၁ပတ် ၁ကြိမ်သောက် အသည်း နှင့်ကျောက်ကပ် ကို သန့်စင်ပေးသောDETOX WATER ပြုလုပ်နည်း

၁ပတ်၁ကြိမ်သောက် အသည်း နှင့်ကျောက်ကပ်ကို သန့်စင်ပေးသောDetox Waterပြုလုပ်နည်း အခုတလော နိုင်ငံတကာ ကျန်းမာရေးစာမျက်နှာများမှာ အလွန်ခေတ်စားနေတဲ့ Detox Water အကြောင်းကို မျှဝေပေးချင်ပါတယ်။

Detox Water ဆိုတာ သစ်သီးများ ကို ရေဖြင့် စိမ်ထားတဲ့ သစ်သီးစိမ်ရေကို ဆိုလိုတာ ဖြစ်ပါတယ်။သစ်သီးစိမ်ရေကို သောက်ခြင်းအားဖြင့် လူတို့နေ့စဉ် စားသောက်ထားတဲ့ အစားအစာများကို စစ်ထုတ်ပေးနေတဲ့ အသည်းနှင့် ကျောက်ကပ်တို့မှ အဆိပ်အတောက်များကိုသန့်စင်ရှင်းလင်းပေးပြီး အသည်းနှင့်ကျောက်ကပ် ကို ရောဂါကင်းစင်စေကာ သန်မာလာစေ တယ်လို့ ဆိုပါတယ်။

Detox Water ပြုလုပ်နည်း များထဲမှ နည်းလမ်းအချို့ ကို ကိုယ်တိုင် အလွယ်တကူ ပြုလုပ်၍ သောက်သုံးနိုင်ရန် မျှဝေပေး လိုက်ပါတယ်။အသီးစိမ်ထား တဲ့ရေ ကို ထမင်းစားပြီးလျှင် သောက်ကြည့်ပါ

(၁) Cucumber Lemon Mint Detox Waterပုံထဲမှာပါသည့် အတိုင်း ဖန်ခွက်၊ ရေခရား၊ အဝကျယ်ပုလင်းပု တစ်ခုခုထဲကို သောက်ရေထည့်ပါ။ပြီးလျှင် သခွါးသီးကွင်း၊ သံပယိုသီးကွင်းနှင့် ပူစီနံရွက်တို့ကို ရေနှင့်ချိန်ဆ၍ အနေတော်ထည့်ပြီး (၅)နာရီခန့် ရေခဲသေတ္ထာထဲ ထည့်ထားပြီး သောက်ပါ။(၂) Apple Cinnamon Detox Water ပန်းသီးစိတ်နှင့် သစ်ဂျပိုးမှုန့် အနည်းငယ် ကို သောက်ရေထဲ ထည့်စိမ်ပြီး သောက်ပါ။

(၃) Apple Cider Vinegar Detox Water ACV လို့ခေါ်တဲ့ ပန်းသီးအရည်ကို သောက်ရေခွက်ထဲ အနည်းငယ် ထည့်စိမ်၍ သောက်ပါ။(Apple Cider Vinegar ကို ကုန်တိုက်များမှာ ဝယယြူနိုငပြါတယြ)

(၄) Strawberry Detox Waterစတော်ဘယ်ရီသီးလေးများကို သောက်ရေထဲ ထည့်စိမ်၍ သောက်ပါ။

(၅) Simple Detox Waterသံပုရာသီး၊ သံပုယိုသီး၊ ရှောက်သီး တစ်မျိုးမျီုးကို သောက်ရေထဲသို့ တစ်စိပ်လောက် ညှစ်ထဲ့၍ သောက်ပါ။

(၆) Weight Loss Detox Water Grapefruit သီး၊ မန်ကျည်းသီးမှည့်၊ သခွားသီးတို့ကို အနည်းစီ ထည့်စိမ်၍ သောက်ပါ။ ဝိတ်ကိုလည်း ကျစေပါတယ်။

(၇) Fruits Detox Water ဒီနည်းကတော့ အကောင်းဆုံးနဲ့ အရသာ အရှိဆုံး ဖြစ်ပါတယ်။ သခွါးသီး၊ ပန်းသီး၊ သံပုယိုသီး၊ ဘယ်ရီသီး၊ ပူစီနံရွက် စသည်တို့ကို လတ်လတ်ဆတ်ဆတ် စုံနိုင်သလောက် စုံအောင်ထည့်စိမ်ပြီး သောက်ပါ။

ဒီနည်းတွေ ထဲမှ မိမိနှင့်အဆင်ပြေနိုင်မည့် နည်းတစ်ခုခု ကို ရွေးချယ်၍ လုပ်နိုင် ပါသည်။ အနည်းဆုံး ၆ နာရီမှ ၁၀ ခန့်အထိ စိမ်ထားပြီးလျှင် စတင်သောက်သုံးနိုင်ပါပြီ။ရေနည်းသွားလျှင် ပြန်ဖြည့်ထားနိုင်ပါသည်။ စိမ်ထားသည့် ရေများကို ၂ရက်(၄၈) နာရီအတွင်း ကုန်အောင် သောက်နိုင် လျှင် ပိုကောင်းပါသည်။

ဒီထက် ပိုကြာသွားလျှင် မလတ် ဆတ်တော့ပါဘူး။ပိုမိုထိရောက်စေလိုလျှင် အလုပ်နားသည့်ရက်မှာ ထမင်းဟင်းများကို လုံးဝမစားပဲ Detox Water ကိုသာ တစ်နေ့လုံး သောက်ပေးပါ။စိမ်ထားသော အသီးအနှံနှင့် အခြားဖျော်ရည်များကိုလည်း သောက်ပေးနိုင်ပါသည်။

ဝမြးတှငြးမှ ကလီစာများကို အနားပေးပြီး ဆေးကျောသန့်စင် သည့် သဘောဖြင့် တစ်ပတ်ကို အနည်းဆုံး တစ်ရက်ခန့် ပြုလုပ်ပေးပါကသင်သည် အသည်းနှင့် ကျောက်ကပ်ရောဂါဖြစ်မှာကို လုံးဝပူပန်စရာမလိုသည့် လူသားတစ်ဦး ဖြစ်လာမှာ အမှန်ပါပဲ။

လူတို့၏ ကျန်းမာရေးကို ဒုက္ခပေးနေသော သကြားနှင့်ဂတ်စ်တို့ဖြင့် ထုတ်လုပ်ထားသည့် အချိုရည်အမျိုးမျိုးကို သောက်သုံးမည့်အစားသန့်ရှင်းလတ်ဆတ်သော ကိုယ်တိုင်လုပ် သစ်သီးစိတ်ရည်ကို သောက်သုံးဖြင့် သင့်ကျန်းမာရေးကို ဒီနေ့ကစပြီး ဂရုစိုက်ပေးလိုက်ပါမိတ်ဆွေ။ခရက်ဒစ်

Be the first to comment

Leave a Reply

Your email address will not be published.


*