင့်ရည်းစားဟောင်း အကြောင်းမပြောမိပါစေနဲ့။ သူက ရပါတယ် ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ပြောသာပြော ခွင့်လွှတ်တယ် တွေဘာတွေ ပြောလည်း လုံးဝ လုံးဝ မပြောလိုက်ပါနဲ့။ အရေးကြီးတယ်နော်။
(၂) အမေတော်တော်ကြောက်တဲ့လူ
သင့်ချစ်သူက အမေကို အရမ်းချစ်၊ အရမ်းဦးစားပေးတဲ့သူလား။ တစ်ခါတလေ သင်စိတ်ညစ်ရတယ် ဆိုပေမယ့်လည်း စိတ်ထဲမှာပဲထားပါ။ နင့်အမေကလည်း ဘယ်လိုကြီးလဲ တို့၊ နင့်အမေကိုရွေးမလား ငါ့ကိုရွေးမလား တို့ လုံးဝမပြောပါနဲ့။ သင့်ကို အရမ်းစိတ်ပျက်သွားပါလိမ့်မယ်။ တကယ်ဆိုရင် သူ့အမေဟာ သူ့ရဲ့ အချစ်ဦးပါ။ သင့်ရဲ့ ပြိုင်ဖက်တစ်ယောက် မဟုတ်ပါဘူး။ သူ့အမေကို ထိပါးတဲ့စကားတွေ ပြောမယ့်အစား သူနဲ့ သေသေချာချာ ညှိနှိုင်းပြီး နားလည်မှုယူတာ ပိုပြီးဖြစ်သင့်ပါတယ်။
(၃) ဘာအဖြစ်မှမရှိဘူး
သင့်ချစ်သူဟာ ယောကျ်ားတစ်ယောက်ဆိုတာ မမေ့ပါနဲ့။ ယောကျ်ားတစ်ယောက်ရဲ့ ဘဝမှာ သူတို့တန်ဖိုးအထားဆုံးနဲ့ အထိမခံဆုံးက သူတို့ရဲ့မာနပါပဲ။ ဒါကြောင့် သူတို့ရဲ့ မာနကို ထိခိုက်စေမယ့် စကားမျိုး ဘယ်တော့မှ မပြောပါနဲ့။ အကြောင်းအမျိုးမျိုးကြောင့် သူမအောင်မြင်သေးတာ၊ မဖြစ်မြောက်သေးတာပါ။ သူဘာမှမဖြစ်ချင်သလိုနေတိုင်း အဖြစ်မရှိဘူးလို့မထင်ပါနဲ့။ သူလုပ်နေတာတွေ သူအသိဆုံးပါ။
(၄) နင်ကပျင်းဖို့ကောင်းတယ်
သင့်ချစ်သူက စာဂျမ်းပိုးဖြစ်ရင်ဖြစ်မယ်။ အနေအေးတဲ့သူဖြစ်ရင်ဖြစ်မယ်။ ဒါကိုသင်နားလည်ပေးဖို့လိုသလို သင်လိုချင်တဲ့ အခြေအနေမျိုးကို သင်ကိုယ်တိုင် ဖန်တီးရပါမယ်။ ဒီလိုမဟုတ်ပဲ သူ့ကို ပျင်းစရာကောင်းတယ် လို့ သွားပြောလိုက်ရင် သူ့ကိုစိတ်ထိခိုက်စေပါတယ်။ သူ့ကိုယ်သူ ယုံကြည်မှုကိုလည်း ထိခိုက်စေတာကြောင့် အဲလိုစကားမျိုးကို လုံးဝမပြောသင့်ပါဘူး။
(၅) နင့်ထက်ငါသိတယ်
သင့်ချစ်သူက သင့်ကို အကြံပေးတဲ့အခါဖြစ်ဖြစ်၊ သူ့ရဲ့ အမြင်တွေကို ပြောပြတဲ့အခါဖြစ်ဖြစ် စေတနာနဲ့ပါ။ သင်ဟာ သင့်ချစ်သူထက် ရာထူးမြင့်ကောင်းမြင့်မယ်၊ ပညာတတ်ကောင်းတတ်မယ်။ ဒါပေ့မယ့် နင့်ထက်ငါတော်တယ်၊တတ်တယ် ဆိုတဲ့ ပုံစံမျိုးနဲ့ စကားမပြောပါနဲ့။ ယောကျ်ားလေးတွေရဲ့ ပင်ကိုယ်ဗီဇကိုက လေးစားခံချင်တာ၊ အရာရောက်ချင်တာ ဖြစ်တာကြောင့် သူ့ရဲ့စေတနာနဲ့ ဖြစ်တည်မှုကို သင်အလေးထားသင့်ပါတယ်။
Leave a Reply