ဗိုင်းရပ်စ်နဲ့ အခြားသောပိုးမွှားများကို အပြတ်ရှင်းလင်းသုတ်သင်ပေးမယ့် နည်းလမ်း (၄)မျိုး

အိမ်ထဲမှာရောဂါပိုးမွှားတွေနဲ့ ဗိုင်းရပ်စ်တွေရှိနေရင် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေအများကြီး ဖြစ်ပေါ်စေတယ်ဆိုတာ အားလုံးလည်း အသိပါပဲ။ ဒါကြောင့် မိမိတို့နေထိုင်ရာ အိမ်ကို အနည်းဆုံး တစ်လကိုတစ်ကြိမ်လောက်တော့ ပိုးသတ်ဆေးဖြန်းပေးတာ၊ ပိုးသတ်ပေးတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ ခုဖော်ပြပေးမှာကတော့ ဗိုင်းရပ်စ်အပါအဝင် အခြားသောပိုးမွှားများကို အပြတ်ရှင်းလင်းသုတ်သင်ပေးမယ့် အိမ်ရှင်းနည်းလေးတွေပဲဖြစ်ပါတယ်။

(၁) ဆပ်ပြာနဲ့ရေ

ဆပ်ပြာနဲ့ရေဟာ အရမ်းကိုလွယ်ကူပြီး လူတိုင်းလုပ်နိုင်မယ့် နည်းလမ်းလေးတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် ဆပ်ပြာနဲ့ လက်ကို နှံ့စပ်အောင်ပွတ်တိုက်ဆေးကြောပေးပြီး ရေနဲ့ပြန်လည်လောင်းချပေးခြင်းဖြင့် ဗိုင်းရပ်စ်နဲ့ ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

(၂) အစွန်းချွတ်ဆေး

အစွန်းချွတ်ဆေးမှာပါဝင်တဲ့ sodium hypochlorite ဟာ ဗိုင်းရပ်စ်တွေကို သေစေနိုင်တဲ့ အထိရောက်ဆုံး ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ချွတ်ဆေးကိုဗူးမှာပါတဲ့အညွှန်းအတိုင်း ရောစပ်ပြီး လိုအပ်တဲ့နေရာကို ဖြန်းလိုက်ပါ။ ၁၅မိနစ်ခန့်ထားပြီးမှ သန့်စင်တဲ့အဝတ်နဲ့ သုတ်ပေးလိုက်ခြင်းဖြင့် ဗိုင်းရပ်စ်တွေကို သေစေနိုင်ပါတယ်။

(၃) အရက်ပြန်

အရက်ပြန်ဟာ alcohol ethanol နဲ့ပြုလုပ်တာဖြစ်ပါတယ်။ Ethanol ဟာဆိုရင် ဗိုင်းရပ်စ်တွေကို စက္ကန့် ၃၀ အတွင်းသေစေနိုင်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့နေရာတွေကို အရက်ပြန်လောင်းထားတဲ့ အဝတ်သို့မဟုတ် ဂွမ်းနဲ့ လိုက်သုတ်ပေးခြင်းဖြင့် ဗိုင်းရပ်စ်နဲ့ ပိုးမွှားတွေကို သေစေနိုင်ပါတယ်။

(၄) ရေမလိုလက်သန့်ဆေးရည်များ

ရေမလိုလက်သန့်ဆေးရည်တွေဟာ အရက်ပြန်လိုပဲ ethanol ပါဝင်တာကြောင့် ပိုးမွှားနဲ့ ဗိုင်းရပ်စ်တွေကို သေစေနိုင်ပါတယ်။ အရက် ၇၀% အထက်ပါဝင်တဲ့ Hand gel မျိုးတော့ဖြစ်ဖို့လိုပါတယ်။ ဒီ့ထက်ပါဝင်မှုနည်းရင် ဗိုင်းရပ်စ်တွေကို ထိရောက်စွာမနှိမ်နင်းနိုင်ပါဘူး။

 

Be the first to comment

Leave a Reply

Your email address will not be published.


*